အပိုင်း ( ၁၃၈) လက်တွဲလုပ်ဖို့ ကျွမ်းစစ်ရိကို လာရှာကြတယ်

778 91 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၁၃၈) လက်တွဲလုပ်ဖို့ ကျွမ်းစစ်ရိကို လာရှာကြတယ်

အနုပညာလောကမှ လူများသည် ကျွမ်းစစ်ရိကို အနုပညာလောကသို့ အပျော်သဘောဖြင့် ဝင်လာသည့် သခင်လေးဟူသည့် အမြင် ပြောင်းသွားကြတော့သည်။ သူ့အရည်အချင်းနှင့်ပတ်သက်သည့် အမြင်များလည်း ပြောင်းလဲသွားကြပြီး ကျွမ်းစစ်ရိအဖေနှင့်တွေ့လျှင် နောက်တစ်ကြိမ် ကျွမ်းစစ်ရိ၏ရုပ်ရှင်များတွင် သေချာပေါက် ရင်းနှီးမြှုပ်နှံကြမည်ဟုပင် ဟာသနှောကာ တချို့က ပြောကြလေသည်။

ကျွမ်းစစ်ရိ၏အဖေသည် အစက သူ့သားမှာ အလုပ်ကို သေသေချာချာလုပ်နေသည်ဟို မထင်ချေ။ သို့သော် ကုမ္ပဏီတွင် သူ့သားအကြီးဆုံးက ရှိနေပြီး ဖြစ်သဖြင့် ကျွမ်းမိသားစုကလည်း ငွေပြတ်လပ်နေသည် မဟုတ်ရာ စိတ်ရှုပ်မခံနေတော့ဘဲ သူ့အငယ်ဆုံးသား ကစားဖို့ ငွေတချို့ ထုတ်ပေးလိုက်ပေးခြင်းပင်။ မျှော်လင့်မထားဘဲ သူ့သားအငယ်ဆုံး၏ကစားကွင်းမှာ သူ့သူငယ်ချင်းများ နားထဲရောက်သည့်အထိ အမှန်တကယ် အောင်မြင်သည့် စီးပွားရေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အလွန်ကျေနပ်လွန်းသဖြင့် ကျွမ်းစစ်ရိ၏အဖေသည့် သူ့သားအငယ်ဆုံး၏အလုပ်ကို အရင်ကထပ် ပိုထောက်ပံ့လာတော့သည်။ နောက်ပိုင်းတွင် ကျွမ်းစစ်ရိသည် အလွန်စိတ်ချမ်းသာရပြီး သူ့ကို ကလေးလို သဘောထားပြီး အထင်မကြီးကြသည့် လူကြီးများရှေ့တွင် ခေါင်းမော့နိုင်ခဲ့ပြီးဟု ခံစားလိုက်ရတော့သည်။ သူသည် အောင်ပွဲပါတီတစ်ခုကိုပင် ကျင်းပကာ သူ့ကို ပန်းချီးဆွဲကာ အကူအညီ ပေးခဲ့သည့် ကုချင်းယွီကိုလည်း ဖိတ်ကြားခဲ့လေသည်။

ကုချင်းယွီသည် သူမအကျင့်ရဆိုလျှင် ဤသို့သော ပွဲမျိုးကို တက်လေ့မရှိချေ။ သို့သော် တခြားရည်ရွယ်ချက်များ ရှိနေသေးသဖြင့် ရောက်လာခဲ့လေသည်။

လက်တွဲလုပ်ဖို့ ကျွမ်းစစ်ရိကို ခေါ်ရမယ်လေ။

ငါလေး အခုလေးတင် သူ့ရုပ်ရှင် ကြည့်ပြီးခဲ့တာ။ အင်တာနက် သုံးတဲ့သူတွေကလည်း မှတ်ချက် ပေးထားတယ်၊ နိုင်ငံခြားanimeရုပ်ရှင်တွေထပ် မနိမ့်ဘူးတဲ့။ ပြီးတော့ ရုံတင်ဝင်ငွေကလည်း လုံးဝမနည်းဘူး။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now