အပိုင်း (၆၅) တစ်ယောက်ယောက် နေရာပြောင်းရမယ်ဆိုရင် သူတို့ပဲ ဖြစ်သင့်တယ်

1.6K 199 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၆၅) တစ်ယောက်ယောက် နေရာပြောင်းရမယ်ဆိုရင် သူတို့ပဲ ဖြစ်သင့်တယ်

တွမ့်ယွင်ယွင်သည် ရယ်မောလိုက်ပြီး

“မစိုးရိမ်ပါနဲ့ဟယ်၊ ငါ့အစ်ကိုက ငယ်ငယ်လေးကတည်း  အသန့်ကြိုက်ကိုယ်တော်လေ၊ တစ်ယောက်ယောက်က သူ့ကို သစ္စာဖောက်သွားတာ သိသွားရင် နှလုံးသားနဲ့ ရင်းထားရရင်တောင် အရမ်းရွံ့ရှာသွားမှာ ပြီးတော့...”

ဆွန်းချိုင်ယွိ၏မျက်နှာပေါ် စိုးရိမ်ပူပန်မှုကို ကြည့်လိုက်ပြီး သူမကို ရယ်မောလိုက်လေသည်။

“ ချိုင်ယွိရယ် နင်ကလည်း အရမ်းစိုးရိမ်နေပြန်ပြီ၊ ငါတို့တွေက ဒီနေရာကို အရင်ရောက်တဲ့သူတွေပါဟဲ့၊ ငါမြင်တာကို ငါ့အစ်ကိုကို ပြောပြလိုက်ရုံပါဟယ် ငါက သူ့ကို လာခိုင်းတာမဟုတ်ပါဘူး သူက လာချင်နေတာ...”

ဆွန်းချိုင်ယွိသည် ရှက်သွေးဖြာသွားပြီး အသာအယာ ချောင်းဟန့်လိုက်လေသည်။

“ သိပါပြီ ငါ့ကို မရယ်ပါနဲ့ဟယ်”

သူမသည် ခေါင်းငုံ့ထားသော်လည်း လက်ဖက်ရည်ခွက်ကို တင်းနေအောင်ဆုပ်ထားပြီး တံခါးရှိရာဘက်သို့ ငေးကြည့်လိုက်လေသည်။ သူမ၏နှလုံးသားသည် အနည်းငယ် မြန်မြန် စတင်ခုန်လာတော့သည်။

တစ်ဖက်စွန်းမှ ကုချင်းယွီသည် ဆွန်းချိုင်ယွိကို သတိထားမိနေပြီး သူတို့၏အကြည့်များသည် အလွန်သိသာလေသည်။

သို့သော် အစပိုင်းတွင်တော့ သူမသည် ဆွန်းချိုင်ယွိကို မမှတ်မိချေ။ ချန်ရန်က သူမကို သတိပေးလိုက်မှသာ မှတ်မိသွားတော့သည်။

ငါလေးရဲ့ သတို့သားလောင်း အဟောင်းရဲ့ ဘလိုင်းဒိတ်...

ကြည့်ရတာ မိန်းကလေးဆွန်းက တွမ့်ရှင်းယွမ်နဲ့ တော်တော်ပျော်ခဲ့တဲ့ပုံပဲ။ မဟုတ်ရင် သူမ ငါလေးကို ခပ်ရိုင်းရိုင်းနဲ့ စိတ်ရှုပ်နေတဲ့အကြည့်နဲ့ ကြည့်မှာမဟုတ်ဘူး။

“ မိန်းကလေးကု နေရာပြောင်းချင်လား”

ချန်ရန်က မေးလိုက်၏။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now