အပိုင်း ( ၃၁) သူ ရှင့်ကိုတွေ့ချင်တာဆိုရင် သွားတွေ့လိုက်ပါ

2.1K 230 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၃၁) သူ ရှင့်ကိုတွေ့ချင်တာဆိုရင် သွားတွေ့လိုက်ပါ

ကုချင်းချန်သည် သူမ၏အဖေက သည်တစ်ကြိမ်တွင် အခိုင်အမာဆုံးဖြတ်ထားသည်ကို ခန့်မှန်းမိသဖြင့် တုန်ယင်နေလေသည်။ တွမ့်ရှင်းယွမ်က သူ့ကို ပြောထားသဖြင့် သူမအမေ ပြောသမျှသည် အသုံးမဝင်တော့ပေ။

ထို့ကြောင့် သူမသည် တခြားတစ်ယောက်ကိုသာ ရှာရတော့မည်။

သို့သော် သူမဘေးတွင် ဒုတိယမျိုးဆက်သူဌေးလေးများစွာရှိသော်လည်း သူတို့သည်  Sမြို့မှဖြစ်ရာ ပင်ကိုအားဖြင့် ကုမိသားစုလောက် မချမ်းသာကြဘဲ တခြားလူများသည် ကုမိသားစုကို မထိရဲကြချေ။

သူမဘာလုပ်ရမလဲ။

သူမသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူမ၏မျက်လုံးများသည် လင်းဟန်ကျောက်၏ လိပ်စာကတ်ပေါ်သို့ ရုတ်တရက် ကျသွားတော့သည်။ ဓာတ်ပုံကို ကြည့်နေရင်း သူမ၏မျက်လုံးများသည် အရောင်တောက်သွားလေသည်။

ဟုတ်တယ်။ လင်းဟန်ကျောက်က ကုချင်းယွီနဲ့ တစ်ထပ်ထဲ တူတာမလား။ ချန်အန်းကော်က ငါ့အစ်မကို ပိုကြိုက်တာလေ။ ဒီတော့ သူက ငါ့ထက် လင်းဟန်ကျောက်ကို ပိုသဘောကျမှာ သေချာတယ်။

ပြီးတော့ လင်းဟန်ကျောက် ပလက်စတစ်ဆာဂျရီလုပ်ခဲ့တာကလည်း လူ့အသိုင်းအဝိုင်းလှေကားကို တက်ဖို့ပဲမလား။ ဒီတော့ ငါက သူမကို လူချမ်းသာတစ်ယောက်နဲ့ မိတ်ဆက်ပေးပြီး ကူညီပေးလိုက်မယ်။ ချန်အန်းကော်က ရှန်ချန်းထက် အများကြီး ပိုချမ်းသာတာ သိထားကြပြီးသားပဲလေ။

သူမသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စာတစ်စောင်ပို့လိုက်လေသည်။

“ကျောက်ကျောက် ရှန်ချန်းက နင့်ကို ခွင့်လွှတ်ပေးလိုက်ပြီလား”

အခုလေးတင်မှ liveလွှင့်ပြီးသွားသည့် လင်းဟန်ကျောက်သည် စာကို ဖတ်လိုက်ပြီး သူမ၏မျက်ခုံးများကို ပင့်လိုက်ကာ စခရင်ရှော့တ်ရိုက်ပြီး ကုချင်းယွီထံ ပို့လိုက်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now