အပိုင်း (၁၉) သူမကိုဖိအားပေးတဲ့သူတွေကို တန်ကြေး ပြန်ပေးဆပ်ခိုင်းမယ်

2.2K 256 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း (၁၉) သူမကိုဖိအားပေးတဲ့သူတွေကို တန်ကြေး ပြန်ပေးဆပ်ခိုင်းမယ်

ကုချင်းယွီသည် သူမ၏ဖုန်းကို ထုတ်လိုက်ပြီးနောက် ခုနက ရှန်ချန်းနှင့် ကုချင်းချန်တို့ စကားပြောထားသည့် စာမျက်နှာသည် စခရင်ပေါ်တွင် ပေါ်လာ၏။

သူမသည် အသံဖိုင်ကို နှိပ်လိုက်ရာ လင်းဟန်ကျောက်သည် ရင်းနှီးပြီးသား ဖြစ်သည့် ချိုသာပျော့ပြောင်းကာ ဝမ်းနည်လေသံဖြင့် ပြောနေသည့် ကုချင်းချန်၏အသံကို ကြားလိုက်ရ၏။

“ အစ်ကိုချန် တောင်းပန်ပါတယ်နော် လင်းဟန်ကျောက်က ညီမရဲ့အစ်မ ဟန်ဆောင်ပြီး အစ်ကိုနဲ့သိအောင် လုပ်ပေးဖို့ တကယ်မရည်ရွယ်ခဲ့ပါဘူး၊  အစ်ကို့ကို မြင်မြင်ချင်း ချစ်သွားတဲ့သူက လင်းဟန်ကျောက်ပါ ပြီးတော့ ညီမကို အစ်ကိုနဲ့မိတ်ဆက်ပေးဖို့ တောင်းပန်ခဲ့လို့ပါ၊ သူမက ညီမရဲ့သူငယ်ချင်းလေ သူမကို ငြင်းလို့မရလို့ အဲလိုလုပ်ပေးခဲ့တာပါ၊ တောင်းပန်ပါတယ်နော်၊ သူမက ညီမရဲ့အစ်မလို ဟန်ဆောင်လိမ့်မယ်လို့ တကယ်မသိခဲ့လို့ပါ....”

လင်းဟန်ကျောက်၏မျက်နှာသည် ပြောင်းလဲသွား၏။

ရှန်ချန်းသည် သူမ၏ပထမဆုံးချစ်သူဖြစ်သည်။ သူသည် ချမ်းသာရက်ရောပြီး ချောမောရာ သူမသည် သူ့ကို အမှန်ချစ်ခဲ့လေသည်။ သည်မနက်က ကုချင်းယွီ၏ ဝေ့ပေါ်ပိုစ့်ကို မြင်လိုက်ပြီးနောက် ပထမဆုံး သူမလုပ်ချင်ခဲ့သည်က သည်လိုလုပ်ရန် ခြိမ်းခြောက်ခဲ့သူက ကုချင်းချန်ဖြစ်ကြောင်း ရှန်ချန်းကို သွားရှာပြီး ပြောပြကာ ခွင့်လွှတ်ဖို့ တောင်းခံချင်ခဲ့၏။

တကယ်တော့ သူက အမြဲတမ်း ငါ့အပေါ်ကောင်းခဲ့တာပဲလေ။ ပြီးတော့ အရာအားလုံးကို ငါ့သဘောအတိုင်း လုပ်ခွင့်ပြုခဲ့သလောက်ပဲ ဆိုတော့ကာ သူ ငါ့ကို သေချောပေါက် ခွင့်လွှတ်မှာပဲ ဟုတ်တယ်မလား။

သို့သော် သူမ မျှော်လင့်မထားသည်က ကုချင်းချန်သည် အရင်ပေါ်လာပြီး သူမအပေါ် မြောင်းပုတ်ရေများ သွန်ချလိုက်မည်ကိုပင်။

သူမ၏မျက်နှာသည် ပြာနှမ်းသွားပြီးနောက် ဖြူဆွတ်သွားတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now