အပိုင်း (၁၂၉) ဆရာ အဲလိုလုပ်ခဲ့တဲ့သူက ဆရာ့တူမပါ
“မိန်းကလေးမုအိုက်က မကြာခင် တွမ့်ရှင်းယွမ်နဲ့ စေ့စပ်တော့မှာ၊ ပြီးတော့ သူက အစက မစ္စတာပိုင်ရှို့ချီကို သူ့ဆရာအဖြစ် သတ်မှတ်ချင်ခဲ့တာလေ၊ နောက်ပြီး မစ္စတာပိုင်ရဲ့ သဘောထားကလည်း ပြီးတဲ့ နှစ်နှစ်အတွင်းမှာ အတိုင်းအတာတစ်ခုအထိ ပျော့ပြောင်းလာခဲ့တယ် ဒါပေမဲ့ အဲနောက်ပိုင်းမှာ မိန်းကလေးကု ပေါ်လာတော့...”
ချန်ရန်က ဆက်မပြောတော့ချေ။ အကြောင်းမှာ ကျန်သည့်ကိစ္စကို ဆရာကို သိပြီးဖြစ်လေသည်။
မုရွှမ်ချင်၏မျက်နှာထားသည် အတွေးနစ်သွားတော့သည်။
ယောကျာ်းတစ်ယောက်အတွက်နဲ့၊ နဂိုရည်ရွယ်ထားသလို ဆရာတစ်ယောက်နဲ့ သင်ကြားဖို့ အခွင့်အရေးမတော့တာနဲ့ သူ့ရဲ့အရည်အချင်း မပြည့်တာကြောင့်ကို သူက တခြားလူဆီက လိုက်လုနေတာလား။ တခြားလူကို ဖျက်ဆီးပြီး ဒုတိယအခွင့်အရေးရဖို့ ကြိုးစားရလောက်အောင် ရက်စက်သတဲ့လား။
မုမိသားစုရဲ့ နောက်မျိုးဆက်က ဘယ်တုန်းက ဒီလောက်ဆိုးရွားသွားတာလဲ။
မုရွှမ်ချင်သည် မုမိသားစု၏အရေးကိစ္စကို ဂရုမစိုက်ပေ။ သို့သော် သူနှင့် အဆက်အသွယ်ကြောင့် မုမိသားစုက သည်နှစ်များတွင် အကျိုးအမြတ်များစွာရခဲ့သည်ကိုလည်း သိထားလေသည်။ မုမိသားစု ပြဿနာကြုံလာရတိုင်း သူ့လက်အောက်ငယ်သားများကို လွှတ်ကာ ချက်ချင်း ဖြေရှင်းခိုင်းခဲ့သည်။ ဒါသည်လည်း မုမိသားစု ချောချောမောမော တိုးတက်လာရသည့် အကြောင်းအရင်းဖြစ်လေသည်။
သို့သော် သူတို့၏ဆက်ဆံရေးကြောင့် မုမိသားစုဝင်များအားလုံးကို အလိုလိုက်လိမ့်မည်ဟု မဆိုလိုချေ။
မုရွှမ်ချင်က ဒေါသထွက်လိမ့်မည်ကို ချန်ရန် သိသော်လည်း ဆရာ ဆက်လုပ်မည့်အရာကိုတော့ သူသေချာမသိပေ။ နောက်ဆုံး သည်နှစ်များတွင် မုရွှမ်လင်သည် မုမိသားစုကို အလွန်ကောင်းအောင် စီမံလာခဲ့ပြီး မိသားစုထဲမှ လူငယ်အများစုကလည်း အလွန်တော်ကာ နိမ့်နိမ့်ချချဖြင့် အေးအေးချမ်းချမ်း နေကြလေသည်။ ထို့ကြောင့် သည်လိုကိစ္စမျိုးဖြစ်လာမည်ကို စိုးရိမ်စရာမလိုခဲ့ချေ။ မျှော်လင့်မထားဘဲ မုအိုက်လို လူတစ်ယောက်က ထွက်ပေါ်လာလေသည်။
YOU ARE READING
အကြီးဆုံးမမလေးက မူမမှန်
Fantasyလူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တ...