အပိုင်း (၁၁၀) ငါးစာကို ဟပ်မိသွားတယ်

1.1K 138 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၁၀) ငါးစာကို ဟပ်မိသွားတယ်

ထို့နောက် ကုချင်းယွီက ပစ္စည်းများကို ချက်ချင်း ရောင်းထုတ်မည်မဟုတ်မှန်း တွေးမိပြီး အရောင်းဆိုင်ကို လိုက်ရှာလိမ့်မည်။

ထားလိုက်ပါမယ်လေ။ ကုချင်းယွီ ဘူးအသစ်ဖွင့်တဲ့အထိ စောင့်လို့ရတာနေတာပဲ။

ထိုသို့ တွေးလိုက်ပြီး လင်ရှောင်ရိ ထွက်သွားမည်ပြင်လိုက်စဥ် အမြဲတမ်း သော့ခတ်ထားသည့် ဗီဒိုတံခါးက ခတ်မထားဘဲ သည်အတိုင်းချိတ်ထားသည်ကို သတိထားမိသွားတော့သည်။

သူမ နှလုံးခုန် ပိုမြန်လာ၏....

သူမ၏လက်သည် မထိန်းနိုင်တော့ဘဲ သော့ဆီရောက်သွားတော့သည်။

စခရင်ကိုကြည့်ရင်း ကုချင်းယွီ အသာအယာရယ်မောလိုက်လေသည်။

သေချာပါပြီ။ လင်ရှောင်ရိက ငါ ချန်ခဲ့တဲ့ ငါးစာကို ဟပ်သွားပြီ။

လင်ရှောင်ရိမှာ သူမလုပ်သမျှအားလုံးကို ကုချင်းယွီက ရိုက်ကူးထားလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။ ပစ္စည်းများကို ထုပ်ပိုးပြီး သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်ပြီးနောက် အေးဆေးတည်ငြိမ်သည့် မျက်နှာထားဖြင့် ကျောပိုးအိတ်လွယ်ကာ စာသင်းခန်းဆီ ပြန်လာခဲ့လေသည်။ သူမသည် အတန်းတစ်ခု တက်ရန်ရှိသေးပြီး ရာသီလာနေသဖြင့် သန့်စင်ခန်း သွားလိုကြောင်း အကြောင်းပြကာ အဆောင်သို့ ပြန်လစ်လာခြင်းဖြစ်လေသည်။ ထို့ကြောင့် စီးစီးနှင့် ရှဇီရို့က တစ်ခုခုထူးခြားနေသည်ကို သတိမထားမိခဲ့မိကြချေ။

“ အတန်းတောင် စ,တော့မယ် ချင်ယွီ ဘယ်တွေသွားနေတာလဲ မသိဘူး”

စီးစီးသည် တံခါးဘက်ကို ဇဝေဇဝါ ကြည့်လိုက်လေသည်။

ထိုအချိန်မှာပင် ကုချင်းယွီ ပေါ်လာလေသည်။ သူမ နောက်တွင်တော့ ကျောင်အုပ်ကြီးနှင့် ရဲများ.... ပါလာလေသည်။

ကျောင်းအုပ်ကြီးမျက်နှာထားမှာ သိပ်မကောင်းချေ။ သူဝင်လာသည်နှင့်တစ်ပြိုင်နက် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး ခေါင်းလောင်း မြည်သွားလေသည်။ တာဝန်ကျဆရာသည်လည်း ရောက်လာ၏။ ကျောင်းအုပ်က ပြောလိုက်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now