အပိုင်း ( ၅၁) ငါတို့တွေ သူမကို အထင်သေးခဲ့မိတယ်

1.7K 210 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၅၁) ငါတို့တွေ သူမကို အထင်သေးခဲ့မိတယ်

“ဒါပေမဲ့ အခုကျတော့ ၊ အဘိုးက သဘောမတူတဲ့ဟာကို ကျွန်မက မထွက်သွားရင် ကျွန်မမှာရှိသမျှကို စွန့်လွှတ်ပြီး အမည်မရှိ ဘွဲ့ထူးမရှိဘဲ သူ့နောက်ကို လိုက်သွားရမှာလား၊ ကျွန်မကို အပျိုစင်မာရီလို့ ထင်တာလား၊ ကျွန်မကို အပြင်မှာ မယားငယ်တစ်ယောက်အဖြစ် ထားမဲ့အစား ကျွန်မအရည်အချင်းနဲ့ဆိုရင် တွမ့်ရှင်းယွမ်ထက် မနိမ့်တဲ့ယောကျ်ား၊ ကျွန်မကို လိုလိုလားလား လက်ထပ်ချင်တဲ့ယောက်ျားတစ်ယောက်ကို ရှာဖို့က လွယ်လွယ်လေးပါ”

ကုချင်းယွီသည် ပြောပြီးသည်နှင့်ချက်ချင်း တုံ့ဆိုင်းမနေဘဲ ထွက်သွားတော့သည်။

အဘိုးတွမ့်သည် သူမ ပိတ်သွားသည့် တံခါးကို ကြည့်ကာ မျက်မှောင်ကျုံ့သွားလေသည်။

သူမပြောခဲ့သည့်စကားများသည် လုံးဝငြင်းပယ်လို့မရအောင် ရိုးရှင်းနေရာ သူ့ကို ဒေါသထွက်သွားစေတော့သည်။

ထားလိုက်ပါ။ ဒီမိန်းမက လှပပြီး ဉာဏ်ကောင်းပေမဲ့ သူမက သူမှတ်မိတဲ့ပုံစံမျိုးနဲ့တော့ သိပ်မတူတော့ဘူး။

အစကတော့ ဒီမိန်းမက သူ့မြေးကို အရမ်းချစ်တယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ရတာတော့ သူမက သူတို့ဆက်ဆံရေးမှာ အရှုံးအမြတ် အရမ်းတွက်လွန်းတဲ့ပုံပဲ၊ ပြီးတော့ လွယ်လွယ်လေး လက်လျှော့လိုက်နိုင်တယ်။ သူမက တွမ့်ရှင်းယွမ်ကို အဲလောက်မချစ်တာ ရှင်းနေတာပဲလေ.....

နံရံပေါ်မှ ဗီဒိုသည် ဘေးဘက်သို့ ရွေ့သွားပြီးနောက် မျက်နှာပေါ်တွင် ခံစားချက် ရှုပ်ထွေးနေသည့် တွမ့်ရှင်းယွမ်သည် ဘေးအခန်းမှ ထွက်လာလေသည်။

“ မင်း ကြားလိုက်တယ်မလား”

အဘိုးတွမ့်က ဆက်ပြောလိုက်၏။

“ မင်းရဲ့ အဲဒီမိန်းကလေးကုက မင်းကို အဲလောက်မချစ်ပါဘူး၊ ငါ မြင်တာတော့ မင်း သူမကို လက်ထပ်ချင်တာတောင် သူမက သဘောတူချင်မှ တူမှာ”

သူ့အမျိုးသမီးကို အပြင်ဘက်တွင် ထားဖို့ရာ မဆိုထားနှင့် သူသည်လည်း အရမ်းနောက်မကျခင် လက်လျှော့သွားနိုင်လောက်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now