အပိုင်း (၁၇၁) ပူးပေါင်းဆောင်ရွက်ခြင်း

500 68 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၇၁) ပူးပေါင်းဆောင်ရွက်ခြင်း

သို့သော် ကုချင်းယွီက ဖေးဖေးစတူဒီယိုက  anime ရုပ်ရှင်အတွက် မဟုတ်ဘဲ live actionရုပ်ရှင်များအတွက်သာ လုပ်ပေးနိုင်မည်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။

ကျွမ်းစစ်ရိက သဘောတူလိုက်ပြီး လင်းရီanimationနှင့် ဖေးဖေးစတူဒီယိုက သူတို့ ပိုတိုးတက်လာနိုင်ရန် anime  ရုပ်ရှင်လောကတွင် ယာယီဦးဆောင်မည့်နေရာကို ရယူထားနိုင်မည်ဟု မျှော်လင့်ထားလေသည်။

ကုချင်းယွီကလည်း ထိုနည်းတူ တွေးမိလေသည်။ နောက်ဆုံး သည်ကိစ္စမျိုးက ရှားပါးလေ၏။ လင်းရီanimationနှင့် ဖေးဖေးစတူဒီယိုတို့ ထုတ်လုပ်ခဲ့သည် [နဂါးစိမ်းလေး]နှင့် [ကြယ်တာရာ]တို့သည် ရုပ်ရှင်များထက် အရည်အသွေး သာလွန်သောကြောင့် နာမည်ကြီးခဲ့သည်။ သို့သော် သည်လိုအရည်အသွေးကောင်းကို မည်သူမဆို ပိုင်ဆိုင်လာလျှင် သူတို့၏အဆင့်အတန်းနှင့် လွှမ်းမိုးနိုင်စွမ်းတို့ကို လာသက်ရောက်နိုင်စေပြီး သူတို့၏ နောက်ထုတ်မည့်ရုပ်ရှင်များကလည်း အရင်နှစ်ခုလောက် ကောင်းတော့မည်မဟုတ်ချေ။

“ငါတို့တွေ ကောင်းတာလေးတွေကို မိသားစုထဲမှာပဲ သိမ်းထားသင့်တယ်လေ၊ ဒီတော့ ငါတို့ရဲ့လက်တွဲမှုကို ဒီထက်နည်းနည်းလေး ပိုနက်ရှိုင်းအောင် လုပ်မယ်ဆိုရင်ဘယ်လိုသဘောရလဲ”

ကျွမ်းစစ်ရိသည် ရွှန်းရွှန်းစားစားမျက်လုံးများဖြင့် ကုချင်းယွီကို ကြည့်လိုက်၏။ သို့သော် သူက သည်လိုကြည့်နေသည်မှာလည်း ယောက်ျား၊ မိန်းမကြားက ခံစားချက်ကြောင့်မဟုတ်ဘဲ အလုပ်ကြောင့်သာ ဖြစ်မှန်း သူတို့နှစ်ဦးလုံးသိလေသည်။

“ ကောင်းပြီလေ”

ကျွမ်းစစ်ရိရဲ့ ကုမ္ပဏီကို ကာဗာယူထားလိုက်ရင် ငါလေး တစ်ယောက်ထဲ လုပ်နေတဲ့ ဖေးဖေးစတူဒီယိုကလည်း အလွယ်တကူ ပေါ်သွားတော့မှာ မဟုတ်သလို ငါလေးရဲ့ ရည်ရွယ်ချက်ကလည်း အရမ်းကြီး မသိသာနေတော့ဘူးပေါ့။ ဖေးဖေးစတူဒီယိုက အင်အား အရမ်းနည်းတာမလို့ ကောင်းကောင်း ရှင်သန်နိုင်ဖို့ဆိုရင် ကျွမ်းစစ်ရိလို နောက်ခံတစ်ခုရှိတဲ့ လူတစ်ယောက်ကို လိုအပ်တယ်လေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now