အပိုင်း (၉၃) ရှက်ဖို့ကောင်းလိုက်တာ

1.3K 175 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၉၃) ရှက်ဖို့ကောင်းလိုက်တာ

သို့သော် ဝန်ထမ်းက သူမကို ပြောလိုက်သည့်စကားကြောင့် အံ့ဩသွားရတော့သည်။

“ အားနာပါတယ် ၊ မိန်းကလေးမု ၊ ကုချင်းယွီရဲ့ပန်းချီက လေလံအောင်သွားပြီ၊ ပြီးတော့ တစ်ဖက်လူက ချက်ချင်းယူသွားတာ”

အနုပညာရှင်များကလည်း အသက်ရှင်နေနိုင်ထိုင်ရအုံးမည်ဖြစ်ရာ ပြိုင်ပွဲတွင် ဆုရသည့် ပန်းချီကားများကို ပြပွဲကာလအတွင်း လေလံ တင်ထားခြင်းဖြစ်လေသည်။ ရောင်းအားအကောင်းဆုံးမှာ ဆုရသူများထဲက ကုချင်းယွီ၏ ပန်းချီကားဖြစ်ပြီး ဂဏန်း ၆လုံး အမြင့်ဆုံး တန်ဖိုးလိုက်လေသည်။

သို့သော် အစောပိုင်းနှစ်များတွင်တော့ ဆီဆေးပန်းချီအုပ်စုတွင် အများဆုံး ဂဏန်း ၅လုံးသာ ရလေ့ရှိသည်။ နောက်ဆုံး ပြိုင်ပွဲဝင်များမှာ လူသစ်များ ဖြစ်ကြပြီး အတွေ့အကြုံရင့် ပန်းချီပညာရှင်များ မဟုတ်ကြချေ။

သို့သော် ကုချင်းယွီ၏ပန်းချီကားသည် အလွန်ဆွဲဆောင်မှုရှိပြီး လေလံဆွဲသူတော်တော်များက ယွမ် ၁၀၀,၀၀၀ ပေးကြပြီး ကုချင်းယွီ၏ပန်းချီကို လေလံအောင်သွားသူမှာ လူအများစုပေးသည့် ယွမ် ၁၀၀,၀၀၀ ထက်များစွာ ပိုပေးကာ ယွမ် ၉၉၀,၀၀၀ ဖြင့် လေလံဆွဲခဲ့လေသည်။

တစ်ဖက်လူသည် စျေးနှုန်းကို ဂဏန်း၇လုံးအထိ သိသိသာသာမပေးချင် သယောင် ထင်ရသော်လည်း သူမ၏ပန်းချီကားကို ရအောင်ယူသွားတော့သည်။

“ အဲဒါ ဘယ်သူလဲ”

မုအိုက်၏မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့သွားတော့သည်။ သူမ၏ပန်းချီကားသည့်လည်း ယွမ် ၁၅၀,၀၀၀ အမြင့်ဆုံးစျေးနှင့် လေလံရောင်းထွက်သွားပြီး ၎င်းမှာ တက်သစ်စ ပန်းချီပညာရှင်အတွက် အလွန်မြင့်သည့် စျေးနှုန်းတစ်ခု ဖြစ်သည်။ သူမသည် သည်တစ်ကြိမ်တွင် ပထမဆုသာ မရခဲ့လျှင် သူမ၏ပန်းချီကားသည် ယွမ်တစ်ထောင်နှင့် သောင်းဂဏန်းအနည်းငယ်ကြားတွင်သာ ရလိမ့်မည်။ သို့သော် သူမသည် စျေးကို လုံးဝ ဂရုမစိုက်ချေ။ နောက်ဆုံး သူမသည် ပန်းချီပညာကို သည်အတိုင်း သင်ယူခြင်းသာ ဖြစ်သည်။ သူမ၏မိသားစုက သူမကို ပို၍ သိက္ခာရှိရှိ ထင်ပေါ်စေချင်သဖြင့် အနုပညာတွင် စိတ်ဝင်စားလာအောင်သာ ပျိုးထောင်ခြင်း ဖြစ်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now