အပိုင်း (၈၅) သူမ၏ကမ္ဘာ

1.2K 147 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၈၅) သူမ၏ကမ္ဘာ

ဆီဆေးပန်းချီခန်းမထဲ ဝင်လာသည်နှင့် မုရွှမ်ချင်သည် ကုချင်းယွီ၏ပန်းချီကားကို တစ်ချက် ဝေ့ကြည့်ရုံဖြင့် တွေ့သွားတော့သည်။

သူသည် သူမ၏ပန်းချီကားကို အရင်ကတစ်ခါမှ မမြင်ဖူးခဲ့သော်လည်း သူသည် တစ်ချက်အကြည့်တွင် မှတ်မိနေ၏။

အကြောင်းမှာ တခြားပန်းချီကားများနှင့် ယှဥ်လျှင် ဒီတစ်ခုသည် အလွန်ဆွဲဆောင်မှု ရှိနေသောကြောင့်ပင်။

သူမအသုံးပြုထားသည့်အရောင်များသည် အတောက်ပဆုံးအရောင် မဟုတ်သော်လည်း သူမ ချပြထားသည့် ကျယ်ပြန့်လှသည့်ခံစားချက်က တစ်စုံတစ်ယောက်ကို ကြယ်စုံသည့် ညကောင်းကင်အောက်၊ တောင်ကုံးတစ်ခုပေါ်တွင် ရပ်နေရသလို  စကြဝဠာထဲ ရောက်သွားသည့်နှယ် ခံစားရစေတော့သည်။

ကမ္ဘာကြီးတစ်ခုလုံးသည် အင်မတန်သေးငယ်သွားသည့်နှယ်။ ဘဝအမောများအားလုံးသည် လျစ်လျူရှုထားလို့ရနိုင်သည့် အသေးအမွှားလေးများ ဖြစ်သွာသည့်နှယ်။ လူတို့၏စိတ်ကို ခဏတာ ငြိမ်းအေးသွားစေတော့သည်။

သည်ပန်းချီကားကို ကြည့်လိုက်ခြင်းဖြင့် ကုချင်းယွီ၏စိတ်တို့သည် အလွန်ကျယ်ပြီး၊ သူမ၏အမြင်အာရုံမှာ ကြီးကျယ်ကာ သူမ၏ကမ္ဘာသည် မည်မျှကျယ်ပြန့်မည်ဖြစ်ကြောင်း မုရွှမ်ချင် ခံစားနိုင်လေသည်။

လူတစ်ယောက်ကို ကမ္ဘာကြီးတစ်ခုလုံးမှ ကင်းကွာသွားအောင် လုပ်နိုင်လေသည်။

သူသည် အတွေးနစ်နေစဥ် သူ့စိတ်ထဲတွင် သည်းမခံနိုင်စရာ ခံစားချက်တစ်ခုက တိုးထွက်လာတော့သည်။

အကြောင်းမှာ သူမ၏မသေချာ မရေရာမှုကို ခံစားလိုက်ရပြီး ဒီကမ္ဘာပေါ်တွင် ဘယ်အရာကမှ သူမအတွက် အရေးမပါသလို၊ သူမ၏နှလုံးသားထဲက တစ်နေရာကိုပင် မပိုင်ဆိုင်ထားသည့်သူအပါအဝင် အရာအားလုံးကို အချိန်မရွေး စွန့်ခွာသွားနိုင်သယောင် ခံစားလိုက်ရတော့သည်။

သည်ခံစားချက်သည် ဒေါသမီးများ တောက်လောက်နေသည့် သူ့မျက်လုံးများကို အခိုက်တန့် ဗလာအတိ ဖြစ်သွားစေပြီးနောက် တစ်ဖန်အေးစက်သွားတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now