အပိုင်း ( ၆၄) ငါသာဆိုရင် အိမ်ထဲကတောင် ထွက်လာရဲမှာ မဟုတ်ဘူး

1.6K 207 0
                                    

64
အပိုင်း ( ၆၄) ငါသာဆိုရင် အိမ်ထဲကတောင် ထွက်လာရဲမှာ မဟုတ်ဘူး

ဆွန်းချိုင်ယွိ၏အကြည့်သည် ထင်သလို တည်ငြိမ်ပုံမရသည့် သူမသူငယ်ချင်းများ၏ အာရုံကို ဆွဲဆောင်လိုက်လေသည်။ တွမ့်ယွင်ယွင်သည် ခနဲ့ကာ ပြောလိုက်လေသည်။

“ ယိုး အဲဒါ ဟိုဗီဒီယိုထဲက အဓိကဇာတ်ဆောင်မလား၊ သူမ ဒီအထိ ရောက်လာမယ်တောင် မထင်ထားဘူး၊ သူ့ဟာသူ မရှက်ဘူးလား”

“ ဟုတ်ပါ့၊ ဗီဒီယိုထဲကလူက သူ မဟုတ်ဘူးဆိုရငတောင် သူမနဲ့ တထေရာထဲ တူနေတာမလား၊ ငါ သာဆိုရင် အိမ်ပြင်တောင် ထွက်လာရဲမှာမဟုတ်ဘူး”

“ ဟုတ်တယ်၊ ဗီဒီယိုထဲကမိန်းမက သူမ ဖြစ်နေမလားတောင် မသိဘူး၊ ရှန်ချန်းက ရုပ်ချင်းတူတဲ့ မိန်းမနှစ်ယောက်ကို တွဲခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ဟွန်း”

သို့သော် ဆွန်းချိုင်ယွိသည် စိတ်အနည်းငယ်ရှုပ်နေရာ တစ်ခွန်းမှ မကြားလိုက်ချေေ။

ကုချင်းယွီက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ။ သူမရဲ့မိသားစုက Sမြို့မှာ မဟုတ်ဘူးလား။ ဒါမှမဟုတ် တွမ့်ရှင်းယွမ်က ခေါ်လာတာလား။ တလောတုန်းက တွမ့်ရှင်းယွီက အရမ်းကောင်းတဲ့ လက်စွပ်တစ်ကွင်း မှာပြီး လက်ထပ်ခွင့် ထပ်တောင်းမယ်လို့ ကြားထားတယ်...

ဧကန္တ သူ သူမကို ဒီခေါ်လာတာ အဘိုးတွမ့်နဲ့ တွေ့ပေးဖို့များလား။ အဘိုးတွမ့်ကရော သူတို့လက်ထပ်ပွဲကို သဘောတူလိုက်ပြီလား။

သူမ၏အတွေးများသည် ယောက်ယက်ခတ်နေရာ ထိုအခိုက်တွင် သူမအချစ်ဆုံးသူငယ်ချင်း၏ စကားများကိုပင် သေချာမကြားနိုင်တော့ချေ။ သူမအချစ်ဆုံးသူငယ်ချင်းက သူမကို ထိလိုက်မှ သတိပြန်ဝင်လာတော့သည်။

“ဟင်”

တွမ့်ယွင်ယွင်သည် မျက်မှောင်ကျုံ့လိုက်ပြီး

“ ချိုင်ယွီ ငါ့ကို ပြောစမ်း ဒီလိုနေရာမျိုးက... လူတိုင်းလာနိုင်တဲ့နေရာမဟုတ်ဘူးနော်.... ဒီနေရာက အဖွဲ့ဝင်စနစ်နဲ့ လည်ပတ်နေတာ၊ ဒီတော့ အဖွဲ့ဝင်မဟုတ်ရင် ဝင်လာလို့မရဘူး၊ ပြီးတော့ ကုချင်းယွီက Sမြို့က ချမ်းသာတဲ့သူဌေးငယ်လေးရဲ့ သမီးမလား၊ တစ်နိုင်ငံလုံးမှာ အဖွဲ့ဝင်ကတ်တွေက ရာချီလောက်ပဲ ရှိတာ သူမက ဘယ်လိုဖြစ်ပြီး အဖွဲ့ဝင်ကတ် ကိုင်တဲ့သူတစ်ယောက်ဖြစ်လာတာလဲ”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now