အပိုင်း (၆၂) ဆွန်းချိုင်ယွိ

1.6K 215 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၆၂) ဆွန်းချိုင်ယွိ

သူ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးတွေ အများကြီးပေးခဲ့တာတောင် သူမက တကယ်ပဲ ဒီလို အိပ်ချင်ခဲ့တာပေါ့လေ။

တစ်ဖက်တွင်တော့ တွမ့်ရှင်းယွမ်သည် မခံစားနိုင်လောက်အောင် ခေါင်းကိုက်နေတော့သည်။

သူသည် ကုချင်းယွီနှင့် စေ့စပ်ပွဲဖျက်သိမ်းလိုက်ဖို့ အဘိုးနှင့် အပေးအယူ လုပ်ခဲ့ပြီးဖြစ်သော်လည်း သူသည် သူမကို ဂရုစိုက်မိနေသည်။ သူတို့၏တွမ့်မိသားစုသို့ သူမကို ဖိတ်ခဲ့သော်လည်း  သူမကို တစ်ယောက်ထဲ ထွက်သွားခွင့်ပြုကာ အဝေးကြီး လမ်းလျှောက်ခိုင်းခဲ့မိသည်ကို တွေးမိလိုက်ပြီး...

စိတ်မသက်မသာ ဖြစ်သွားတော့သည်။

ဖုန်းချလိုက်ပြီးနောက် ကုဝမ်ချန်သည် ကုချင်းယွီကို ဖုန်းခေါ်လိုက်လေသည်။ သို့သော် သူမ၏ဖုန်းက ပိတ်ထားသည်ဟုသာ ပြောနေ၏။ သူသည် ဖုန်းကို ဒေါသတကြီး ဘုန်းခနဲ ပစ်ထုတ်လိုက်လေသည်။

သည်အချိန်တွင် ကုချင်းယွီသည် မုရွှမ်ချင်၏အိပ်ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေနှင့်တော့သည်။

သူမသည် ဆရာ့လူဖြစ်လာပြီ ဆိုသော်ငြား သူသည် အလွန်လျှို့ဝှက်ဆန်းကြယ်ကာ အလွန်အလုပ်များလေသည်။ နောက်တစ်နေ့ ကုချင်းယွီက နိုးလာချိန်၌ သူ့ကို ဘယ်နေရာမှာမှ မမြင်ရတော့ချေ။

သို့သော် ချန်ရန်သည် ရှိနေပြီး သူမ အောက်ထပ်သို့ ဆင်းလာသည်ကို မြင်လိုက်ရာ မနက်စာစားရန်အတွက် တရိုတသေ ဖိတ်ခေါ်လိုက်လေသည်။ ကုချင်းယွီသည် ဗိုက်ဖြည့်ပြီးနောက် ပျင်းလာသဖြင့် မုရွှမ်ချင်အကြောင်း မေးလိုက်လေသည်။ ချန်ရန်က ပြောလိုက်၏။

“ ဆရာ အလုပ်ကိစ္စနဲ့ အပြင်သွားလိုက်တယ်၊ ဒါပေမဲ့ ကျွန်တော့်ကို မိန်းကလေးကုကို လိုက်ပို့ပေးဖို့ မှာထားတာတယ်၊ မိန်းကလေး တစ်နေရာရာကို စျေးဝယ်ထွက်ချင်သလား”

ဒါသည် မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် တော်ဝင်မြို့တော်ကို ရောက်လာသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူမအတွက်တော့ ပထမဆုံးအကြိမ်ဖြစ်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now