အပိုင်း ( ၄၇) ကုချင်းယွီကလွဲရင် ဘယ်သူ့ကိုမှ မလိုချင်ဘူး

1.8K 197 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၄၇) ကုချင်းယွီကလွဲရင် ဘယ်သူ့ကိုမှ မလိုချင်ဘူး

“ ဒီတစ်ခါ ကိစ္စက.... ရှင်းပြီးသွားပြီဆိုပေမဲ့ လူတွေရဲ့အမြင်မှာတော့ ကုချင်းယွီက အဲဒီဗီဒီယိုထဲက လူတွေနဲ့ မရှင်းလင်းတဲ့ ဆက်ဆံရေးတစ်ခုပဲလေ”

အဘိုးတွမ့်သည် ဖွင့်ပြောလိုက်လေသည်။ သူသည် တွမ့်ရှင်းယွမ်ကို တိုက်ရိုက် မငြင်းလိုက်သော်လည်း ဘာအဓိပ္ပာယ်ဆိုသည်ကိုတော့ သူသိလေသည်။

“အဘိုး အဲဒီဗီဒီယိုထဲက လူက သူ မဟုတ်ဘူးလေ”

တွမ့်ရှင်းယွမ်သည် အနည်းငယ်ပူပန်သွားတော့သည်။

“ဒါပေမဲ့ သူက အဲဒီဗီဒီယိုထဲက မိန်းမနဲ့ တစ်ပုံစံထဲပဲ”

အဘိုးတွမ့်သည် သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“ လူအများကြီးအတွက်တော့ သူ ဟုတ်ဟုတ် မဟုတ်ဟုတ် ဘာမှ မကွာသွားဘူး၊ မင်း သူနဲ့လက်ထပ်ရင် အဟားခံရလိမ့်မယ်”

မနေ့ကသာ တွမ့်ရှင်းယွမ်က ကုချင်းယွီကို လက်ထပ်ချင်သည်ဟု ပြောခဲ့လျှင် အဘိုးတွမ့်သည် ငြင်းဆန်လိမ့်မည် မဟုတ်ချေ။ မုရွှမ်ချင်၏ သူ့မြေးအပေါ် ထားသည့် သဘောထားကို သိလိုက်ရပြီးနောက် အဘိုးတွမ့်သည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။

သူ့မြေးမှာ ကြီးမားတဲ့အနာဂတ်တစ်ခုရှိပြီး ဆရာရဲ့ တန်ဖိုးထားခံနေရတာလေ။ နောက်ဆိုရင် သူက တွမ့်မိသားစုမှာ ပြိုင်ဘက်ကင်းပြီး တွမ့်မိသားစုကိုလည်း ပိုအဆင့်မြင့်တဲ့ အခြေအနေအထိ ဦးဆောင်သွားအုံးမှာ.... ဘယ်လိုလုပ်ပြီး မြို့ငယ်လေးက မိသားစုငယ်လေးတစ်ခုရဲ့ နာမည်ပျက် သမီးတစ်ယောက်နဲ့ လက်ထပ်ခွင့်ပြုလို့ ဖြစ်မှာလဲ။

အဘိုးတွမ့်က ပြောလိုက်၏။

“ ဒီ့အပြင် ကုမိသားစုက အရမ်းအမြင်ကျဥ်းတာ၊ ကုဝမ်ချန်က မိန်းမသုံးယောက်ပဲ ရှိတဲ့ အိမ်လေးတစ်ခုကိုတောင် မစီမံနိုင်ဘူး၊ သူ့မိန်းမကလည်း ပြန်ပေးဆွဲတဲ့ကိစ္စတောင် လုပ်ခဲ့ပြီး အချုပ်ထဲမှာ၊ ငါတို့တွမ့်မိသားစုက အဲလိုမိသားစုက ချွေးမမျိုးကို ဒီအိမ်ထဲ လုံးဝဝင်ခွင့်မပြုနိုင်ဘူး”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now