Chapter 343

1.1K 112 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (343) ပါရမီရှင်

နတ်ဘုရားမမြို့တော် သုတ်သင်ခံနေရစဉ်တွင် ဘုန်းခနဲ အသံနှင့်အတူ သွေးသံတရဲရဲနှင့် ခန္ဓာကိုယ်တစ်ခုသည် မိုင်ခြောက်ရာ အကွာရှိ တောအုပ်တစ်ခုထဲသို့ လေထဲမှ ပြုတ်ကျလာသည်။
“အား….”
ထိုလူသည် စိတ်ပျက်လက်ပျက် ဖြစ်နေ၏။
သူ့ခန္ဓာကိုယ်သည် ဆိုးရွားစွာ ပုံပျက်နေပြီး သူ၏ သွေးသံတရဲရဲနှင့် အသားစများက ထင်းခနဲ ပေါ်နေ၏။ သူသည် နာကျင်မှုကြောင့် တုန်ယင်နေသည်။
သူသည် မသေမျိုး လျှို့ဝှက်သိုင်းကွက်ဖြင့် ထွက်ပြေးလာသော အလင်းတော် ဘုန်းတော်ကြီး ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူသည် အလွန် ရက်စက်၍ ပြင်းထန်သော အကြည့်များဖြင့် ရေရွတ်နေသည်။
“ယဲ့ဖန်၊ စောင့်ကြည့်နေ၊ အခုချိန်ကစပြီး အလင်းတော် ဘုန်းတော်ကြီး ဖြစ်တဲ့ ငါ ဘာကာက မင်းနဲ့ ငါ့နောက်ဆုံးထွက်သက်အထိ တိုက်ခဲ့မယ်ကွ”
သူ၏ စူးရှ၍ ရက်စက်သော ကြုံးဝါးသံက တောအုပ်အနှံ့ ပဲ့တင်ထပ်သွားသဖြင့် အိပ်စက်နေသော သားရဲရိုင်းများအား နှိုးသလို ဖြစ်သွားသည်။ ထို့ကြောင့် သားရဲရိုင်းများသည် ဆက်တိုက်ဆိုသလို ဟိန်းဟောက်လာကြ၏။
မသေမျိုး ခန္ဓာကိုယ်နှင့် အလင်းတော် လျှို့ဝှက်သိုင်းကျမ်းတို့နှင့်အတူ ဘာကာသည် အရင်က သည်လောက် အလွန် အန္တရာယ်များသည့် အခြေအနေမျိုး မကြုံတွေ့ဖူးပေ။
ယဲ့ဖန်သည် သူ ဆုံခဲ့သမျှထဲတွင် သူ့အား သတ်နိုင်လောက်သည်အထိ အခွင့်အရေးရခဲ့သည့် ပထမဆုံးသူပင် ဖြစ်သည်။
ယခုအချိန်မှစ၍ သူသည် ယဲ့ဖန်အား သူ၏ မဟာ့မဟာ ရန်သူတော်ကြီးအဖြစ် သတ်မှတ် လိုက်လေတော့သည်။
နတ်ဘုရားမမြို့တော် ရှိရာအရပ်သို့ နာကျည်းစွာ လှမ်းကြည့်ရင်း အလင်းတော် ဘုန်းတော်ကြီးသည် ချက်ချင်း တစ်ဘက်ပြန်လှည့်ကာ တောနက်ထဲသို့ ပို၍ ဝင်ရောက်သွားရန် ကြံစည်လိုက်သည်။
တစ်လှမ်းပြီးတစ်လှမ်း။
သူ၏ နီရဲနေသော သွေးများက မြေကြီးပေါ် စီးကျလာလေ သူ ပိုပြီး မုန်းတီးလာလေ ဖြစ်သည်။ သူ မီတာ ငါးရာဝန်းကျင်ခန့် လမ်းလျှောက်လာပြီးနောက် ရှေ့မလှမ်းမကမ်းရှိ ကျောက်တုံးကြီးပေါ်၌ လူနှစ်ယောက် ထိုင်နေသည်ကို သူ မြင်လိုက်ရသည်။
ထိုနှစ်ယောက်သည် သူတောင်းစား နှစ်ယောက်ဖြစ်သည်၊ တစ်ယောက်ကား အဘိုးအို ဖြစ်ပြီး ကျန်တစ်ယောက်က ငယ်ရွယ်လေသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူတောင်းစားအိုကြီးကို မြင်သည်နှင့် သူသည် ရန်သူက သာမန်လူ မဖြစ်နိုင်ဘဲ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်တစ်ယောက်ဟု ခံစားမိကာ စိတ်ထင့်လာမိသည်။
ထို့နောက် သူသည် စိတ်ရောကိုယ်ပါ ကြောက်လန့်လာပြီး ကတုန်ကယင် ဖြစ်နေသည်။
အလင်းတော် ဘုန်းတော်ကြီး ထိုကျောက်တုံးနားသို့ နီးကပ်လာသည်နှင့် သူတောင်းစားအိုကြီးက ရုတ်ချည်း မျက်လုံးကို ဖွင့်လာ၍ ပြောလိုက်သည်။
“ကောင်လေး ငါ မင်းကို စောင့်နေတာ တစ်ရက်တောင် ရှိနေပြီ”
*ဘာ*
