စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
68
အပိုင်း (၆၈) ကုချင်းယွီ ပြန်ပြောစမ်း
ကုချင်းယွီထံမှ ထိုစကားများကို မျှော်လင့်မထားရာ တွမ့်ရှင်းယွမ်၏မျက်လုံးများသည် မယုံနိုင်သဖြင့် ပြူးကျယ်သွားတော့သည်။
“ မင်းဘာပြောလိုက်တယ်၊ ကုချင်းယွီ ဘယ်လိုများ ဒီလိုလူပြိန်းစကားမျိုး ပြောရတာလဲ၊ ငါ့အဘိုးနဲ့ ငါက ဘယ်လိုများ ယှဥ်လို့ရမှာလဲ၊ ငါ့အဘိုးစကားကို နားထောင်တယ်ဆိုတာ သိတတ်လို့ပါ....”
“ ရှင့်အဘိုးက တွမ့်မိသားစုအာဏာကို ကိုင်ထားလို့ မဟုတ်ဘူးပေါ့၊ ရှင် သူ့အချစ်ကို ရနေသ၍ တွမ့်မိသားစုကို ရနိုင်တယ်မလား”
ကုချင်းယွီသည် သရော်ကာ မေးလိုက်လေသည်။
“ဟုတ်တယ်၊ ဒါပေမဲ့ ငါ မင်းအတွက်နဲ့ ငါ့အဘိုးကို ဆန့်ကျင်ပြီး တွမ့်မိသားစုကို လက်လွှတ်တာကို မင်းက မြင်ချင်တာလား၊ ဘာတစ်ခုမှ မရှိတော့တဲ့’ငါ့’ကိုမင်းက တကယ်လိုချင်တာလား၊ မင်းက တွမ့်အုပ်စု ဥက္ကဋ္ဌရဲ့ဇနီး မဖြစ်ချင်ဘူးပေါ့ဟုတ်လား”
“ ဟင့်အင်း မလိုချင်ပါဘူး၊ အနည်းဆုံးက အရင်ကကုချင်းယွီက တွမ့်ရှင်းယွမ်ရဲ့ ဇနီးပဲ ဖြစ်ချင်ခဲ့တာ”
ကုချင်းယွီ၏စကားများသည် တွမ့်ရှင်းယွမ်ကို ချက်ချင်း မွန်းကြပ်သွားစေတော့သည်။ သို့သော် ထိုစကားက သူ့နှလုံးသားကို တစ်ဖန် ပြန်နွေးလာအောင် လုပ်ပေးလိုက်လေသည်။
“ ချင်းယွီ ညီမ ကိုယ့်ကို တကယ်ချစ်နေသေးတာပဲ...”
သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး
“ မစိုးရိမ်နဲ့နော် အဘိုးကို နားချဖို့ ကိုယ်နည်းလမ်းရှာမှာပါ...”
ကုချင်းယွီသည် အေးစက်စက်မျက်နှာထားဖြင့် ဖြတ်ပြောလိုက်၏။
“ မလိုဘူး၊ မလိုပါဘူး၊ အခု ကျွန်မရှင့်ကို မချစ်တော့ဘူး၊ ပြီးတော့ ရှင့်ကိုလည်း လက်မထပ်ချင်ဘူး”
“ဒါဆို ဘယ်သူ့ကို လက်ထပ်ချင်တာလဲ၊ ချန်ရန်လား၊ မင်းတို့ချင်းတွေ့တာက ရက်နည်းနည်းလေးပဲ ရှိသေး....”
YOU ARE READING
အကြီးဆုံးမမလေးက မူမမှန်
Fantasyလူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တ...
