အပိုင်း (၁၀၇) ကုချင်းယွီကို မုန်းတယ်

1.1K 142 1
                                    

အပိုင်း (၁၀၇) ကုချင်းယွီကို မုန်းတယ်

ရှောက်ဇီဟန်က ပန်းချီပြပွဲအတွင်း သူမကို ဝန်ထမ်းများသာ သွားရသည့်လမ်းမှ ခေါ်သွားခဲ့သည့် ပုံများလည်း ပါလေသည်။ အခုလေးတင် ရှောက်ဇီဟန်က သူမကို ပစ္စည်းကူသယ်ပေးနေသည့် အပေါ်ထပ်က ရိုက်ထားသည့် ဓာတ်ပုံများပင် ပါသေးသည်။

ကုချင်းယွီက မော့ကြည့်လိုက်ရာ ဝရံတာပေါ်က ခေါင်းတချို့ ကျုံ့ဝင်သွားသည်ကို မြင်လိုက်ရတော့သည်။

လူသားတွေက တကယ့်ကို အတင်းဖျင်းဗီဇ ပါတဲ့ သတ္တဝါတွေပဲ ဟဲ့။

ယောက်ျားလေးများကို မိန်းကလေးအဆောင်တွင်းသို့ ဝင်ခွင့်မပြုထားသဖြင့် ရှောက်ဇီဟန်သည် လှေကားရှေ့တွင်သာ ကတ်ထူသေတ္တာကိုချလိုက်ပြီးနောက် သူမကို ကြည့်ကာ ပြောလိုက်လေသည်။

“ ငါ နင့်ကို ဒီကနေ စောင့်ကြည့်နေပေးမယ်၊ နင် ဖြည်းဖြည်းချင်း သယ်သွားလို့ရတာပေါ့”

“ ရပါတယ် ငါ အားလုံး သယ်နိုင်တယ်”

သူ ခုနတုန်းက အရမ်းမြန်မြန် မလှုပ်ရှားခဲ့ရင် ငါလဲ သူ့အကူအညီ လုံးဝ လိုခဲ့မှာ မဟုတ်ဘူးလေ။

ကုချင်းယွီသည် ကတ်ထူသေတ္တာများကို ချက်ချင်းမလိုက်ပြီး “ ရှောက်ဇီဟန် ကျေးဇူးနော်၊ နင် ပြန်လိုက်တော့လေ”

ရှောက်ဇီဟန်သည် သူမကို ပူလောင်ပြင်းပြပြီး စူးရှသည့် မျက်လုံးများဖြင့် သူမကို ကြည့်နေရာ ကုချင်းယွီ၏ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားတော့သည်။ ဒီရှောက်ဇီဟန်က တကယ်ပဲ ကုချင်းယွီကို ကြိုက်နေတာလားဟ။

မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါက မူလ ကုချင်းယွီမဟုတ်ဘူးလေ၊ ရှောက်ဇီဟန်ကို လုံးဝ စိတ်မဝင်စားဘူး။ ဒီကမ္ဘာမှာ ငါ စိတ်ဝင်စားတဲ့ တစ်ယောက်သောသူက မုရွှမ်ချင်ပဲ။

ဖိုရမ်ပေါ်က အကြောင်းအရာကို စဥ်းစားလိုက်ရင်း ကုချင်းယွီသည် ဆုံးဖြတ်ချက်တစ်ခု ကျိတ်ချလိုက်တော့သည်။ ငါ ရှောက်ဇီဟန်နဲ့ ခပ်ဝေးဝေးနေမှရမယ်။

သူမ၏အဆောင်သို့ ရောက်သည်နှင့်  သူမ၏အခန်းဖော်ထဲက တစ်ယောက်က သူမကို ဇဝေဇဝါအကြည့်ဖြင့် ငေးကြည့်နေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now