ထိုအဘိုးအို၏ စကားကြောင့် အလင်းတော် ဘုန်းတော်ကြီး ထိတ်လန့်သွားသည်။
*သူ စောင့်နေတာ တစ်ရက်တောင် ရှိပြီလား*
*ဒီတိုက်ပွဲမှာ ငါ ရှုံးပြီးတော့ ဒီနေရာကို မသေမျိုး လျှို့ဝှက်သိုင်းကွက်နဲ့ ထွက်ပြေးလာမယ်ဆိုတာကို ဒီအဘိုးကြီးက သိနေတာလား*
*ဒါ … မဖြစ်နိုင်ဘူး*
အလင်းတော် ဘုန်းတော်ကြီးသည် သူတောင်းစားအိုကြီးအား သတိကြီးကြီးထား၍ ကြည့်ကာ မေးလိုက်သည်။
“ခင်ဗျားကို ယဲ့ဖန် လွှတ်လိုက်တာလား”
သူ့စကားကြောင့် သူတောင်းစားအိုကြီးက ခပ်ဖွဖွ ပြုံး၍ ခေါင်းခါလာသည်။ ထိုစဉ် အလင်းတော် ဘုန်းတော်ကြီးက ရုတ်တရက် လက်တစ်ဘက်ကို ဆန့်ထုတ်ကာ အဖြူရောင် အလင်းတန်းတစ်ခုအား သူတောင်းစားအိုကြီး၏ လည်ပင်းထံသို့ ထုတ်လွှတ်လိုက်သည်။
မည်မျှ မြန်ဆန်လိုက်သည့် အငိုက်ဖမ်း တိုက်ခိုက်မှုပါလိမ့်။
ထိုတိုက်ခိုက်မှု၌ အလင်းတော် ဘုန်းတော်ကြီး၏ လက်ကျန် အင်အားစုများ ပါဝင်နေသည်။ ထိုသူတောင်းစားအိုကြီးက မည်သူ ဖြစ်နေပါစေ၊ သူသည် သူ့ဘဝအား မည်သူမျှ ခြိမ်းခြောက်ခွင့် ပြုနိုင်မည် မဟုတ်ပါ။
သို့သော် ထိုအချိန်တွင် မယုံကြည်နိုင်သော အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာသည်။
သူတောင်းစားအိုကြီးသည် အလင်းတော် ဘုန်းတော်ကြီး၏ တိုက်ခိုက်မှုကို ခန့်မှန်းခဲ့မိပုံရပြီး အင်္ကျီလက်စကို အသာ ဝေ့လိုက်သည်။
ချက်ချင်းဆိုသလိုပင် ထိတ်လန့်ဖွယ် အင်အားတစ်ခုက အဖြူရောင် အလင်းတန်းကို လွှမ်းခြုံသွားသည်။
ဝှစ်!
အဖြူရောင် အလင်းတန်းသည် ချက်ချင်း ပျက်စီးကာ လွင့်ပြယ်သွား၏။
*ဟင်*
အလင်းတော် ဘုန်းတော်ကြီးသည် ဤမြင်ကွင်းကြောင့် လုံးဝ မှင်တက်သွားသည်။ သူ၏ အားကုန်ထုတ်သုံးလိုက်သည့် တိုက်ကွက်အား ရန်သူက အလွယ်တကူ ချေဖျက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
တစ်ကိုယ်လုံး တုန်ယင်လာပြီး ချက်ချင်း နောက်လှည့်၍ ထွက်ပြေးရန် ကြံလိုက်သည်။ သို့သော် နောက်ကျသွားချေပြီ။
ထိုအချိန်တွင် ကြိုးတစ်ယောက်က သူ့ထံ ပြေးဝင်လာပြီး ပျော့ပျောင်းသော မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်သွားသည်။
ထို့နောက် သူ မြေကြီးပေါ် လဲကျသွားသည်။ သူသည် ကြိုးမှ အတင်းရုန်းကန်းနေရင်း ဟစ်အော်လိုက်သည်။
“ခင်ဗျား ဘယ်သူလဲ၊ ခင်ဗျား ဘာလို့ ကျုပ်ကို ဖမ်းတာလဲ”
အလင်းတော် ဘုန်းတော်ကြီးသည် ထိတ်လန့်ကာ ဒေါသတကြီးဖြင့် အော်လိုက်သည်။ ထိုသူတောင်းစားအိုကြီး၏ တိုက်ပွဲဝင် ခွန်အားသည် သူ ထင်ထားတာထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသေးသည်။
ထိုသူတောင်းစားအိုကြီးသည် အလင်းတော် ဘုန်းတော်ကြီး ဆုံတွေ့ဖူးသမျှထဲ၌ ထိတ်လန့်ဖွယ် အကောင်းဆုံး သိုင်းပညာရှင် ဖြစ်သည်။
ခြေသံတစ်ချို့နှင့်အတူ သူတောင်းစားအိုကြီးသည် ဖြည်းဖြည်းချင်း ထလာ၍ အလင်းတော် ဘုန်းတော်ကြီးထံသို့ လျှောက်လာသည်။
ထို့နောက် သူက ပြုံး၍ အလွန် ထိတ်လန့်၍ နားလည် သဘောပေါက်သွားဟန်ဖြင့် ပြောလာသည်။
