အပိုင်း (၆၆) ဧကန္တ ကုချင်းယွီကို ကျိတ်ကြွေတာများလား

1.5K 191 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၆၆) ဧကန္တ ကုချင်းယွီကို ကျိတ်ကြွေတာများလား

“ငါတော့ ဒါကိုတကယ်လို့မထင်ဘူး၊ သူမ တမင်စားပြနေတာပဲ ဖြစ်ရမယ်၊ သိတယ်မလား၊ ယောက်ျားတွေ မိန်းမတစ်ယောက်က သူ့ပုံစံကို မထိန်းဘဲနဲ့ စားသောက်နေတာကို ကြည့်နေရတာ ကြိုက်ကြတယ်လေ... အကြံကြီးလိုက်တဲ့ဟာမ”

မိန်းကလေးများထဲကတစ်ယောက်သည် မှတ်ချက်ပေးလိုက်၏။

ကုချင်းယွီသည် ဘာတစ်ခုမှကို မလုပ်ခဲ့သော်လည်း တွမ့်ယွင်ယွင်နှင့် သူငယ်ချင်းတစ်ခုက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝေဖန်ပြီးဖြစ်နေသည်ကိုတော့ မသိခဲ့ချေ။ သည်မနက်က ချန်ရန် သူမအတွက် ပြင်ထားပေးသည့် ဖိနပ်များထဲက သူမသည် အရိုးရှင်းဆုံးတစ်ခုကို သက်သောင့်သက်သာဖြစ်တာကြောင့် သူမရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မနေ့ကစီးခဲ့သည့် ဒေါက်မြင့်ဖိနပ်သည် သူမကို ဒေါက်ဖိနပ်များ ထပ်မစီးရဲတော့အောင် ဖြစ်သွားစေခဲ့သည်။

ထိုအခိုက်တွင်ပင် တွမ့်ရှင်းယွမ် ရောက်လာတော့သည်။

တွမ့်ရှင်းယွမ်သည် တစ်ညလုံး စိုးရိမ်နေခဲ့ရလေသည်။ ကုချင်းယွီက Sမြို့သို့ ပြန်မလာခဲ့ဟု ကုဝမ်ချန်ပြောခဲ့သောကြောင့် သူသည် လေယာဥ်စာရင်း၊ အဝေးပြေးကားစာရင်းများကို လူလွှတ်ပြီး မေးခိုင်းခဲ့သော်လည်း ကုချင်းယွီထွက်သွားသည့် အရိပ်အယောင်တစ်ခုမှ မတွေ့ခဲ့ရချေ။ သူမသည် တော်ဝင်မြို့တော်တွင် ရှိနေသည့်သဘောပင်။

သို့သော်ငြား တွမ့်ရှင်းယွမ်သည် ဟိုတယ်များကို စစ်ကြည့်လိုက်သော်လည်း သူမ တည်းခိုနေသည့် အရိပ်အယောင် မတွေ့ ရပေ။

သူမ တစ်ခုခု ဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်။ သူမက တော်ဝင်မြို့တော်မှာ သူကလွဲရင် ဘယ်သူ့ကိုမှ သိတာမဟုတ်ဘူးလေ...

သူသည် ကုချင်းယွီ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေတော့သည်။ သူသည် သူမကို လုံခြုံရေးကင်မရာထဲတွင်လည်း ရှာမတွေ့ချေ။ ထို့အပြင် သူသည် သူမကို လက်မထပ်နိုင်လျှင်တောင် သူ့ကြောင့် သူမကို တစ်စုံတစ်ခု ဖြစ်သွားစေလိုစိတ်မရှိချေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now