အပိုင်း (၁၁၇) ပြဿနာမရှာနဲ့

1K 132 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၁၇) ပြဿနာမရှာနဲ့

“...”

သူမ၏အသံသည် ချိုသာပြီး သူ့နှလုံးသားထဲတွင် ကြည်လင်သည့် စမ်းချောင်းလေးတစ်ခု စီးဆင်းသွားသည့်နှယ်။

သူ့အား အေးမြကာ  အသည်းတယားယားခံစားချက်ကို ပေးနေတော့သည်။

သူမ၏အသက်ရှူသံတို့ နီးကပ်လာသည်နှင့်အမျှ....

မုရွှမ်ချင်၏လည်ချောင်းသည် ထိန်းမရတော့အောင် လိမ့်တက်သွားလေသည်။ သူမသည် သူ့အား တွေ့လိုက်သည့်အချိန်တိုင်း သူ့ကို စားချင်သလို ဖြစ်နေသည့် အကြောင်းအရင်းကို အခုတော့ သူနားလည်သွားတော့သည်။ အကြောင်းမှာ သည်အခိုက်တွင် သူမသည် သူ့ခန္ဓာကိုယ်ထဲက နှစ်ရှည်လများ ပျောက်ကွယ်နေသည့် သားရိုင်းသဘာဝကို လှုပ်နိုးလိုက်သည့်နှယ် သူ့သွေးများသည် ဆူပွက်လာသလို ဖြစ်သွားသောကြောင့်ပင်။

ကံအားလျော်စွာ သူ့တွင် ဆင်ခြင်ဉာဏ်က ရှိနေသေးသည်။ တက္ကသိုလ်ဝင်ပေါက်နားက လူများ ဝင်ထွက်သွားလာနေကြသည်ကို ကြည့်လိုက်ပြီး သူမ၏လက်ကို ဖမ်းဆုပ်လိုက်ကာ

“ ပြဿနာမရှာနဲ့၊ ကားထဲအရင်ဝင် ပြီးမှ ငါတို့... တစ်နေရာရာမှာ သွားပြောကြမယ်”

“အွန်း”

သူမ မျက်ခုံးတစ်ဖက်ပင့်ပြလိုက်ပြီး “ နည်းနည်းပိုပြီး သီးသန့်ဆန်တဲ့ နေရာတစ်ခုကို ရှာကြမယ်”

“...”

မုရွှမ်ချင်သည် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ချောင်းအသာဟန့်လိုက်ရာ သီးမလိုပင် ဖြစ်သွားတော့သည်။

သူ့ အလွန်စိတ်လှုပ်ရှားသွားသည့်ပုံက ဒရိုင်ဘာထိုင်ခုံတွင် ထိုင်နေသည့် ချန်ရန်၏ မျက်လုံးထဲတွင် သွားပေါ်နေတော့သည်။ မိန်းကလေးကုကတော့ မိန်းကလေးကုပါပဲ။ တစ်ယောက်ယောက်က ဆရာရဲ့ နက်တိုင်ကို ဆွဲရဲတာ အခုမှ ပထမဆုံးတွေ့ဖူးတာပဲ။ ဆရာ့ကို ရိုးရိုးလေးဆွဲချပြီး သူမကို နံရံနား ကပ်သွားအောင် လုပ်လိုက်တဲ့ပုံက.... ကျွတ် ကျွတ်... မိန်ကလေးကုက အရမ်းတက်ကြွတာပဲ။ သူ ကြိုက်သွားပြီ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now