“ရက်စက်တယ်၊ တိကျတယ် ပြီးတော့ လူမဆန်ဘူး။ အဲ့ဒါအပြင်ကိုမှ မသေမျိုး ခန္ဓာကိုယ်နဲ့ အလင်းတော် လျှို့ဝှက်သိုင်းကွက်”
“မင်းက ငါရှာနေတဲ့ တစ်ယောက်ပဲ။ ငါမင်းကို စောင့်နေတာ နှစ်ရာချီနေပြီ”
*ဘာ*
သူ့စကားကြောင့် အလင်းတော် ဘုန်းတော်ကြီး မှင်တက်သွားရသည်။
*သူ ငါ့ကို စောင့်နေတာ နှစ်ရာချီနေပြီတဲ့လား*
*ဒါ မဖြစ်နိုင်ဘူး*
သို့သော် သူတောင်းစားအိုကြီးက အလင်းတော် ဘုန်းတော်ကြီး၏ အမူအရာကို ဂရုမစိုက်ပေ။ ထို့နောက် သူက အလွန် စိတ်လှုပ်ရှား တက်ကြွဟန်ဖြင့် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းက ပါရမီရှင် သားတော်ပဲ”

သုံးရက်ကြာပြီးနောက် ထိပ်တန်းအင်အားစု လေးခုထဲမှ တစ်ခုဖြစ်သည့် အလင်းတော် ဘုရားကျောင်း ဖယ်ရှားခံလိုက်ရသည်။
ဘုရားကျောင်းထဲမှ မည်သူမျှ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း မရှိပေ။
ဆယ်ရက်ကြာပြီးနောက် အိန္ဒိယမှ ကာရိုးလ် ဘုရားကျောင်း ပျက်ဆီးသွားခဲ့သည်။ ကာရိုးလ် ဘုရားကျောင်း၏ နောက်လိုက်များ အားလုံး အသတ်ခံလိုက်ရသည်။
ဆယ့်ငါးရက် ကြာပြီးနောက် ထိုင်းနိုင်ငံရှိ ဝူနတ်ဘုရား ဘုရားကျောင်း ပျက်သုဉ်းသွားခဲ့သည်။ မှော်ဆရာများအားလုံး သုတ်သင်ခံလိုက်ရပြီ။
လဝက်မျှအချိန်လေးအတွင်း၌ နတ်ဘုရားမမြို့တော် အပါအဝင် ထိပ်တန်းအင်အားစုလေးခုလုံး ရှင်းလင်းခံလိုက်ရ၏။
ဤသတင်းက ကမ္ဘာကြီးအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ထို့အပြင် နာမည်တစ်ခုက ကမ္ဘာတစ်ဝန်းလုံး၌ ကျော်ကြားလာလေတော့သည်။
ထိုနာမည်ကား ယဲ့ဖန်ပင်။
သူသည် ကမ္ဘာမြေပေါ်ရှိ သိုင်းလောက အသိုင်းအဝိုင်း၌ အကျော်အမော် ဖြစ်လာခဲ့သည်။ သူ ဖြတ်သွားသည့် ဘယ်နေရာမဆို၌ အမြဲ အလောင်းများ ကျန်ရစ်ခဲ့သည်။
သူသည် ရက်စက်၍ လူမဆန်လှပေ။ ကမ္ဘာပေါ်ရှိ ထိပ်သီးပုဂ္ဂိုလ်များအားလုံး သူ့ကို ကြောက်ရွံ့ကြသည်။
ထို့ပြင် လဝက်အတွင်း၌ ကမ္ဘာတစ်လွှားရှိ သိုင်းလောက၌ ကြီးမားသော ပြောင်းလဲမှုနှင့် ကြုံတွေ့ခဲ့ကြရသည်။
များစွာသော ဆန်းကြယ်သည့် ဂုဏ်သတင်းကြီး၍ ကြာမြင့်စွာ ရပ်တည်လာခဲ့ကြသော ရှေးဟောင်း ကလန်များ ပေါ်ပေါက်လာသည်။
သူတို့သည် ကြောက်မက်ဖွယ်ကောင်းသည့် ထိပ်တန်း အင်အားစုလေးခု၏ နေရာအား အစားထိုး ဝင်ရောက်လာကြပြီး ကမ္ဘာအနှံ့အပြားရှိ ဌာနချုပ်များအား အုပ်ချုပ်သည့် အင်အားစုများ အဖြစ် လျင်မြန်စွာ တိုးတက်လာခဲ့ကြသည်။
ထို့အပြင် ထိုဂုဏ်သတင်းကြီး၍ ကြာမြင့်စွာ ရပ်တည်လာခဲ့ကြသော ရှေးဟောင်း ကလန်များသည် သူတို့၏ အင်အားစုများကို နှစ်ပေါင်းများစွာ ပုန်းကွယ်၍ ထားခဲ့ကြသဖြင့် သူတို့အားလုံး၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်ရှိုင်းသော နောက်ခံအင်အားများ ရှိကြသည်။
ထိုဂုဏ်သတင်းကြီး၍ ကြာမြင့်စွာ ရပ်တည်လာခဲ့ကြသော ရှေးဟောင်း ကလန်တစ်ခုချင်းစီ၌ စစ်မှန်သော နတ်ဘုရားများ ရှိကြသည်။
….
