အပိုင်း (၁၀၁) သမီးရဲ့နောက်ချစ်သူက တွမ့်ရှင်းယွမ်ထက် သာလိမ့်မယ်

1.2K 131 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၀၁) သမီးရဲ့နောက်ချစ်သူက တွမ့်ရှင်းယွမ်ထက် သာလိမ့်မယ်

“သမီးလည်း မသိဘူး၊ သူက တော်ဝင်မြို့တော်က သခင်မလေးတစ်ယောက်နဲ့ စေ့စပ်သွားတာထင်တယ်၊ သူမရဲ့မျိုးရိုးနာမည်က ဆွန်းလား မုလား မသိဘူး...”

မျှော်လင့်မထားဘဲ ကုချင်းယွီသည် ကုဝမ်ချန်ထက် သတင်းပိုရထားလေသည်။

ကုဝမ်ချန်၏မျက်နှာမှာ ညိုးသွားပြီး ခေါင်းငုံံ့ကာ စဥ်းစဥ်းစားစားဖြင့် ပြောလိုက်လေသည်။

“ သမီး... သူ့ကို ဖုန်းခေါ်ပြီး သူဘယ်လို တုံ့ပြန်မလဲ ကြည့်ရအောင်”

ဟင်း.. ကိစ္စတွေကတောင် ဒီအခြေအနေအထိ ရောက်လာပြီးပြီ၊ သူက လက်မလျှော့နိုင်သေးဘူးတဲ့လေ....

တွမ့်ရှင်းယွမ်က တခြားမိန်းမနဲ့ စေ့စပ်ပြီးသွားပေမဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အဖေက လက်မလျှော့ချင်သေးဘူးတဲ့လေ။ သူက နောက်ဆက်တွဲအစီအစဥ်အနေနဲ့ ငါ့ကိုတောင် အရင်လှုပ်ရှားဖို့ ပြောလိုက်သေးတယ်...

ကုချင်းယွီသည် စိတ်ထဲတွင်တော့ ဆွံ့အသွားသော်လည်း အပေါ်ယံတွင်တော့ မျက်လုံးများ နီရဲကာ ပြောလိုက်တော့သည်။

“ အဖေ သူ သမီးကို ထပ်မလိုချင်တော့ဘူးဆိုရင် သမီးလည်း သူ့ကို မလိုချင်တော့ပါဘူး”

သူမသည် ပင့်သက်ရှိုက်လိုက်ပြီး အားနည်းသော်လည်း သန်မာသည့်အသွင်ကို ဆောင်ထားလိုက်ပြီး

“ အဖေ အဖေ့သမီးက ဘာတွေမကောင်းလို့လဲ၊ သမီးကတော့ သမီးရဲ့နောက်ချစ်သူက တွမ့်ရှင်းယွမ်ထက် ပိုသာလိမ့်မယ်ဆိုတာ ယုံကြည်မှုရှိတယ်”

“....”

ရုတ်တရက်ဆိုသလို ကုဝမ်ချန်သည် ဘာပြောရမည်မသိ ဖြစ်သွားပြီး သူမကို ကြည့်နေလိုက်လေသည်။

အမှန်တွင်တော့ ကုချင်းယွီအနေဖြင့် တွမ့်ရှင်းယွမ်ထပ် ပိုကောင်းသည့် ယောကျ်ားတစ်ယောက် ရှာတွေ့ရန် အလွန်ခက်ကြောင်း သူ ကောင်းကောင်းသိလေသည်။ အကြောင်းမှာ သည်မြို့ငယ်လေးများက လူချမ်းသာများ၏အဆင့်သည် တွမ့်ရှင်းယွမ်နှင့် မယှဥ်နိုင်သောကြောင့်ပင်။ တွမ့်ရှင်းယွမ်သည် Sမြို့သို့ မမျှော်လင့်ဘဲရောက်လာပြီး ကုချင်းယွီကို မြင်မြင်ချင်း မချစ်ခဲ့လျှင် သူတို့၏ကုမိသားစုသည် ဘဝတွင် တွမ့်မိသားစုလို မိသားစုကြီးတစ်ခုနှင့် မည်သို့မှ ပတ်သက်နိုင်လိမ့်မည် မဟုတ်ချေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now