အပိုင်း (၁၃၄) သူမ,မပြစ်မားရဲတဲ့သူ

721 96 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၃၄) သူမ,မပြစ်မားရဲတဲ့သူ

မုမိသားစုတွင် ဆရာ့ဖုန်းနံပါတ်ရှိသည့် တစ်ဦးတည်းသောသူမှာ သူမ၏ဘကြီးဖြစ်ပြီး ကုချင်းယွီသည် Sမြို့က သူဌေးသမီးတစ်ယောက်သာ ဖြစ်လသည်။ သူမထံတွင် ဆရာ့ဖုန်းနံပါတ်ရှိနေပြီး အချိန်မရွေးဖုန်းခေါ်လို့ရပါမည်နည်း။

မုအိုက် ထိုအချင်းအရာကို မယုံကြည်ချင်ပေ။ သို့သော် ကုချင်းယွီအတွက်တော့ သူမယုံပေးစရာမလို။ အကြောင်းမှာ သူမ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရေးမကြီးမသောကြောင့်ပင်။ အရေးကြီးသည်က....

သူမ၏အစ်ကိုကြီး ခွင့်ပြုချက်ဖြင့် အခုတော့... သူမ လက်စားချေနိုင်တော့မည်။

သူမ ချိုသာစွာ ပြုံးလိုက်ပြီး ကမ္ဘာပေါ်က သတ္တုများနှင့် လုံးဝမတူသည့် သူမ၏ဂြိုဟ်ပေါ်က ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ဓားတိုလေးကို ထုတ်လိုက်တော့သည်။ တင်းကြပ်သည့်လုံခြုံရေး စစ်ဆေးမှုကို ဖြတ်ရန် ထိုဓားကို အရည်အသွေးနှင့် တခြားပုံစံများကို ပြောင်းလို့ရလေသည်။

သို့သော် အခုတော့ ထိုဓားကို တခြားအသွင်ပြောင်းရန်မလိုပေ။ ဓားပါးလေးတစ်ခု အသွင် ရှိနေပြီး သူ့တည်ရှိမှုကို မည်သူကမှ စုံစမ်းနိုင်မည်မဟုတ်ချေ။

ကုချင်းယွီ မုအိုက်ထံ တစ်လှမ်းချင်း လှမ်းသွားလိုက်ရာ မုအိုက်၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။ မျက်လုံးထဲတွင် အနက်ရောင်အလင်းတစ်ခုကို ဖျတ်ခနဲခံစားလိုက်ပြီးနောက် လုံးဝသတိမေ့သွားတော့သည်...

နောက်တစ်နေ့ သူမ နိုးထလာချိန်တွင်တော့ အကြီးအကျယ် ပျက်စီးသွားလေသည်။

ကုချင်းယွီက သူမ၏အရွတ်များကို အမှန်ပင် ဖြတ်ပစ်ခဲ့သည်။ သူမကို နာရီအနည်းငယ်ကြာမှ ဆရာဝန်ထံ ခေါ်သွားခဲ့ပြီး သူမ၏ဒဏ်ရာက အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည်အထိ မဟုတ်သော်လည်း အချိန်တစ်ခုကြာလျှင် သူမ၏လက်များသည် အရင်လို ဖြူဖွေးလှပပြီး အပြင်ကဘက်တွင် ဘာအမာရွတ်မှ မကျန်သည့်လက္ခဏာဖြစ်သော်လည်း အခြေအနေ မတူတော့မှန်း သိနေလေသည်။ သူမ၏လက်သည် အရင်လို ပျော့ပြောင်းနေတော့မည် မဟုတ်ပေ။ ပန်းချီဆွဲနိုင်သေးသည်ဆိုသော်လည်း အရင်ကလို ပြန်ဆွဲနိုင်တော့မည်ဟုတ်ပေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now