အပိုင်း (၉) သံသယများ

2.4K 244 0
                                    

အပိုင်း (၉) သံသယများ

သူမနှင့်အကွာအဝေး ကိုယ်သင်းနံ့ကို ခံစားမိလိုက်ပြီးနောက် သူသည် အေးခဲသွားတော့သည်။ သူ့မျက်လုံးများသည် တစ်ဖန် ပြန်လင်းလက်သွား၏။

ဆယ်မိနစ်ကြာပြီးနောက် စက်ရုံအနီးရှိ လမ်းဘေးဆိုင်လေးတစ်ဆိုင်တွင် ရုပ်ရည်ချောမောသည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် အပြင်ဘက်ရှိ စားပွဲငယ်လေးတစ်လုံးတွင် ထိုင်နေကြ၏။ အမျိုးသမီးရှေ့တွင် ထိုင်နေသည့် အမျိုးသားသည် သူ့အစားအသောက်များကိ မထိချေ။ ဤသို့သော လမ်းဘေးအစားအသောက်များကို မကြိုက်၍မဟုတ်ဘဲ သွေးသစ်ပြန်လည်ထုတ်လုပ်သည့် အချိန်တိုင်းတွင် သူသည် ခုခံနိုင်စွမ်းအနည်းဆုံးအချိန် ဖြစ်နေသည်။ ထိုအချိန်မျိုးတွင် ဘာကိုမှမစားနိုင်ဘဲ အဆက်မပြတ် ချောင်းဆိုးပြီး ငါးညီနံ့သွေးများ ပါးစပ်နှင့်အပြည့် အန်တတ်လေသည်။

တစ်ဖက်တွင်တော့ သူ့ရှေ့က ပိန်ပိန်ပါးပါးအမျိုးသမီးသည်  သူမရှေ့တွင် ပန်းကန်လုံးအလွတ် ၇လုံးခန့် ပုံနေပြီး ၈ပန်းကန်မြောက် ကိုစားနေ၏။

ဒါသည် မုရွှမ်ချင် အတွက် သည်လောက်အထိ စားနိုင်သည့် မိန်းမတစ်ယောက်ကို ပထမဆုံးတွေ့ဖူးခြင်းပင်။

သူသည် သူရှေ့က လှပသော်လည်း အလွန်သေးသွယ်ကျစ်လစ်သည့် အမျိုးသမီးကို ငေးကြည့်နေရင်း ဤမျှသေးငယ်သည့်ခန္ဓာကိုယ်လေးက အစားအသောက်အများကြီးကို မည်သို့ သိမ်းဆည်းသနည်းဟု တွေးနေမိတော့သည်။ ထို့အပြင် သူမ၏အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် သူမ၏ မိသားစုအခြေအနေမှာ သေချာပေါက်ဆိုးဝါးမည် မဟုတ်ပေ။ ခြေထောက်တစ်ဖက်တွင်ဒဏ်ရာနှင့် ညဥ့်နက်သန်းခေါင် ဤစွန့်ပစ်စက်ရုံတွင် တစ်ယောက်ထဲ ပေါ်လာနိုင်ရသနည်းဟူသည့် သူအတွေးသည် အလွန်အကျည်းတန် လှသော်လည်း သူမသည် ဒဏ်ရာကို ကုသရန်အလျင်မလိုဘဲ ထို့အစား စားချင်သောက်ချင်နေရပါသနည်း။

ပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာများနှင့် ဆိုင်ပိုင်ရှင်သည်လည်း ကုချင်းယွီကို မကြာမကြာ ကြည့်နေ၏။ တခြားအကြောင်းကြောင့်မဟုတ်ဘဲ သူမသည် အလွန်စားသောက်နိုင်သောကြောင့်ပင်။ ထိုအပြင် သည်လူနှစ်ယောက်သည် အင်မတန်ဆွဲဆောင်မှုရှိသော်လည်း မရေမတွက်နိုင်သည့် ပွန်းပဲ့ဒဏ်များနှင့် ညိုမဲနေလေသည်။ လုံးဝသိချင်စိတ် မဖြစ်ရန်ကတော့ ခက်ခဲလှပေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now