အပိုင်း (၁၅) ဝေ့ပေါ် ပေါ်မှာပေါက်ကွဲသွားတယ်

2.2K 251 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း (၁၅) ဝေ့ပေါ် ပေါ်မှာပေါက်ကွဲသွားတယ်

ကုချင်းချန်နှင့်ယှဥ်လျှင် ကုချင်းယွီ၏လက်ရှိခန္ဓာကိုယ်သည် သဘာဝအလျောက် ပိုလှပကာ ပိုကောင်းသည့် ရုပ်သွင်တစ်ခု ဖြစ်၏။

ကုချင်းချန်သည် ရှန်ချန်း၏ရည်ရွယ်ချက်ကို သတိပြုမိသွားချိန်၌ သူမသည် ကုချင်းယွီကိုရရန် သူ့အား ကူညီပေးမည်ဟု အမှန်ပင်ပြောခဲ့ပြီး ‘ကုချင်းယွီ’နာမည်နှင့် WeChatအကောင့်တစ်ခုကို သူနှင့် မိတ်ဆက်ပေးခဲ့ပြီး အကောင့်၏ရုပ်ပုံနှင့် အချက်အလက်များသည် မှန်ကန်နေ၏။ ထိုမိန်းမသည် သူမနှင့် တစ်ထေရာထဲ တူသော်လည်း သူမ မဟုတ်သည်က ရှင်းလင်းလှပေသည်။

ကုချင်းယွီသည် တခစ်ခစ်ရယ်လိုက်၏။

တကယ်စိတ်ဝင်စားစရာကောင်းတာပဲဟယ်....

ဒီတော့ ကုချင်းချန်က ငါနဲ့တစ်ထပ်ထဲတူတဲ့တစ်ယောက်ကို ဘယ်ကရှာတွေ့ခဲ့တာပါလိမ့်။ အဲဒီမိန်းမကို ငါလေးလို ဟန်ဆောင်ခိုင်းပြီး ရှန်ချန်းနဲ့တောင် ဒိတ်လုပ်ခွင့်ရအောင် လုပ်ပေးလိုက်သေးသတဲ့လား။

ရှန်ချန်းသည် ဗီဒီယိုရိုက်ထားပြီး အွန်လိုင်းပေါ် တင်လိုက်ပြီးနောက် ထိုမိန်းမသည် သိသိသာသာ ကြောက်လန့်သွားသော်လည်း အွန်လိုင်းပေါ်က လူအားလုံးက ဗီဒီယိုထဲက ‘သူမ’ကို ကုချင်းယွီဟု ထင်သွားကြသောအခါ သူမ၏စိုးရိမ်မှုများသည် အဖျားရှူးသွားပြီး တဖြည်းဖြည်း စိတ်အေးသွားတော့သည်။

ကုချင်းယွီသည် တဲ့တိုးသမား ဖြစ်လေသည်။ သူမသည် ကွေ့ဝိုက်သွားရသည့် နည်းလမ်းမျိုး သုံးရခြင်းကို စိတ်မရှည်တတ်ချေ။ သူမသည် သူတို့စကားများအားလုံးကို ချက်ချင်း စခရင်ရှောတ့်ကာ သိမ်းလိုက်ပြီး သူမနှင့်တစ်ပုံစံထဲ ခွဲစိတ်ထားသည့် လင်းဟန်ကျောက်၏ ပလက်စတစ်ဆာဂျရီ မှတ်တမ်းကိုလည်း သိမ်းထားလိုက်ပြီးနောက်....

သက်သေအားလုံးလို ဝေ့ပေါ် ပေါ်တွင် အိပ်သွန်ဖာမှောက်ချပြလိုက်တော့သည်။

ထိုအချိန်တွင် အားလုံးသည် အိပ်ရာနိုးစဖြစ်ပြီး ကုချင်းယွီသည် နည်းပညာကိုသုံးကာ ဝေ့ပေါ်ကို တိုက်ရိုက်ဟက်လိုက်ပြီး သူမ၏ဝေ့ပေါ်ကို ရှာဖွေမှုအများဆုံး  နံပါတ်တစ်ဖြစ်အောင်လုပ်လိုက်ပြီး နာမည်အကြီးဆုံး အကြံပြုသတင်းများတွင် နံပါတ်တစ်ဖြစ်အောင်လုပ်ထားလိုက်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now