အပိုင်း (၆၇) တွမ့်ရှင်းယွမ် ကျွန်မရှင့်ကို မချစ်ဘူး

1.6K 213 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
67
အပိုင်း (၆၇) တွမ့်ရှင်းယွမ် ကျွန်မရှင့်ကို မချစ်ဘူး

စိတ်ထဲတွင် ဒေါသကို ချုပ်တည်းလိုက်ပြီး တွမ့်ရှင်းယွမ်သည် ကုချင်းယွီကို ကြည့်လိုက်ကာ သူ့လေသံသည် ပျော့ပြောင်းသွားပြီး

“ ချင်းယွီ ဘယ်နားထိခိုက်သွားသေးလဲ၊  ကိုယ်တောင်းပန်ပါတယ်နော်၊ ကိုယ် ညီမကို ကောင်းကောင်း ဂရုမစိုက်မိခဲ့ဘူး... ကိုယ် ညီမကိုအခု အိမ်ပြန်ပို့ပေးမယ်နော် ဟုတ်ပြီလား”

ဆွန်းချိုင်ယွိသည် တွမ့်ရှင်းယွမ်က ဤသို့ သိမ်သိမ်မွေ့မွေ့နှင့် စကားပြောနေသည်ကို တခါမှ မမြင်ဖူးခဲ့ချေ။ သူမ၏မျက်လုံးများသည် နီရဲသွားပြီး နှုတ်ခမ်းကို ကိုက်ကာ ကုချင်းယွီကို ကြည့်နေလိုက်သည်။

တွမ့်ရှင်းယွမ်လို မာနကြီးတဲ့သူရဲ့ ဒီလိုဆက်ဆံတာမျိုးခံလိုက်ရရင် ဘယ်မိန်းမမှ မပျော့ဘဲ မနေဘူးလေ ဟုတ်တယ်မလား။

သို့သော် သူမကို အံ့ဩသွားရစေသည်က ကုချင်းယွီသည် အသာအယာပြုံးလိုက်ပြီး တွမ့်ရှင်းယွမ်ကို ကြည့်ကာ မတ်တတ်ရပ်လိုက်လေသည်။

“ မလိုပါဘူး”

ကုချင်းယွီ ဆက်ပြောလိုက်၏။

“ မနေ့ည အဘိုးကြီးပြောတဲ့ စကားကို အပြည့်အဝနားလည်ပြီးသား၊ တွမ့်ရှင်းယွမ် ကျွန်မတို့စေ့စပ်ထားတာက ပျက်သွားပြီ၊ ဒီလက်စွပ်ကို ရှင့်ဆီပြန်ပေး ရလိမ့်မယ်၊ ဒီနေ့ကစပြီး ကျွန်မတို့ ဘာပတ်သက်မှုမှမရှိတော့ဘူး”

သူမသည် လက်စွပ်ကို သူ့လက်ထဲ တန်းထည့်ပေးလိုက်လေသည်။ ဆွန်းချိုင်ယွိ၏ မျက်လုံးများသည် ရုတ်တရက် ပိုနီရဲလာတော့သည်။

အဲလက်စွပ်။ အဲဒါ ဟိုတစ်ခါတုန်းက တွမ့်ရှင်းယွမ် လေလံပွဲကနေ ဝယ်ခိုင်းထားတဲ့ဟာအစစ်ပဲ။

ဆွန်းချိုင်ယွိသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး နီရဲနေသည့်မျက်လုံးများဖြင့် လက်စွပ်ကို ကြည့်နေမိလေသည်။

တွမ့်ယွင်ယွင်သည် သူမ ချော့လိုက်၏။

“ တွေ့လား၊ ငါ့အဘိုးက သူမကို သဘောမကျဘူးလို့ ပြောခဲ့သားပဲ၊ သူမ လောဘကြီးပြီး ဘာမှော်ဆေးရည်တွေကို သူ့ကိုပေးခဲ့မှန်းမှ မသိတာ၊ ဒါပေမဲ့ အခုတော့ သူ အသိတရား ရသွားပါပြီ၊ ချိုင်ယွိ မစိုးရိမ်နဲ့ သူတို့စေ့စပ်ထားတာ ပျက်သွားပြီ၊ ငါ နင့်တစ်ယောက်ထဲကိုပဲ သေချာပေါက်ကူညီမှာ”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now