အပိုင်း (၁၇၃) ထွက်လာခဲ့၊ ကိုယ်တံခါးရှေ့ရောက်နေပြီ

529 73 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၇၃) ထွက်လာခဲ့၊ ကိုယ်တံခါးရှေ့ရောက်နေပြီ

သုံးရက်လား။ မလိုပါဘူး။ မိနစ်သုံးဆယ်ဆိုရင် ရပြီလေ။

ကုချင်းယွီသည် သူမ၏ဉာဏ်ရည်တုရှေ့တွင် ထိုင်လိုက်ကာ သူမလုပ်ထားသည့် ဆော့ဖ်ဝဲ အဆင့်မြင့်လိုက်ပြီး ဗီဒီယို အပိုင်းလေးတွင် ထိုဆော့ဖ်ဝဲကို ထည့်သုံးလိုက်ရာ စက္ကန့်၃၀စာ ဗီဒီယိုစခရင်လေးသည် အံ့ဩမှင်တက်ဖွယ်ပုံရိပ်တစ်ခုအဖြစ် မှော်ဆန်ဆန် ပြောင်းလဲသွားတော့သည်...

သူမသည် ရေကို အေးအေးဆေးဆေး တစ်ငုံလောက်သောက်ရင်း ခဏလောက် စဥ်းစားလိုက်လေသည်။ အင်း.... မိနစ်သုံးဆယ်ထဲနဲ့ ပြီးတာက တော်တော်တော့လွန်တယ်။ ငါလေး ဒါကို  အခုနေ ပို့လိုက်ရင် LILAကလူတွေ အံ့ဩသွားကြမယ်ထင်တယ်၊ ဒီတော့ ၃ရက်ပြည့်အောင် စောင့်လိုက်ပါမယ်လေ။

ကုချင်းယွီသည် အေးဆေးဆေးထရပ်လိုက်ပြီး အပေါ်ထပ်က ပြန်လည်ပြင်ဆင်နေသံများကို ကြားလိုက်ရသဖြင့် မျက်မှောင်ကျုံ့သွားတော့သည်...

ဟင်း...ငါလေး အိမ်တစ်လုံးတော့ မြန်မြန်ရှာတာ ပိုကောင်းမယ်။ အခုဟာက ငှားထားတာဆိုတော့ ငါလေးအတွက် အဆင်မပြေတော့ဘူး။

ကုချင်းယွီအတွက် သန်းတစ်ထောင်ပမာဏဖြင့် အိမ်တစ်လုံးဝယ်ရန်က ကုန်စုံဆိုင်မှ ပစ္စည်းများ ဝယ်သလို လွယ်ကူသဖြင့် သူမသည် ထုပ်ပိုးကာ အိမ်ပြောင်းရန် ဝန်မလေးပါချေ။ သူမ အိမ်ပြောင်းတော့မည်ကို သိနေသည့် မုရိက ကားကို စောစောကတည်းက ပြင်ထားပြီး အောက်ထပ်တွင် သူမကို စောင့်နေလေသည်။

အနီးအနားရှိ အသင့်တော်ဆုံး လူနေအိမ်တစ်လုံးကို ဖေးဖေးအား ရှာခိုင်းလိုက်ပြီး အလွန်သီးသန့်ဆန်သည့် အိမ်ရာတစ်ခုသို့ ပြောင်းရန် သူမ ချက်ချင်းဆုံးဖြတ်လိုက်တော့သည်။ အိမ်အားလုံးသည် တော်တော်ဝေးပြီး အနုပညာကျောင်းနှင့်လည်း သိပ်မဝေးလှချေ။ သည့်ထက်ပို ပြည့်စုံကောင်းမွန်သည့် အိမ်မျိုး ထပ်ရှာနိုင်တော့မည် မဟုတ်ပေ။

ကုချင်းယွီသည် သူမကိုယ်ပိုင် လက်တွေ့စမ်းသပ်ခန်းတစ်ခု လုပ်ချင်နေသည်။ လက်တွေ့စမ်းသပ်ခန်း လုပ်နိုင်ရန် ထိုအိမ်ကို ချက်ချင်းဝယ်လိုက်တော့သည်။ သူမ၏လက်တွေ့စမ်းသပ်ခန်းသို့ မည်သူမှ ဝင်ခွင့်ရှိမည်မဟုတ်ရာ အခန်းမှာ အလွန်ကြီးစရာမလိုပေ။ ထိုနေရာတွင် ရှုခင်းလှလှလေးလေး ရှိနေရုံဖြင့် သင့်တော်သည်ထက်ကို ပိုသေးသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now