အပိုင်း (၂၅) တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ ငြင်းပါ

2.1K 239 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၂၅) တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ ငြင်းပါ

မစ္စကု၏မျက်နှာသည် ရုတ်တရက် ဖြူဆုတ်သွားတော့သည်။

“ ဝမ်ချန် ရှင် အဲလိုလုပ်လို့မဖြစ်ဘူးလေ....”

ကုဝမ်ချန်၏မျက်လုံးများသည် စူးရှနေသည်။

“ ဘာလို့လဲ၊ ချင်းယွီတော့ ရတယ် ချင်းချန်တော့ မရဘူးပေါ့လေ၊ မနေ့က မင်းတို့နှစ်ယောက်ပဲ ငါ့ကို တစ်ချိန်လုံးပြောခဲ့တာမလား၊ ချင်းယွီက အခုနာမည်ပျက်သွား အပြင်ကို လမ်းလျှောက်ထွက်ရင်တောင် ဆဲခံရလိမ့်မယ်၊ သူ့ကို နိုင်ငံခြားမှာ လက်ထပ်ပေးလိုက်ရင် ကောင်းကောင်းအနားယူနိုင်ပြီး ချန်အန်းကော်ကလည်း သူ့ကို အရမ်းချစ်မှာလို့ ငါ့ကို ပြောခဲ့တယ်လေ”

ကုချင်းယွီသည် ထိုစကားကို ကြားလိုက်ချိန်၌ မဲ့လိုက်ပြီး လက်ထဲတွင် အစားအသောက်ကိုင်ကာ မီးဖိုခန်းထဲမှ ထွက်လာ၏။

ဒီသားအမိနှစ်ယောက် တကယ်ပါပဲ...

အိပ်ရာပေါ်က စကားတွေမှန်း သိသာလိုက်တာ။

ဒါပေမဲ့ အဲဒီအိပ်ရာပေါ်က စကားအသုံးဝင်လာတယ်ဆိုတာကလည်း ကုဝမ်ချန်ကိုယ်တိုင် အဲလိုတွေးလို့ပေါ့၊ ဒါကြောင့် သူတို့ရဲ့စကားတွေက အထမြောက်သွားတာ။ သူ့မှာသာ ဒီလိုအတွေးမျိုး မရှိခဲ့ရင် တစ်နေ့ထဲနဲ့ ငါ့ကို နိုင်ငံခြားမှာ လက်ထပ်ပေးဖို့ဆုံးဖြတ်ပြီး ငါ့အတွက် သတို့သားလောင်း တစ်ယောက်ကိုတောင် ဆုံးဖြတ်ပေးနိုင်မှာလဲ။

ကုဝမ်ချန် ထည့်လိုက်တဲ့ နောက်ဆုံးကောက်ရိုးကြောင့်သာ မဟုတ်ရင် မူလခန္ဓာကိုယ်ပိုင်ရှင်လည်း အဆောက်အဦပေါ်က ခုန်ချမှာမဟုတ်ဘူး...

အခု ငါက မူလပိုင်ရှင်ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီးဆိုတော့ သူမရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရမှာ သဘာဝပဲလေ...

ကုဝမ်ချန်သည် ရက်စက်ပြီး ထိုရက်စက်မှုနှင့် စီးပွားရေးသမားတစ်ယောက်၏ အကျိုးအမြတ် ရှာတတ်သည့် ဗီဇတို့က သူ့ကို သည်အခြေအနေအထိ ရောက်အောင် လုပ်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် သူကိုယ်တိုင်ကလွဲလျှင် လူတိုင်းကို ကိရိယာတစ်ခုလို မသမာသည့်နည်းလမ်းဖြင့် အသုံးချနေသည်ကိုတော့ သူမ လုံးဝလက်မခံနိုင်ပေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now