အပိုင်း (၁၃) အဖေက ကြင်ဖက်အသစ်တစ်ယောက်ရှာပေးထားတယ်တဲ့

2.3K 239 0
                                    

အပိုင်း (၁၃) အဖေက ကြင်ဖက်အသစ်တစ်ယောက်ရှာပေးထားတယ်တဲ့

ကုချင်းယွီ၏အမေသည် သူမ ၈နှစ်အရွယ်တွင် ဆုံးသွားပြီး အဖေကု၏ သမီးအရင်းလည်းဖြစ်သည့် ကုချင်းချန်သည် ၈နှစ်အရွယ် သူမထက် တစ်နှစ်သာငယ်လေသည်....

တစ်နည်းအားဖြင့်ဆိုလျှင် သူမအမေကိုယ်ဝန်ရှိစဥ်က အဖေကုသည် အိမ်ထောင်ရေးဖောက်ပြန်နေခြင်းပင်။

ကုချင်းယွီအမေဆုံးပါးပြီး တစ်နှစ်ကြာပြီးနောက်မှာတော့ ကုချင်းချန်နှင့် သူမအမေသည် မိသားစုထဲဝင်လာခဲ့၏။

“ ငါ့ကို စိတ်ပူနေတာလား”

ကုချင်ယွီ၏မျက်လုံးများက သူမကို လှောင်ပြောင်နေ၏။

မူလခန္ဓာကိုယ်ပိုင်ရှင်က အရမ်းအပြစ်ကင်းတာပဲ။ သူမရဲ့သွေးတစ်ဝက်နှောတဲ့ညီမက ကလေးဘဝကတည်းက သူ့မကို မကြိုက်ဘူးဆိုတာ မသိခဲ့ရှာဘူး။ ကုချင်းယွီမှာရှိသမျှအားလုံးကို ကုချင်းချန်က လုယူချင်နေတာလေ ယောက်ျားလေးအပါအဝင်ပေါ့။

ဟုတ်တယ် ကုချင်းချန်က သူမရဲ့သတို့သားလောင်းကို ကြိုက်နေတာပဲ... မဟုတ်သေးဘူး အခုသူက သူမရဲ့ သတို့သားလောင်းအဟောင်း တွမ့်ရှင်းယွမ်ပေါ့။

အွန်လိုင်းဗီဒီယိုထဲကလူသည် ကုချင်းယွီကိုယ်တိုင်ဟုတ်ပါလေစဟု သူမ သံသယစ,ဖြစ်မိတော့သည်။

နောက်ဆုံးတော့ အဲဒီလူက သူမနဲ့ ခုနှစ်ချက် ရှစ်ချက်လောက် တူနေတာပဲ....

ကုချင်းချန်သည် သူမ၏လေသံထဲက ထူးဆန်းမှုကို သတိမထားမိဘဲ အပြုံးတစ်ခုနှင့် ပြောလိုက်၏။

“ ဟင်း နင်ဖုန်းအကြာကြီးမကိုင်တော့ ငါ့မှာအရမ်းကို စိတ်ပူသွားခဲ့တာ....”

သူမ ဘာတစ်ခွန်းမှ ပြန်မပြောသည်ကို တွေ့မြင်သွားပြီး ကုချင်းချန်း၏မျက်လုံးများသည် လှည့်ကြည့်လိုက်ကာ သွေးစမ်းကာ ပြောလိုက်လေသည်။

“ အစ်မ ငါကြားထားတယ်.... အစ်ကိုရှင်းယွမ်က အရမ်းဒေါသထွက်နေတာတဲ့ ပြီးတော့ သူက နင်နဲ့ စေ့စပ်ထားတာဖျက်သိမ်းချင်တယ်လို့ပြောတယ်တဲ့”

“ အင်း ဘာဖြစ်လို့လဲ”

ကုချင်းယွီသည် တခစ်ခစ်ရယ်လိုက်၏။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now