အပိုင်း (၇၈) ကုချင်းယွီရဲ့ဘဝကို အဲလောက် လွယ်မနေအောင်လုပ်ရလိမ့်မယ်

1.6K 160 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၇၈) ကုချင်းယွီရဲ့ဘဝကို အဲလောက် လွယ်မနေအောင်လုပ်ရလိမ့်မယ်

လဝက်အတွင်း သူမတွင်ရှိသမျှအရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။ သူမ၏ကျော်ကြားမှု၊ သူမအမေ၊ သူမပတ်ဝန်းကျင်က လူအားလုံး....

ဒါတွေအားလုံက ကုချင်းယွီကြောင့်ပဲ။

ကုချင်းချန်သည် ပင့်သက်ရှိုက်လိုက်လေသည်။ ဒီနေ့သူမသည် နိုင်ငံခြားတွင် ကျောင်းသားဖလှယ်ခြင်းပရိုဂရမ် အနေဖြင့် ကျောင်းသွားတက်ရန် လိုအပ်သည်များ လာလုပ်ခြင်းဖြစ်လေသည်။

သူမ၏လက်ရှိသတင်းနှင့်ဆိုလျှင် အိမ်မှာနေရသည်က ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သူမကိုယ်တိုင် နောက်လမ်းတစ်ခုကို ဖောက်ရတော့မည်။

သို့သော် သည်မတိုင်ခင် သူမသည် ကုချင်းယွီ၏ဘဝကိုလည်း လွယ်လွယ်ကူကူဖြစ်နေခွင့် ပေးလိမ့်မည်မဟုတ်ပေ။

သူမသည် အသာအယာရယ်လိုက်ပြိး သိပ်မဝေးသည့်တနေရာက ကုချင်းယွီကို ထူးထူးဆန်းဆန်း ကြည့်နေသည့် ကောင်လေးတစ်ယောက်ကို မြင်သွားတော့သည်။

ဒီတစ်ခါတော့ ကိုယ်တိုင်လှုပ်ရှားရလောက်အောင် မအတော့ဘူး။ ကုချင်းယွီက ဒီနှစ်တွေမှာ လူတော်တော်များများကို ပြစ်မှားထားတာဆိုတော့ သူမ အဲဒီလူတွေကို နောက်ကနေ ထောက်ပံ့ပေးလို့ရတယ်။

ကုချင်းယွီသည် ကုချင်းချန်က တိတ်တဆိတ် ကြံစည်နေသည့် အကြောင်းအရင်းကို မသိချေ။ နောက်ဆုံး သူမသည် ကုချင်းချန်အား အရှုံးသမား ပြိုင်ဘက်တစ်ယောက်ဟုသာ သတ်မှတ်လေသည်။ ထို့အပြင် ကုချင်းချန်သည် Sတက္ကသိုလ်သို့ ပြန်လာသည်ကလည်း exchange programတွင် လျှောက်လွှာတင်ဖို့ လာရောက်ခြင်းဖြစ်ပြီး ဝင်ခွင့်ရဖို့ ငွေအမြောက်အများသုံးခဲ့ရသည်ဖြစ်ပြီး သိပ်မကြာခင် နိုင်ခြားသို့ သွားရတော့မှာပင်...

ဒါသည် ကုချင်းယွီကို များစွာစိတ်ပျက်ရစေသည်။

ကုချင်းချန်သာ ဒီလိုထွက်ပြေးသွားရင် မူလပိုင်ရှင်အတွက် ဘယ်လို လက်စားချေပေးလို့ရတော့မှာလဲ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now