အပိုင်း ( ၁၁၆) ဆရာရေ~ ရှင်က သိပ်လည်တာပဲနော်....

989 126 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၁၁၆) ဆရာရေ~ ရှင်က သိပ်လည်တာပဲနော်....

ကုချင်းယွီ သူမဂရုစိုက်သည်က....

“ ဆရာ~ စီနီယာအကို... ဒါက ရှင် ကျွန်မကိုပေးတဲ့ လက်ဆောင်ပေါ့နော်”

သူမ၏ စိတ်ပျက်နေသည့်အမူအရာသည် အလွန်မှ သိသာလေရာ မုရွှမ်ချင် မျက်ခုံးတစ်ဖက် မြင့်တက်သွားတော့သည်။

“ဘာလို့လဲ မင်း မကြိုက်လို့လား”

ဒါကို ဆွဲဖို့ သူ့မှာ နှစ်ရက်နဲ့ နှစ်ညလောက် အချိန်ပေးခဲ့ရတာလေ။ ပြီးတော့ သူမ ကိုင်ထားတဲ့ တစ်ခုက...

သူ ဆွဲခဲ့တဲ့ ပထမဆုံး ပန်းချီကားမဟုတ်ဘူး....

သူ ပန်းချီမဆွဲတာ ဆယ်နှစ်ကျော်သွားပြီလေ။ ဒီတော့ သူ့စကေးတွေလည်း နည်းနည်း သံချေးတက်နေသလို ဖြစ်နေတာပေါ့။ သူဆွဲခဲ့တဲ့ ပထမပန်းချီကားကို လုံးဝသဘောမကျလို့ နောက်တစ်ကား ထပ်ဆွဲခဲ့ရတာလေ။ ပထမတစ်ကားက.... သူမရဲ့ ပုံတူပန်းချီကားလေး။ သူတို့ ပထမဆုံးတွေ့တဲ့နေ့တုန်းက ခြေထောက်မှာ ဒဏ်ရာနဲ့ ပေါ်လာပြီး အဝတ်အစားတွေလည်း ရှုပ်ပွလို့ သူ့ကို အရသာရှိတဲ့ အစားအသောက်တစ်ခုလို ဝင်းလက်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေတာလေ။ ပြန်စဥ်းစားကြည့်လိုက်တော့ သူမကို စစချင်းတွေ့တုန်းက သူ့သဘောထားက သူမအပေါ် အရမ်းတင်းမာခဲ့တာပဲ။

သူ့ဦးနှောက်ထဲကို ရိုက်သွင်းထားသလို ပြောင်းလဲသွားတဲ့ သူမရဲ့ အမူအရာသေးသေးလေးကအစ မှတ်မိနေသေးတယ်။

ဒါပေမဲ့ ဆွဲပြီးသွားတဲ့ ပန်းချီကားကို မကျေနပ်ခဲ့ဘူး။ ဒါက အရမ်းအကြမ်းဖျဥ်းဆန်ပြီး....

သူမရဲ့ပုံတူပန်းချီကားကို သူမကို လက်ဆောင် ပြန်ပေးလို့ ဘယ်ဖြစ်မှာလဲ၊ မတော်လို့... သူမ အထင်လွဲသွားရင်ကော။

ဒါသည် လက်ဆောင်တစ်ခုအတွက် မဆုံးဖြတ်နိုင်ဖြစ်ရသည့် မုရွှမ်ချင်၏ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့ကို ဒုတိယပန်းချီကားတစ်ခု ထပ်လုပ်ရန် ဖြစ်လာစေတော့သည်....

သည်တစ်ကြိမ်တွင်တော့ ပန်းချီဆွဲနေရင်း ခံစားချက်က တဖြည်းဖြည်း ပြန်ဝင်လာ၏။ ပန်းချီကားမှာ လုံးဝအကြမ်းထည် မဟုတ်ပေ။ ထို့အပြင် ပန်းချီကားက သိပ်မပြည့်စုံသော်လည်း သူ တော်တော်ကျေနပ်မိလေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now