အပိုင်း ( ၁၂၇) ချိုမြန်နေရော

968 106 2
                                    

အပိုင်း ( ၁၂၇) ချိုမြန်နေရော

ပြဿနာကို ဖြေရှင်းရန် ဆယ်မိနစ်လောက်  အချိန်ယူလိုက်ပြီးနောက် သူတို့အေးဂျင့်၏ အဆက်အသွယ်ကို ရယူလိုက်အပြီးတွင် သူမ၏ပိုက်ဆံအိတ်သည်လည်း ယွမ် တစ်သောင်း တိုးသွားတော့သည်။ ကုချင်းယွီသည် သီချင်းညည်းရင်း စိတ်ကြည်လင်စွာ အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့လေသည်။ အိမ်ပြန်လမ်းတွင် ဘယ်ရီသီးတုတ်ထိုးချိုချဥ်တချို့ကို ဝယ်ကာ တစ်လုံးကို ခွာစားလိုက်လေသည်။

တစ်ကိုက် ကိုက်လိုက်အပြီးတွင် မုရွှမ်ချင်ကို တွေ့လိုက်ရတော့သည်။

သူ့ကားသည် သူမဘေးတွင် ရပ်လိုက်ပြီး သူမကို ဘာမှမပြောဘဲ ကြည့်နေလေသည်။

သူမ၏မျက်လုံးများ ဝင်းလက်သွားပြီး သူ့ထံ အပြေးသွားလိုက်လေသည်။

“ဆရာ”

သူမ၏အသံသည် ပျော့ပြောင်း နူးညံ့နေပြီး သူ့ကို ‘ဆရာ’ဟုခေါ်လိုက်ချိန်တိုင်းတွင် သူမ၏အသံထဲ၌ ထူးခြားသည့်အရည်အသွေးတစ်ခု အမြဲပါနေတတ်သည်။ တခြားသူများနှင့်မတူဘဲ ပေါ့ပါးသည့် ငှက်မွေးနုလေးတစ်ခုက သူ့နှလုံးသားပေါ်သို့ ကျသွားသည့်နှယ် အသည်းယားမိလေသည်။

မုရွှမ်ချင် မျက်လွှာချထားပြီး သူ့မျက်နှာက ခါတိုင်းလိုပင် တည်ငြိမ်နက်နဲနေသည်။ ကုချင်းယွီ မျက်လုံးများကို ကျဥ်းထားလိုက်ပြီး

“ဆရာ ဘယ်ရီသီးချိုချဥ် စားပါအုံးလား”

သူမသည် တုတ်ထိုးချိုချဥ် အသစ်တစ်ချောင်းကို ထုတ်လိုက်ပြီး ပန်းလေးတစ်ပွင့်နှယ်ပြုံးကာ သူ့ကို လှမ်းလိုက်လေသည်။ သူမ၏နောက်က ပန်းခင်းထဲက ပန်းပေါင်းစုံတို့သည် ပွင့်လန်းနေကြသော်လည်း သူမမျက်နှာပေါ်က အပြုံးလောက် မလှပကြချေ။

မုရွှမ်ချင်သည် ချိုချဥ်ကြောင့် အနည်းငယ် နီရောင်သန်းနေသည့် သူမ၏ ပန်းရောင်နှုတ်ခမ်လေးများကို ငေးကြည့်လိုက်ရာ သူမ၏နှုတ်ခမ်းကြားတွင် ပြေးလွှား ဆော့ကစားနေသည့် လျှာကို တွေ့သွားပြီးနောက် သူမနှင့် ပထမဆုံးတွေ့ခဲ့သည့်အချိန်ကို ရုတ်တရက် သတိရသွားတော့သည်။ သူ့လက်က သူမ၏ပါးစပ်ကို ပိတ်ထားပြီး ထို့နောက်တွင်တော့ သူမသည် မယုံချင်စရာကောင်းလောက်အောင် သူမ၏လျှာဖြင့် သူ့ဖဝါးကို လျက်ခဲ့လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now