အပိုင်း ( ၁၆၈) ဆရာ ~ ကျွန်မ ရှင့်ကို လွမ်းတယ်

493 60 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၁၆၈) ဆရာ ~ ကျွန်မ ရှင့်ကို လွမ်းတယ်

ကျွမ်းစစ်ရိနဲ့ ကုချင်းယွီတို့ရဲ့လက်တွဲမဲ့အလုပ် ပျက်စီးသွားတာနဲ့ ကျွမ်းစစ်ရိက သေချာပေါက် ဒေါသထွက်သွားလိမ့်မယ်။ သူတို့ရဲ့ ချစ်သူဆက်ဆံရေးကို ပြန်စေ့စပ်လို့ရရင်တောင် အရင်လို ပြန်ဖြစ်တော့မှာ မဟုတ်ဘူး။ သူတို့တွေ ဝေးတောင်သွားနိုင်တယ်။

ဒီလူက ကုချင်းယွီလို ပြီးပြည့်စုံလုနီးပါး မိန်းမတစ်ယောက်နဲ့တွေ့တာတောင် တခြားဘာအတွေးမှ မရှိတဲ့ လူကောင်းတစ်ယောက် ဖြစ်လိမ့်မယ်လို့ သူမ လုံးဝ မသိခဲ့ဘူး။ ပြီးတော့ သူ့အလုပ်ကိုပဲ တိုးတက်အောင် လုပ်ချင်ပြီး ဒါမှ သူက သူမကို တင်တောင်းနိုင်မှာတဲ့....

ဝေလင်းလင်း၏ မျက်လုံးများသည် ရုတ်တရက်နွေးလာပြီး ကျွမ်းစစ်ရိကို ဆတ်ခနဲ ပွေ့ဖက်လိုက်တော့သည်...

ကျွမ်းစစ်ရိသည် အနည်းငယ် မှင်တက်သွားပြီးနောက် သူ့ပခုံးပက အနည်းငယ်စိုစွတ်သွားသည်ကို ခံစားလိုက်မိပြီး အနည်းငယ် ကူကယ်ရာမဲ့သလို ဖြစ်သွားတော့သည်။

“ ချစ် .... ဘာဖြစ်လို့လဲ၊ အသား... မစိုးရိမ်ပါနဲ့ ကိုယ် ချစ်ကို ကျွေးမှာပါ...”

“အရူး...”

ဝေလင်းလင်း၏အသံသည် အနည်းငယ်ငိုသံပါနေပြီး

“ ဒီလိုပုံစံမျိုးနဲ့ လက်ထပ်ခွင့် တောင်းနိုင်ရတာလဲ၊ ချစ် လက်မခံဘူးနော် ဟွန့်”

“....”

အခန်းထဲတွင် ကုချင်းယွီသည် အနိုင်ကျင့်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။

သူမသည် ဝန်ထမ်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်ပြီး သူမ၏တူကို ဂရုတစိုက်ချလိုက်ကာ ထွက်လာခဲ့လိုက်တော့သည်။

ကောင်းတယ်။ ဒီတော့ ဝေလင်းလင်း ငါလေးကို ထပ်ပြီး မစိမ်းကားလောက်တော့ပါဘူး ဟုတ်တယ်မလား။ တကယ်လို့ ငါလေးရွေးထားတဲ့ ပါတနာရဲ့ ချစ်သူက ငါလေးကို မကြိုက်ဘူးဆိုရင် ငါတို့ရဲ့ လက်တွဲမဲ့အလုပ်ကလည်း ကောင်းကောင်း ဖြစ်လာမှာမဟုတ်ဘူးလေ၊ ပြီးတော့ ငါလေးလည်း ပါတနာ ထပ်ပြောင်းရင် အများကြီးဒုက္ခရောက်ရမှာ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now