ကျန်းရှီမြို့၊ ဟွာရှ အခြေစိုက် ဌာနချုပ်၌။
မြို့ထဲမှ လူတိုင်း စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ ကျန်းရှီမြို့ရှိ များစွာသော သိုင်းပညာရှင်များသည် ကျန်းရှီ မြို့လယ်ခေါင်ကွက်လပ်၌ စုဝေးနေကြပြီး မြို့လယ်ခေါင် ကွက်လပ်ရှိ မြင့်မားသော စင်မြင့်ပေါ်ရှိ သိုင်းပညာရှင်နှစ်ယောက်အား သုန်မှုန်နေသော အမူအရာများဖြင့် ကြည့်နေကြသည်။
နတ်ဘုရားအဆင့်နှစ်ယောက်၊ တစ်ယောက်ကား အနောက်တိုင်းသား လူကြီးတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်သည် အရှေ့တိုင်းသား လူငယ်လေးတစ်ယောက်တို့ စင်မြင့်ပေါ်၌ ရပ်နေကြခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် ကမ္ဘာမြေ အဖွဲ့အစည်းချုပ်၏ သံတမန်များ ဖြစ်ကြသည်။
ယခုအချိန်တွင် အရှေ့တိုင်းသား လူငယ်လေးတစ်ယောက်သည် ရေခီစွမ်းအင်ကို နက်ရှိုင်းစွာ ရှုရှိုက်လိုက်သည်။ ချက်ချင်းဆိုသလို သူသည် တစ်ကိုယ်လုံး ချောမွေ့သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် ကျေနပ်သွားသလို သက်မချလိုက်သည်။
“အံ့ဩစရာပဲ”
တောက်ပနေသော မျက်လုံးများနှင့် လူငယ်လေးက ထပ်ပြောလာသည်။
“ကျန်းရှီမြို့ရဲ့ ရေခီစွမ်းအင်က ဟွမ်ဖူကလန်ရှိတဲ့ နေရာထက် ဆယ်ဆပိုပြီး ပေါများနေတာပဲ။ ဒါက တကယ့်ကို ကျင့်ကြံခြင်းအတွက် မွန်မြတ်တဲ့ နေရာပဲ”
သူ့စကားကြောင့် ဘေးရှိ အနောက်တိုင်းသား လူကြီးက ပြုံး၍ ပြောလိုက်သည်။
“သခင်လေး ဟွမ်ဖူ၊ စိတ်မပူပါနဲ့။ ဗဟို စီနီယာအဖွဲ့အစည်းချုပ်က ရှေးဟောင်းကလန်သုံးခုကို ဟွာရှအခြေစိုက် ဌာနချုပ်ကို အုပ်ချုပ်ခွင့် ပေးလိုက်ပြီဆိုတော့ သေချာပေါက် ကျန်းရှီမြို့က ခင်ဗျား အပိုင်ပါပဲ”
“ခင်ဗျား သဘောကျမယ်ဆို ခင်ဗျားရဲ့ ကလန်ကို ဒီမြို့ကို ပြောင်းလာခဲ့လို့ ရပါတယ်”
ထိုလူကြီး၏ အကြံပေးစကားကြောင့် အရှေ့တိုင်းသား လူငယ်လေးက စိတ်ကျေနပ်သလို အမူအရာမျိုး ပြလာသည်။
ထို့နောက် စင်အောက်မှ ကျန်းရှီမြို့ သိုင်းပညာရှင်များက သူတို့ကို စိုက်ကြည့်နေကြသည်ကို သူတို့ သတိထားမိသွားကြသည်။
ထို့ကြောင့် အနောက်တိုင်းသား လူကြီးက ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
“ကျန်းရှီမြို့က သိုင်းပညာရှင်တို့ ကျုပ်က ကမ္ဘာမြေ အဖွဲ့အစည်းချုပ်က သံတမန် ချာလီပဲ”
“သိပ်မကြာခင်က ကျုပ်တို့ ဟွာရှ အခြေစိုက် ကုန်းမြေဒေသက မြစ်ချောင်းတွေထဲမှ ဧကရာဇ်အဆင့် သားရဲကောင်တွေကို ကျုပ်တို့ ရှာတွေခဲ့တယ်။ သားရဲကောင်တွေရဲ့ အလားအလာကို ရှာတွေ့ခဲ့တယ်။ ဒါကြောင့် ကမ္ဘာမြေ အဖွဲ့အစည်းချုပ်က ထိပ်သီး အဖွဲ့အစည်းက ဟွမ်ဖူကလန်၊ စစ်မာကလန်နဲ့ ကုန်းစွန်းကလန်တို့က ကမ္ဘာပေါ်က ရှေးဟောင်းကလန်တွေဖြစ်တဲ့အတွက် ဒီကလန်တွေကို ဟွာရှ အခြေစိုက် ဌာနချုပ်ရဲ့ ခေါင်းဆောင်တွေအဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ”
