အပိုင်း (၁၃၃) အကြီးက အငယ်ကို ဆုံးမနေတာ

741 94 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၃၃) အကြီးက အငယ်ကို ဆုံးမနေတာ

မုရွှမ်ချင်သည် မျက်ခုံးတစ်ဖက်ပင် မပင့်ချေ။

“ သူ အဲလိုလုပ်ရဲမှတော့ တန်ကြေးပြန်ပေးရမှာ သဘာဝပဲလေ၊ ဒါက သူ့အတွက် အလွတ်သင်ခန်းစာပဲ”

ချန်ရန် ထိုစကားကို ကြားလိုက်ချိန်၌ မရယ်ဘဲ မနေနိုင်တော့ချေ။

“ ဆရာ အလကား မဟုတ်ဘူးနော်၊ မိန်းကလေးကုက မိန်းကလေးမုအိုက် အဲဒီကောင်တွေကို လွှဲပေးထားတာ ငွေအားလုံးကို သူ့အကောင့်ထဲ လွှဲထည့်လိုက်ပြီးပြီ”

“ ဪ တစ်သက်တာသင်ရိုးအတွက် ယွမ်တစ်သောင်းလောက်လေးကို တန်ပါတယ်”

မုရွှမ်ချင် ဘာမှ မဖြစ်သလို ပြောလိုက်လေသည်။

“ ဆရာ မိန်းကလေးကု ဘယ်လိုများသိသွားတာလဲ၊ ဆရာမသိချင်ဘူးလား”

မုရွှမ်ချင် သိချင်ပါသည်။ သို့သော်...

သူ သိချင်လျှင်တောင် လက်ရှိအချိန်၌ သူတို့ အဖြေရှာနိုင်အုံးမည် မဟုတ်ချေ။

နောက်ဆုံး... သူမသည် ထူးခြားကာ ထူးထူးခြားခြားနည်းလမ်းများကို သုံးတတ်လေသည်။

“ အရေးမကြီးပါဘူး” မုရွှမ်ချင် ပြန်ဖြေလိုက်၏။

ကုချင်းယွီ၏ ထူးခြားမှုကို သူယုံကြည်ရသည့် ချန်ရန် ပင်ဖြစ်စေ မည်သူတစ်ဦးကိုမှ မသိစေချင်သဖြင့် အမှတ်တမဲ့ ဖုံးကွယ်ထားပေးချင်သွားတော့သည်။

ဖုန်းကိုင်လိုက်ချိန်၌ ကုချင်းယွီ၏ နူးညံ့ချိုသာသည့် အသံလေးကို ကြားလိုက်ရတော့သည်။

“ဆရာ မအိပ်သေးဘူးလား”

“ အင်း”

သူသည် ဖုန်းထဲတွင် စကားအလွန်နည်းသော်လည်း သူ့ဘေးက ချန်ရန်ကတော့ဖြင့် ထိုအေးစက်စက် ကျောက်တုံးက ချက်ချင်း အရည်ပျော်သွားသည်ကို မြင်နေရလေသည်။ မိန်းကလေးကုသည် ထိုစကားကို ကြားနိုင်လောက်မည်မထင်။ သို့သော် ဆရာက သူ့မိသားစုအပါအဝင် ဘယ်မိန်းမကိုမှ ဤသို့သော အမူအရာလေသံမျိုးဖြင့် မပြောခဲ့ဖူးကြောင်း ချန်ရန် ကောင်းကောင်းသိလေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now