အပိုင်း (၇၆) အပြင်ကပန်းရိုင်းလေးတွေက ပိုမွှေးတယ်

1.5K 183 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၇၆) အပြင်ကပန်းရိုင်းလေးတွေက ပိုမွှေးတယ်

ကုချင်းယွီရဲ့လက်ထပ်ပွဲက ဘာအမှားအယွင်းမှ ဖြစ်လာမှာမဟုတ်ဘူး။

သို့သော် ဖြစ်သွားခဲ့ပြီးဖြစ်ရာ ကုဝမ်ချန်သည် ဒါကို မုန်းတီးနေလည်း သူတတ်နိုင်တာ ဘာမှမရှိချေ။

အနည်းဆုံးတော့...

ဒီလိုအချိန်အထိ တွမ့်ရှင်းယွမ်သည် သူ့သမီးကို လက်လျှော့ဖို့ စိတ်ကူးမရှိသေးဘူး။

တွမ့်ရှင်းယွမ်က သူ့ကို ရိုးရိုးသားသား ပြောခဲ့တယ်လေ။ တွမ့်ရှင်းယွမ်က တွမ့်မိသားစုရဲ့ အမွေဆက်ခံသူ ဖြစ်ချင်တာမလို့ သူ့အဘိုးအမိန့်ကို မလွန်ဆန်နိုင်လို့ ကုချင်းယွီနဲ့ လက်ထပ်ဖို့ ကံမပါလာတာ သူသိသားပဲ။ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ တွမ့်ရှင်းယွမ်က ကုကုမ္ပဏီနဲ့ ပိုပြီး လက်တွဲသွားမယ်လို့လဲ ကတိပေးခဲ့တယ်၊ ပြီးတော့ သူနဲ့ ချင်းယွီတို့ စုံတွဲ မဖြစ်နိုင်ရင်တောင် သူတို့တွေ သူငယ်ချင်း ဆက်လုပ်လို့ရတယ်တဲ့....

သူငယ်ချင်းတဲ့လား။ တွမ့်ရှင်းယွမ် ပြောချင်တဲ့စကားကို ကုဝမ်ချန် အလိုလိုသိလေသည်။

သူက သူငယ်ချင်းတစ်ယောက် လိုချင်တာမဟုတ်ဘဲ နောက်မယားတစ်ယောက် လိုချင်တာလေ ဟုတ်တယ်မလား။

သူ၏ကနဦး ဒေါသနှင့် နှမြောသတခြင်းနောက်တွင်တော့ ကုဝမ်ချန်သည် အကြောင်းအရာကို သေချာပြန်စဥ်းစားလိုက်ပြီး ဒါသည် ကြီးကြီးမားမားကိစ္စမဟုတ်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။

နောက်ဆုံး သူသည်လည်း ယောက်ျားတစ်ယောက်ဖြစ်ရာ အားလုံးကို ကောင်းကောင်း သိနေလေသည်။

အကြောင်းမှာ မိန်းမတစ်ယောက်သည် မည်မျှချောမောနေပါစေ သူမကို ပိုင်ဆိုင်ရပြီးနောက် နှစ်အနည်းငယ် ကြာလာလျှင်တော့ ထိုယောက်ျားသည် ပျင်းရိငြီးငွေ့လာပေလိမ့်မည်။

အဲဒီအချိန်ရောက်လာရင်တော့ အပြင်က ပန်းရိုင်းတွေက ပိုမွှေးလာရော။

ပြီးတော့ သူ့သမီးကို တွမ့်ရှင်းယွမ်ရဲ့နှလုံးသားထဲက လက်လှမ်းမမှီနိုင်တဲ့ နှင်းဆီပန်းနီလေးတစ်ပွင့်လို လုပ်ထားပြီး သူမအပေါ် အမြဲတမ်း အကြွေးတင်သလိုခံစားနေရအောင် လုပ်ထားရင် သူ့စိတ်ထဲမှာ သူမအမြဲတမ်းရှိနေရင်... ဒါကို ပိုကောင်းတာပဲမလား။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now