အပိုင်း (၁၆၇) လက်ထပ်မတဲ့လား

590 79 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၆၇) လက်ထပ်မတဲ့လား

ဝေလင်းလင်းသည် ကုချင်းယွီကို ကြည့်နေရင်းမှ သူမသည် ဘယ်မှမသွားနိုင်တော့သည့် လေမရှိသည့်ဘီးတစ်ခုလို ခံစားလိုက်ရလေသည်။

အစောပိုင်းက သူမသည် ကုချင်းယွီအပေါ် စိမ်းကားခဲ့ပြီး ချစ်သူလုဖက်တစ်ယောက်လိုပင် ဆက်ဆံခဲ့သေးသည်။ သို့သော် အခုတော့....

ကုချင်းယွီမှာလည်း ချစ်သူရှိပြီး သူမချစ်သူထက် လုံးဝမနိမ့်တဲ့သူတစ်ယောက် ဖြစ်မှာ သေချာတယ်။ ဒါပေမဲ့ တစ်ခုက သူမရဲ့ချစ်သူက လုံးဝ သဝန်တိုနေတဲ့ပုံ မပေါ်ဘူး၊ ပြီးတော့ ကုချင်းယွီအပေါ် ထားတဲ့ သူ့ခင်မင်ရင်းနှီးမှုက သူမရဲ့ ရုပ်ရှင်ကြောင့်ပဲလို့ ထင်တာရတယ်၊ အရင်ကတော့ သူမ မယုံခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေ့ ကုချင်းယွီရဲ့လုပ်ရပ်ကို မြင်လိုက်ရတော့ သူမ ယုံကြည်သွားမိတယ်....

ဝေလင်းလင်းသည် သူမ၏တူကို ကိုက်ရင်း ငေးကြောင်ကြောင်ဖြင့် ဖိနပ်အပါးဖြင့် လဲစီးနေသည့် ကုချင်းယွီကိုကြည့်နေမိလေသည်။

သူမ  အရင်တုန်းကတော့ မနာလိုဖြစ်ခဲ့ဖူးတယ် ဒါတွေက....

သူမက ကုချင်းယွီလောက် မတော်ဘူးဆိုတာ သိနေလို့များလား။

ဘာလို့လဲဆိုတော့ ကုချင်းယွီက လှတယ်လေ။ လှလွန်းလို့ သူမလို မိန်းမတစ်ယောက်ကတောင် နှစ်ခါပြန် ကြည့်ရတာမလို့လား။ သူမရဲ့မိသားစုလည်း မဆိုးသလို သူမကလည်း သိပ်တော်လို့လား။  သူမရဲ့ချစ်သူက ကုချင်းယွီရဲ့ပန်းချီကားကို နိုင်ငံတကာပန်းချီပြိုင်ပွဲတစ်ခုမှာ တွေ့လိုက်ပြီး သူမကို တွေ့ဖို့ နည်းလမ်း ရှာခဲ့လို့များလား။ ကုချင်းယွီက ဆီဆေးပန်းချီအုပ်စုမှာ ပထမဆုရခဲ့လို့များလား.....

ကုချင်းယွီက လှပြီး အင်အားရှိတယ် ပြီးတော့ သူမမှာ ဘာမှမလိုဘူး။ ကျွမ်းစစ်ရိကို ကြိုက်မယ်ဆိုရင်တောင် သူမ(ဝေလင်းလင်း)ကိုယ်တိုင်ကလည်း မဆိုးဘူး၊ ဒါပေမဲ့ ဒီမဆိုးဘူးဆိုတာက ကုချင်းယွီရှေ့မှာတော့ သာမန်အခြေအနေတစ်ခု ဖြစ်လာခဲ့တာကြောင့် သူမက ကုချင်းယွီကို မနာလိုပြီး သူမ၏ချစ်သူနဲ့ တစ်ခုခုဖြစ်နေတာလို့ သံသယဝင်သွားမိတာများလား။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now