အပိုင်း (၅၃) ထပ်တွေ့ပြန်ပြီနော်

1.7K 228 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၅၃) ထပ်တွေ့ပြန်ပြီနော်

ကုချင်းယွီသည် တွမ့်အိမ်တော်မှ ထွက်လာပြီး သူမရှေ့က တံခါးဝကို ကြည့်ရင်း သူမ၏နှုတ်ခမ်းထောင့်များသည် မဲ့သွားလေသည်။

“ ဘယ်လိုလူလဲဟဲ့...ငါ့ကို ဖိတ်ပြီးရင်လည်း ပြန်တော့ ပို့ပေးသင့်တာပေါ့...”

ဒီကနေ ခြံဝအထိရောက်ဖို့က အနည်းဆုံး ဆယ်မိနစ်လောက် လမ်းလျှောက်ရမှာမလား။

ထို့အပြင် တွမ့်မိသားစုပတ်ဝန်းကျင်သည် မူလက တောင်ထူထပ်သည့် နေရာတစ်ခုဖြစ်ရာ အပင်များဖြင့် ဝိုင်းထားလေသည်။ သည်ကာလတွင် ဂင်းကိုးရွက်တွေလှလှလေးများကလည်း လမ်းဘေးတွင် ပြန့်ကျဲနေ၏။  သည်နေရာရှိလမ်းသည် အတက်အဆင်းလမ်းဖြစ်သော်လည်း သည်နေရာတွင် နေကြသူတိုင်းတွင် ကားရှိကြရာ သွားရေးလာရေး ပြဿနာမရှိပေ။

ဒါပေမဲ့ Sမြို့က ငါလေးကို အဘိုးတွမ့်က ဖိတ်ထားပြီးတော့ ကားလည်းမရှိ၊ ငါလေးကို ပို့ပေးခဲ့တဲ့ ကားကလည်း ငါလေးကို ပြန်ပို့ပေးဖို့စိတ်ကူးမရှဘဲ ဒီအတိုင်း ပျောက်သွားလေရဲ့။

“...”

ကုချင်းယွီသည် စိတ်ထဲတွင် ညည်းညူလိုက်လေသည်။

သူတို့ရဲ့စေ့စပ်ပွဲသာ မပျက်ခဲ့ရင် ငါလေးကို ခြေကျင် ပြန်လွှတ်ရက်မှာမဟုတ်ဘူး။

မိုးဖွဲလေးများ ကျနေလေသည်။

ကုချင်းယွီသည် တုန်ယင်နေ၏။ သူမ Sမြို့ကထွက်လာစဥ်ကာ ကုဝမ်ချန်သည် သူမကို လေဆိပ်သို့ တိုက်ရိုက်ပို့ပေးခဲ့ပြီး တွမ့်မိသားစုမှ လူကြီးများကို ပေးရန် သူမအတွက် ပြင်ပေးခဲသည် လက်ဆောင်များအပြင် သူမဝတ်စားထားသည့် အဝတ်အစား ဖိနပ်အားလုံးကလည်း သူ ဝယ်ပေးခဲ့တာဖြစ်ပြီး အမျိုးသမီးတို့ ကျော့ရှင်းကာ စိတ်သဘောထားကောင်းသည့် ပုံစံနှင့် တစ်ထပ်တည်း ဖြစ်လေသည်။ သူမသည် ထိုအဝတ်အစားများနှင့် အလွန်သက်သောင့်သက်သာရှိကာ လှပသည်ဟု ခံစားရသော်လည်း.....

အေးလိုက်တာဟယ်။

ပြီးတော့ ဒီသုံးလက်မဒေါက်ကလည်း လုံးဝအဆင်ပြေမနေဘူး။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now