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ယဲ့ဖန်နဲ့ ဟွာရှနိုင်ငံက အခြား သိုင်းပညာရှင်အားလုံး ရှေးဟောင်းကလန် သုံးခုရဲ့ အမိန့်တွေကို နာခံပြီးတော့ သားရဲရိုင်းတွေကို သူတို့နဲ့အတူ ခုခံတိုက်ခိုက်ရမယ်”
ထိုသို့ပြောပြီး အနောက်တိုင်းသား လူကြီး ချာလီက စာချုပ်စာတမ်းတစ်ခုကို ထုတ်လိုက်ပြီး ထပ်ပြောလိုက်သည်။
“ကမ္ဘာမြေ အဖွဲ့အစည်းချုပ်ရဲ့ အမိန့်က အခုချိန်က စပြီး အကျုံးဝင်ပါပြီ”
သူ့စကားကြောင့် ကျန်းရှီသိုင်းပညာရှင်များအားလုံး ကြောက်စိတ်များဖြင့် ပြည့်နှက်လာကြသည်။
*သူတို့အမိန့်ကို နာခံရမယ်*
*ဒါဆို ယဲ့ဖန်ရော ကျန်တဲ့ ဟွာရှသိုင်းပညာရှင် အားလုံးပါ ရှေးဟောင်းကလန် သုံးခုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားမှာပေါ့*
*ဒါ … လုံးဝ လက်မခံနိုင်ဘူး*
ချက်ချင်းဆိုသလိုပင် မြို့လယ်ခေါင် ကွက်လပ်၌ ပွက်လောရိုက်လာကြသည်။
#Zawgyi
စာစဥ္ (23) CHAPTER (343) ပါရမီရွင္
နတ္ဘုရားမၿမိဳ႕ေတာ္ သုတ္သင္ခံေနရစဥ္တြင္ ဘုန္းခနဲ အသံႏွင့္အတူ ေသြးသံတရဲရဲႏွင့္ ခႏၶာကိုယ္တစ္ခုသည္ မိုင္ေျခာက္ရာ အကြာရွိ ေတာအုပ္တစ္ခုထဲသို႔ ေလထဲမွ ျပဳတ္က်လာသည္။
“အား….”
ထိုလူသည္ စိတ္ပ်က္လက္ပ်က္ ျဖစ္ေန၏။
သူ႔ခႏၶာကိုယ္သည္ ဆိုး႐ြားစြာ ပုံပ်က္ေနၿပီး သူ၏ ေသြးသံတရဲရဲႏွင့္ အသားစမ်ားက ထင္းခနဲ ေပၚေန၏။ သူသည္ နာက်င္မႈေၾကာင့္ တုန္ယင္ေနသည္။
သူသည္ မေသမ်ိဳး လွ်ိဳ႕ဝွက္သိုင္းကြက္ျဖင့္ ထြက္ေျပးလာေသာ အလင္းေတာ္ ဘုန္းေတာ္ႀကီး ျဖစ္သည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူသည္ အလြန္ ရက္စက္၍ ျပင္းထန္ေသာ အၾကည့္မ်ားျဖင့္ ေရ႐ြတ္ေနသည္။
“ယဲ့ဖန္၊ ေစာင့္ၾကည့္ေန၊ အခုခ်ိန္ကစၿပီး အလင္းေတာ္ ဘုန္းေတာ္ႀကီး ျဖစ္တဲ့ ငါ ဘာကာက မင္းနဲ႔ ငါ့ေနာက္ဆုံးထြက္သက္အထိ တိုက္ခဲ့မယ္ကြ”
သူ၏ စူးရွ၍ ရက္စက္ေသာ ႀကဳံးဝါးသံက ေတာအုပ္အႏွံ႔ ပဲ့တင္ထပ္သြားသျဖင့္ အိပ္စက္ေနေသာ သားရဲ႐ိုင္းမ်ားအား ႏႈိးသလို ျဖစ္သြားသည္။ ထို႔ေၾကာင့္ သားရဲ႐ိုင္းမ်ားသည္ ဆက္တိုက္ဆိုသလို ဟိန္းေဟာက္လာၾက၏။
မေသမ်ိဳး ခႏၶာကိုယ္ႏွင့္ အလင္းေတာ္ လွ်ိဳ႕ဝွက္သိုင္းက်မ္းတို႔ႏွင့္အတူ ဘာကာသည္ အရင္က သည္ေလာက္ အလြန္ အႏၲရာယ္မ်ားသည့္ အေျခအေနမ်ိဳး မႀကဳံေတြ႕ဖူးေပ။
ယဲ့ဖန္သည္ သူ ဆုံခဲ့သမွ်ထဲတြင္ သူ႔အား သတ္ႏိုင္ေလာက္သည္အထိ အခြင့္အေရးရခဲ့သည့္ ပထမဆုံးသူပင္ ျဖစ္သည္။
ယခုအခ်ိန္မွစ၍ သူသည္ ယဲ့ဖန္အား သူ၏ မဟာ့မဟာ ရန္သူေတာ္ႀကီးအျဖစ္ သတ္မွတ္ လိုက္ေလေတာ့သည္။
