အပိုင်း (၂၁) တန်ကြေးပြန်ပေးရမယ်

2.1K 256 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၂၁) တန်ကြေးပြန်ပေးရမယ်

ကုချင်းယွီသည် သူမ စိုးရိမ်နေသည့်အရာကို သိလိုက်ပြီးနောက် စာချုပ်ကို သူမလက်ထဲ တန်းထည့်ပေးလိုက်၏။

“ ရှင့် ရမဲ့အစုက ၈၀% ပြီးတော့ ကျန်တဲ့ ၂၀%က ထုတ်ပိုးတာနဲ့ ရှင့်ကို ပရိုမိုးရှင်းလုပ်ပေးမဲ့ ကုန်ကျစားရိတ်ပဲ၊ ရှင့်အလုပ်ကို လုံးဝတစ်ဦးထဲသဘောနဲ့ လုပ်ပိုင်ခွင့်ရှိတယ်၊ ပြီးတော့ ရှင် မလုပ်ချင်တာတွေကို ဖိအားပေးလုပ်မှာမဟုတ်ဘူး၊ စာချုပ်မှာ အချိန်ကန့်သတ်ချက်မရှိဘူး၊ ရှင် ထွက်ချင်တဲ့အချိန်ထွက်လို့ရတယ်၊ ရှင် ကျွန်မကို တစ်လပဲ ကြိုအသိပေးရုံပဲ၊ စာချုပ်ဖောက်ဖျက်လို့လဲ လျော်ကြေးမရှိဘူး”

သူမသည် အဓိကအချက်များကို အတိုချုံးပြောလိုက်ပြီးနောက် လင်းဟန်ကျောက်၏မျက်လုံးများသည် ဝိုင်းစက်သွားတော့သည်။

သတ်မှတ်ချက်တွေက အရမ်းကို ကောင်းတာပဲလား။

အွန်လိုင်းဆယ်လီများ၏ဝင်ငွေသည် ဤမျှကောင်းမွန်မှု မရှိသည့်အပြင် စာချုပ်ထဲတွင် ကုချင်းယွီ မဖော်ပြထားသည့် သူမအတွက် အကျိုးအမြတ်များစွာရှိနေကြောင်း သူမကောင်းကောင်းသိနေ၏။

သူမ၏စိတ်သည် လှုပ်ရှားသွားတော့သည်။

နာရီဝက်ကြာပြီးနောက် သူမသည် ဝေ့ပေါ်တွင် registerလုပ်လိုက်ပြီး အင်တာနက်အသုံးပြုသူများ၏ ဆဲရေးစော်ကားနေကြသည့် အခြေအနေအောက်တွင် ဗီဒီယိုတစ်ခုကို တင်လိုက်လေသည်။ သူမသည် ကုချင်းယွီကို တရားဝင် တောင်းပန်လိုက်ပြီးနောက် သူမ ပလက်စတစ်ဆာဂျရီလုပ်ဖြစ်ခဲ့ပုံ၊ ကုချင်းချန်နှင့် တွေ့ဆုံခဲ့ပုံနှင့် ကုချင်းယွီအဖြစ် ဟန်ဆောင်ခဲ့ပုံများကို ရှင်းပြလိုက်လေသည်။ သူမသည် စော်ကားမှုအမြောက်အများကို ရရှိနေသေးသော်လည်း သူမ ရလိုက်သည့် အာရုံစိုက်မှုများ ထူးခြားပြောင်မြောက်ပေသည်။

သူမဝေ့ပေါ်ပိုစ့်အောက်က မှတ်ချက်များသည် တစ်နာရီအတွင်း သောင်းကျော်သွားပြီး သူမ၏ဖန်များသည်လည်း တစ်နာရီမပြည့်ခင်မှာပင် တစ်သိန်းရောက်သွားတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now