အပိုင်း (၁၇) သေချာပါတယ် မကောင်းတဲ့မိန်းမလက်ချက်ပဲ

2.2K 263 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၇) သေချာပါတယ် မကောင်းတဲ့မိန်းမလက်ချက်ပဲ

ရှန်ချန်းသည် လှောင်ရယ်လိုက်၏။

“ ကုချင်းချန် မင်း ရက်စက်လိုက်တာနော်၊ ငါ ရှန်ချန်း ဒီနေ့ မင်းလက်ထဲရောက်သွားတယ်၊ အခုတော့ ရုပ်ဆိုးတဲ့မိန်းကလေးတစ်ယောက်နဲ့ အိပ်တယ်ဆိုပြီး လူတွေက ငါ့ကို နေကြပြီ၊ ငါမင်း ပြောလိုက်မယ်၊ ငါ့ကို အရူးတစ်ယောက်လို ဆက်ဆံတဲ့အတွက် မင်းပြန်ပေးဆပ်ရလိမ့်မယ်”

ဖုန်းကျသွား၏။

ကုချင်းချန်၏မျက်နှာသည် ပြောင်းလဲသွား၏။

အမှန်တွင် သူမသည် သူမ၏အသံလောက် တည်ငြိမ်မနေချေ။ တုန်ယင်နေသည့်လက်များဖြင့် သူမသည် ကုချင်းယွီ၏ ဝေ့ပေါ်ပိုစ့်ကို ပြန်ဖွင့်လိုက်ပြီး အောက်က မှတ်ချက်ပေါင်း သုံးသောင်းကျော်ကို တွေ့သွားပြီး အများစုက သူမကို ရက်စက်ပြီး မြွေနှလုံးသားနဲ့လူဟု ဆဲရေးထားသည်ကို မြင်လိုက်ရာ သူမမျက်နှာသည် ရှုံ့မဲ့သွားတော့သည်။

သေလိုက်ပါတော့။ ကုချင်းယွီ ဒါတွေကို ဘယ်ကရခဲ့တာလဲ။ ငါ့ဖုန်းကလည်း အမြဲတမ်း ငါနဲ့အတူ ရှိနေတာပဲ ဒါဆိုကို သူက ဘယ်လိုလုပ်ပြီး စကားပြောမှတ်တမ်းကို ရှာတွေ့သွားတာလဲ။

မဟုတ်ဘူး။ သူ လင်းဟန်ကျောက် ဒါမှမဟုတ် ရှန်ချန်းဆီက ရသွားတာနေမှာ....

ဟင့်အင်း ရှန်ချန်း မဖြစ်နိုင်ဘူး။ သူ့ဆီကသာဆိုရင် သူ အစောကြီးကတည်းက သတိထားမိမှာပေါ့။ ပြီးတော့ သူက ITကျောင်းသားပဲ။ သူ့ဖုန်းမှာ ပြဿနာရှိနေရင် သူသိမှာပဲ၊ ဒီသတင်းပျံ့သွားမှာကိုတော့ သူသေချာပေါက် လိုလားမှာမဟုတ်ဘူး။

ဒါဆိုရင် လင်းဟန်ကျောက်ပဲ ဖြစ်နိုင်တယ်။

လင်းဟန်ကျောက် ၊ အဲဒီမိန်းမက ငွေအတွက်ဆို ဘာမဆိုလုပ်မဲ့သူပဲ။

အံ့ကိုကြိတ်ရင်း သူမသည် ဖုန်းကို ထုတ်ကာ လင်းဟန်ကျောက်ထံ ဖုန်းခေါ်လိုက်၏။ ဖုန်းဝင်သွားသော်လည်း လင်းဟန်ကျောက်က ဖုန်းမကိုင်ချေ။ ခဏကြာပြီးနောက် သူမ ရပ်လိုက်တော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now