နတ္ဘုရားမၿမိဳ႕ေတာ္ ရွိရာအရပ္သို႔ နာက်ည္းစြာ လွမ္းၾကည့္ရင္း အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ ခ်က္ခ်င္း တစ္ဘက္ျပန္လွည့္ကာ ေတာနက္ထဲသို႔ ပို၍ ဝင္ေရာက္သြားရန္ ႀကံစည္လိုက္သည္။
တစ္လွမ္းၿပီးတစ္လွမ္း။
သူ၏ နီရဲေနေသာ ေသြးမ်ားက ေျမႀကီးေပၚ စီးက်လာေလ သူ ပိုၿပီး မုန္းတီးလာေလ ျဖစ္သည္။ သူ မီတာ ငါးရာဝန္းက်င္ခန႔္ လမ္းေလွ်ာက္လာၿပီးေနာက္ ေရွ႕မလွမ္းမကမ္းရွိ ေက်ာက္တုံးႀကီးေပၚ၌ လူႏွစ္ေယာက္ ထိုင္ေနသည္ကို သူ ျမင္လိုက္ရသည္။
ထိုႏွစ္ေယာက္သည္ သူေတာင္းစား ႏွစ္ေယာက္ျဖစ္သည္၊ တစ္ေယာက္ကား အဘိုးအို ျဖစ္ၿပီး က်န္တစ္ေယာက္က ငယ္႐ြယ္ေလသည္။
ဘာရယ္ေၾကာင့္မွန္း မသိေသာ္လည္း သူေတာင္းစားအိုႀကီးကို ျမင္သည္ႏွင့္ သူသည္ ရန္သူက သာမန္လူ မျဖစ္ႏိုင္ဘဲ ေၾကာက္မက္ဖြယ္ေကာင္းေသာ သိုင္းပညာရွင္တစ္ေယာက္ဟု ခံစားမိကာ စိတ္ထင့္လာမိသည္။
ထို႔ေနာက္ သူသည္ စိတ္ေရာကိုယ္ပါ ေၾကာက္လန႔္လာၿပီး ကတုန္ကယင္ ျဖစ္ေနသည္။
အလင္းေတာ္ ဘုန္းေတာ္ႀကီး ထိုေက်ာက္တုံးနားသို႔ နီးကပ္လာသည္ႏွင့္ သူေတာင္းစားအိုႀကီးက ႐ုတ္ခ်ည္း မ်က္လုံးကို ဖြင့္လာ၍ ေျပာလိုက္သည္။
“ေကာင္ေလး ငါ မင္းကို ေစာင့္ေနတာ တစ္ရက္ေတာင္ ရွိေနၿပီ”
*ဘာ*
ထိုအဘိုးအို၏ စကားေၾကာင့္ အလင္းေတာ္ ဘုန္းေတာ္ႀကီး ထိတ္လန႔္သြားသည္။
*သူ ေစာင့္ေနတာ တစ္ရက္ေတာင္ ရွိၿပီလား*
*ဒီတိုက္ပြဲမွာ ငါ ရႈံးၿပီးေတာ့ ဒီေနရာကို မေသမ်ိဳး လွ်ိဳ႕ဝွက္သိုင္းကြက္နဲ႔ ထြက္ေျပးလာမယ္ဆိုတာကို ဒီအဘိုးႀကီးက သိေနတာလား*
*ဒါ … မျဖစ္ႏိုင္ဘူး*
အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ သူေတာင္းစားအိုႀကီးအား သတိႀကီးႀကီးထား၍ ၾကည့္ကာ ေမးလိုက္သည္။
“ခင္ဗ်ားကို ယဲ့ဖန္ လႊတ္လိုက္တာလား”
သူ႔စကားေၾကာင့္ သူေတာင္းစားအိုႀကီးက ခပ္ဖြဖြ ၿပဳံး၍ ေခါင္းခါလာသည္။ ထိုစဥ္ အလင္းေတာ္ ဘုန္းေတာ္ႀကီးက ႐ုတ္တရက္ လက္တစ္ဘက္ကို ဆန႔္ထုတ္ကာ အျဖဴေရာင္ အလင္းတန္းတစ္ခုအား သူေတာင္းစားအိုႀကီး၏ လည္ပင္းထံသို႔ ထုတ္လႊတ္လိုက္သည္။
မည္မွ် ျမန္ဆန္လိုက္သည့္ အငိုက္ဖမ္း တိုက္ခိုက္မႈပါလိမ့္။
ထိုတိုက္ခိုက္မႈ၌ အလင္းေတာ္ ဘုန္းေတာ္ႀကီး၏ လက္က်န္ အင္အားစုမ်ား ပါဝင္ေနသည္။ ထိုသူေတာင္းစားအိုႀကီးက မည္သူ ျဖစ္ေနပါေစ၊ သူသည္ သူ႔ဘဝအား မည္သူမွ် ၿခိမ္းေျခာက္ခြင့္ ျပဳႏိုင္မည္ မဟုတ္ပါ။
သို႔ေသာ္ ထိုအခ်ိန္တြင္ မယုံၾကည္ႏိုင္ေသာ အျဖစ္အပ်က္ တစ္ခု ျဖစ္ေပၚလာသည္။
သူေတာင္းစားအိုႀကီးသည္ အလင္းေတာ္ ဘုန္းေတာ္ႀကီး၏ တိုက္ခိုက္မႈကို ခန႔္မွန္းခဲ့မိပုံရၿပီး အက်ႌလက္စကို အသာ ေဝ့လိုက္သည္။
ခ်က္ခ်င္းဆိုသလိုပင္ ထိတ္လန႔္ဖြယ္ အင္အားတစ္ခုက အျဖဴေရာင္ အလင္းတန္းကို လႊမ္းၿခဳံသြားသည္။
ဝွစ္!
