အပိုင်း (၁၃၁) လှလိုက်တဲ့လက်ကလေးတွေ

756 94 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၃၁) လှလိုက်တဲ့လက်ကလေးတွေ

တွမ့်ရှင်းယွမ် မပြောနဲ့ ဒီအသိုင်းအဝိုင်းက သာမန်ယောကျ်ားတွေတောင် ဒီလိုပုံကို ကြိုက်ကြမှာမဟုတ်ဘူး။

မုအိုက်က ဝိုင်တစ်ငုံလောက် ကြော့ကြော့မော့မော့ သောက်လိုက်ပြီး ကိစ္စပြီးသွားလျှင် ဖြစ်နေမည့် ကုချင်းယွီ၏ သနားစဖွယ်အခြေအနေကို စိတ်ကူးကြည့်နေလေသည်။ သူမသည် ပြုံးနေ၏။ သို့သော် နောက်တစက္ကန့်တွင်တော့ သူမမျက်နှာပေါ်က အပြုံးမှာ အေးခဲသွားတော့သည်။

“ ကု.... ကုချင်းယွီ.... နင် ဒီမှာ ဘာလာလုပ်တာလဲ”

မုအိုက်သည် သူမရှေ့တွင် ရပ်နေသည့် ကုချင်းယွီကို အထိတ်တလန့် ကြည့်လိုက်လေသည်။ ဒါအမြင်မှားတာ လုံးဝမဟုတ်ဘူး။ ဒီမိန်းမ တကယ်ပဲ သူမရှေ့မှာ ရပ်နေတာ။ ဒါပေမဲ့ သူ ဘယ်လို ဝင်လာတာလဲ။

ကုချင်းယွီ အသာယာ ပြုံးလိုက်၏။

“ ဟုတ်နေတာပဲ၊ နင် ငါ့ကို တကယ်သိနေတယ်”

မုအိုက်၏မျက်လုံးများသည် ကုချင်းယွီ၏လက်များဆီသို့ ရောက်သွားတော့သည်။ သူမ၏လက်များသည် ဖြူဖွေးကာ ကြော့ရှင်းနေဆဲဖြစ်ပြီး ဒဏ်ရာရထားသည့်ပုံ လုံးဝမပေါ်ချေ...

မုအိုက် ပင့်သက်ရှိုက်ကာ ရပ်လိုက်ပြီး တံခါးဆီ လက်ညိုးထိုးပြလိုက်ရင်း

“ ဒါက ငါ့အခန်း၊ အခုထွက်သွား၊ မဟုတ်ရင် ရဲခေါ်ပြီး နင့်ကို ဖမ်းခိုင်းလိုက်မယ်”

ကုချင်းယွီသည် သူမ၏လက်ကို ကြည့်ရင်း တအံ့တဩ ပြောလိုက်လေသည်။

“ လှလိုက်တဲ့လက်လေးတွေပဲ”

ကုချင်းယွီ အမှန်ကို ပြောနေခြင်းပင်။ မုအိုက်သည် မုမိသားစု၏ သခင်မလေးဖြစ်ပြီး အလိုလိုက်ခံရင်း ကြီးပြင်းလာသူဖြစ်လေသည်။ သူမသည် ပန်းကန်တစ်ချက်ပင် လုံးဝမဆေးကြောခဲ့ဖူးချေ။ သူမအမေသည်လည်း မိသားစုကြီးတစ်ခု၏ သခင်မလေးဖြစ်ရာ ကလေးဘဝကတည်းက စျေးကြီးသည့် အလှပြင်ပစ္စည်းများအားလုံးကို သုံးရလေသည်။ မုအိုက်သည် သူမ၏ကျောင်းလွယ်အိတ်ကိုပင် မသယ်ရချေ။ နောက်ဆုံး သူမ၏လက်များသည် ပန်းချီဆွဲရန် တစ်ခုတည်း အတွက်သာဖြစ်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now