အပိုင်း ( ၈၄) သူမ ရှုံးနှင့်နေပြီ

1.4K 162 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၈၄) သူမ ရှုံးနှင့်နေပြီ

မုအိုက်သည် အောက်နှုတ်ခမ်းကို ကိုက်ထားရင်း ကုချင်းယွီ၏ပန်းချီကားကို စိုက်ကြည့်နေလေသည်....

သူမသည် ကုချင်းယွီကို မုန်းသော်လည်း သူမ၏ပန်းချီကားမှာ ပိုင်ရှို့ချီ အမြဲထုတ်ပြောတတ်သည့် သဘာဝစီးဆင်းမှုနှင့် အားကောင်းသည့် ခံစားချက်ထုတ်ဖော်မှု ပါနေပြီး လျစ်လျူရှုလို့ မရနိုင်အောင် လုပ်နေလေသည်...

တကယ်လို့များ မစ္စတာပိုင်က ကုချင်းယွီရဲ့ပန်းချီကားကို တွေ့သွားပြီး ကုချင်းယွီကို သူ့တပည့်အရင်းအဖြစ် ရွေးလိုက်ရင်  ဘယ်လိုလုပ်မလဲ။

သူမသည် ကုချင်းယွီ၏ပန်းချီကားကို ကြည့်ရင်း ထိုပြင်းပြသည့်အရောင်များက သူမကို အသက်ရှူကြပ်အောင် လုပ်နေသည့်နှယ် ခံစားလိုက်ရလေသည်။ အရောင်မှာအလွန်တောက်ပပြီး အလွန်မျက်စိပသာဒ ဖြစ်ရသည်...

ကုချင်းယွီ ကိုယ်တိုင်၏တည်ရှိမှုကပင် အနေရခက်နေစေတော့သည်။

သူမသည် အမှန်ပင်....

ဒါကို ဖျက်ဆီးပစ်ချင်တော့သည်။

သူ့ပိုင်ရှင်ကိုပါ ဖျက်ဆီးပစ်နိုင်လျှင် အကောင်းဆုံးပင်။

သူမ၏မျက်လုံးများသည် မီးတောက်ကဲ့သို့ တောက်လောင်နေသော်လည်း ပိုင်ရှို့ချီက သူ့ကျောင်းသားများအပေါ် ထားသည့် အထူးဂရုစိုက်မှုအကြောင်းကို စဥ်းစားလိုက်မိရာ သူမသည် ပင့်သက်ရှိုက်လိုက်ပြီး သူမ၏ဒေါသကို ဖိနှိပ်ထားလိုက်တော့သည်။

ဘာပဲဖြစ်ဖြစ်ပါလေ....

နောက်လဆိုရင် သူမက တွမ့်ရှင်းယွမ်ရဲ့ သတို့သမီးလောင်း ဖြစ်လာလိမ့်မယ်။  သူမ ဘွဲ့ရတာနဲ့ သူတို့တွေ လက်ထပ်ကြမယ်။ ကုချင်းယွီကတော့ အခုဆိုရင် မကောင်းသတင်းထဲ နစ်မြှုပ်နေတဲ့ မိန်းမတစ်ယောက်ထက် မပိုပါဘူး။ သူမရှုံးနှင့် နေပြီးသား။

မုအိုက်သည် အေးစက်စက်မျက်နှာထားဖြင့် ပြခန်းမှ ထွက်သွားလိုက်တော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now