အျဖဴေရာင္ အလင္းတန္းသည္ ခ်က္ခ်င္း ပ်က္စီးကာ လြင့္ျပယ္သြား၏။
*ဟင္*
အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ ဤျမင္ကြင္းေၾကာင့္ လုံးဝ မွင္တက္သြားသည္။ သူ၏ အားကုန္ထုတ္သုံးလိုက္သည့္ တိုက္ကြက္အား ရန္သူက အလြယ္တကူ ေခ်ဖ်က္သြားလိမ့္မည္ဟု ထင္မွတ္မထားခဲ့မိေပ။
တစ္ကိုယ္လုံး တုန္ယင္လာၿပီး ခ်က္ခ်င္း ေနာက္လွည့္၍ ထြက္ေျပးရန္ ႀကံလိုက္သည္။ သို႔ေသာ္ ေနာက္က်သြားေခ်ၿပီ။
ထိုအခ်ိန္တြင္ ႀကိဳးတစ္ေယာက္က သူ႔ထံ ေျပးဝင္လာၿပီး ေပ်ာ့ေပ်ာင္းေသာ ေႁမြတစ္ေကာင္ကဲ့သို႔ ရစ္ပတ္သြားသည္။
ထို႔ေနာက္ သူ ေျမႀကီးေပၚ လဲက်သြားသည္။ သူသည္ ႀကိဳးမွ အတင္း႐ုန္းကန္းေနရင္း ဟစ္ေအာ္လိုက္သည္။
“ခင္ဗ်ား ဘယ္သူလဲ၊ ခင္ဗ်ား ဘာလို႔ က်ဳပ္ကို ဖမ္းတာလဲ”
အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ ထိတ္လန႔္ကာ ေဒါသတႀကီးျဖင့္ ေအာ္လိုက္သည္။ ထိုသူေတာင္းစားအိုႀကီး၏ တိုက္ပြဲဝင္ ခြန္အားသည္ သူ ထင္ထားတာထက္ ပို၍ ေၾကာက္မက္ဖြယ္ ေကာင္းေနေသးသည္။
ထိုသူေတာင္းစားအိုႀကီးသည္ အလင္းေတာ္ ဘုန္းေတာ္ႀကီး ဆုံေတြ႕ဖူးသမွ်ထဲ၌ ထိတ္လန႔္ဖြယ္ အေကာင္းဆုံး သိုင္းပညာရွင္ ျဖစ္သည္။
ေျခသံတစ္ခ်ိဳ႕ႏွင့္အတူ သူေတာင္းစားအိုႀကီးသည္ ျဖည္းျဖည္းခ်င္း ထလာ၍ အလင္းေတာ္ ဘုန္းေတာ္ႀကီးထံသို႔ ေလွ်ာက္လာသည္။
ထို႔ေနာက္ သူက ၿပဳံး၍ အလြန္ ထိတ္လန႔္၍ နားလည္ သေဘာေပါက္သြားဟန္ျဖင့္ ေျပာလာသည္။
“ရက္စက္တယ္၊ တိက်တယ္ ၿပီးေတာ့ လူမဆန္ဘူး။ အဲ့ဒါအျပင္ကိုမွ မေသမ်ိဳး ခႏၶာကိုယ္နဲ႔ အလင္းေတာ္ လွ်ိဳ႕ဝွက္သိုင္းကြက္”
“မင္းက ငါရွာေနတဲ့ တစ္ေယာက္ပဲ။ ငါမင္းကို ေစာင့္ေနတာ ႏွစ္ရာခ်ီေနၿပီ”
*ဘာ*
သူ႔စကားေၾကာင့္ အလင္းေတာ္ ဘုန္းေတာ္ႀကီး မွင္တက္သြားရသည္။
*သူ ငါ့ကို ေစာင့္ေနတာ ႏွစ္ရာခ်ီေနၿပီတဲ့လား*
*ဒါ မျဖစ္ႏိုင္ဘူး*
သို႔ေသာ္ သူေတာင္းစားအိုႀကီးက အလင္းေတာ္ ဘုန္းေတာ္ႀကီး၏ အမူအရာကို ဂ႐ုမစိုက္ေပ။ ထို႔ေနာက္ သူက အလြန္ စိတ္လႈပ္ရွား တက္ႂကြဟန္ျဖင့္ ေျပာလိုက္သည္။
“ဘာလို႔လဲဆိုေတာ့ မင္းက ပါရမီရွင္ သားေတာ္ပဲ”

သုံးရက္ၾကာၿပီးေနာက္ ထိပ္တန္းအင္အားစု ေလးခုထဲမွ တစ္ခုျဖစ္သည့္ အလင္းေတာ္ ဘုရားေက်ာင္း ဖယ္ရွားခံလိုက္ရသည္။
ဘုရားေက်ာင္းထဲမွ မည္သူမွ် အသက္ရွင္က်န္ရစ္ခဲ့ျခင္း မရွိေပ။
