အပိုင်း (၁၀၀) တွမ့်ရှင်းယွမ်က ဘာသဘောလဲ

1.2K 140 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၀၀) တွမ့်ရှင်းယွမ်က ဘာသဘောလဲ

တွမ့်ရှင်းယွမ်သည် သူ့အား ထောက်ပံ့မှုများကို ပေးမည်ဟု ကတိပေးခဲ့သည့်အပြင် ကုကုမ္ပဏီ ကြီးထွားရေးအတွက် အကျိုးအမြတ်အားလုံးရနိုင်မည့် တော်ဝင်မြို့တော်က အရေးကြီးပုဂ္ဂိုလ်တချို့နှင့် မိတ်ဆက်ပေးမည်ဟုလည်း ကတိပေးခဲ့သေးသည်။

အကြောင်းမှာ ကုချင်းယွီက တွမ့်ရှင်းယွမ်နှင့် လက်ထပ်ရသည်ဖြစ်စေ လက်မထပ်ရသည်ဖြစ်စေ ဂရုမစိုက်သောကြောင့် သူသည် စိတ်ပူစရာမလိုခဲ့ချေ။ ဤနည်းဖြင့် ကုချင်းယွီသည် တွမ့်ရှင်းယွမ်၏ နှလုံးသားထဲတွင် ကြာမြင့်စွာရှိနေမည့် နှင်းဆီနီတစ်ပွဲ ဖြစ်လိမ့်မည်ဟုပင် မှတ်ယူထားသေးသည်။

သို့သော် သူမ Sမြို့သို့ ပြန်ရောက်သည်မှာ တစ်လကျော်သွားပြီဖြစ်ပြီး လဝက်အတွင်း တွမ့်ရှင်းယွမ်က သူ့ကို တစ်ကြိမ်ပင် မဆက်သွယ်လာခဲ့ချေ။

သူတို့၏စေ့စပ်ပွဲဖျက်သိမ်းပြီးနောက် တွမ့်ရှင်းယွမ်က ကုချင်းယွီအတွက် လက်ထပ်ပွဲနောက်တစ်ခု စီစဥ်ပေးမည့်ကိစ္စကို စိုးရိမ်သင့်သည်ဖြစ်ရာ တွမ့်ရှင်းယွမ်က သူ့အား ပိုစိတ်ဝင်တစားရှိသင့်လေသည်။ ကုဝမ်ချန်၏ တွက်ချက်မှုသည် အနည်းဆုံးတော့... သူ့ကို တားနိုင်မည့် အကျိုးအမြတ်တချို့ ပေးနိုင်လိမ့်မည်။

သို့သော် တွမ့်ရှင်းယွမ်က ဘာမှမလုပ်ခဲ့ချေ။ အစောပိုင်းက ပေးထားခဲ့သည့် ကတိကိုပင် အချိန်ဆွဲထားလေသည်။

ဧကန္တ.....

သူ ကုချင်းယွီကို လက်လျှေ့ာ့လိုက်ပြီလား။

နှစ်ပေါင်းများစွာက သူ့မျှော်လင့်ချက်များသည် ပျက်စီးတော့မလို ဖြစ်သွားတော့သည်။ အနာဂတ်တွင် တွမ့်ရှင်းယွမ်ဆီမှ ရရှိမည့်အကျိုးကျေးဇူးကို စိတ်ကူးယဥ်လာခဲ့သည့် ကုဝမ်ချန်မှာ သည်ကိစ္စကို လုံးဝလက်မခံနိုင်တော့ချေ။

ထို့ကြောင့်ပင် ကုချင်းယွီ ပြိုင်ပွဲပြီးသည့်နောက် ကျောင်းကို မပြန်သွားသည်ကို သိထားသဖြင့် သည်နေရာတွင် စောင့်နေခြင်းဖြစ်လေသည်။ သူသည် ရှင်းရှင်းလင်းလင်း သိရရန် သူမကို မေးချင်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now