ဆယ္ရက္ၾကာၿပီးေနာက္ အိႏၵိယမွ ကာ႐ိုးလ္ ဘုရားေက်ာင္း ပ်က္ဆီးသြားခဲ့သည္။ ကာ႐ိုးလ္ ဘုရားေက်ာင္း၏ ေနာက္လိုက္မ်ား အားလုံး အသတ္ခံလိုက္ရသည္။
ဆယ့္ငါးရက္ ၾကာၿပီးေနာက္ ထိုင္းႏိုင္ငံရွိ ဝူနတ္ဘုရား ဘုရားေက်ာင္း ပ်က္သုဥ္းသြားခဲ့သည္။ ေမွာ္ဆရာမ်ားအားလုံး သုတ္သင္ခံလိုက္ရၿပီ။
လဝက္မွ်အခ်ိန္ေလးအတြင္း၌ နတ္ဘုရားမၿမိဳ႕ေတာ္ အပါအဝင္ ထိပ္တန္းအင္အားစုေလးခုလုံး ရွင္းလင္းခံလိုက္ရ၏။
ဤသတင္းက ကမာၻႀကီးအား ထိတ္လန႔္တုန္လႈပ္သြားေစခဲ့သည္။ ထို႔အျပင္ နာမည္တစ္ခုက ကမာၻတစ္ဝန္းလုံး၌ ေက်ာ္ၾကားလာေလေတာ့သည္။
ထိုနာမည္ကား ယဲ့ဖန္ပင္။
သူသည္ ကမာၻေျမေပၚရွိ သိုင္းေလာက အသိုင္းအဝိုင္း၌ အေက်ာ္အေမာ္ ျဖစ္လာခဲ့သည္။ သူ ျဖတ္သြားသည့္ ဘယ္ေနရာမဆို၌ အၿမဲ အေလာင္းမ်ား က်န္ရစ္ခဲ့သည္။
သူသည္ ရက္စက္၍ လူမဆန္လွေပ။ ကမာၻေပၚရွိ ထိပ္သီးပုဂၢိဳလ္မ်ားအားလုံး သူ႔ကို ေၾကာက္႐ြံ႕ၾကသည္။
ထို႔ျပင္ လဝက္အတြင္း၌ ကမာၻတစ္လႊားရွိ သိုင္းေလာက၌ ႀကီးမားေသာ ေျပာင္းလဲမႈႏွင့္ ႀကဳံေတြ႕ခဲ့ၾကရသည္။
မ်ားစြာေသာ ဆန္းၾကယ္သည့္ ဂုဏ္သတင္းႀကီး၍ ၾကာျမင့္စြာ ရပ္တည္လာခဲ့ၾကေသာ ေရွးေဟာင္း ကလန္မ်ား ေပၚေပါက္လာသည္။
သူတို႔သည္ ေၾကာက္မက္ဖြယ္ေကာင္းသည့္ ထိပ္တန္း အင္အားစုေလးခု၏ ေနရာအား အစားထိုး ဝင္ေရာက္လာၾကၿပီး ကမာၻအႏွံ႔အျပားရွိ ဌာနခ်ဳပ္မ်ားအား အုပ္ခ်ဳပ္သည့္ အင္အားစုမ်ား အျဖစ္ လ်င္ျမန္စြာ တိုးတက္လာခဲ့ၾကသည္။
ထို႔အျပင္ ထိုဂုဏ္သတင္းႀကီး၍ ၾကာျမင့္စြာ ရပ္တည္လာခဲ့ၾကေသာ ေရွးေဟာင္း ကလန္မ်ားသည္ သူတို႔၏ အင္အားစုမ်ားကို ႏွစ္ေပါင္းမ်ားစြာ ပုန္းကြယ္၍ ထားခဲ့ၾကသျဖင့္ သူတို႔အားလုံး၌ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ နက္ရႈိင္းေသာ ေနာက္ခံအင္အားမ်ား ရွိၾကသည္။
ထိုဂုဏ္သတင္းႀကီး၍ ၾကာျမင့္စြာ ရပ္တည္လာခဲ့ၾကေသာ ေရွးေဟာင္း ကလန္တစ္ခုခ်င္းစီ၌ စစ္မွန္ေသာ နတ္ဘုရားမ်ား ရွိၾကသည္။
….
က်န္းရွီၿမိဳ႕၊ ဟြာရွ အေျခစိုက္ ဌာနခ်ဳပ္၌။
ၿမိဳ႕ထဲမွ လူတိုင္း စိတ္ပ်က္လက္ပ်က္ ျဖစ္ေနၾကသည္။ က်န္းရွီၿမိဳ႕ရွိ မ်ားစြာေသာ သိုင္းပညာရွင္မ်ားသည္ က်န္းရွီ ၿမိဳ႕လယ္ေခါင္ကြက္လပ္၌ စုေဝးေနၾကၿပီး ၿမိဳ႕လယ္ေခါင္ ကြက္လပ္ရွိ ျမင့္မားေသာ စင္ျမင့္ေပၚရွိ သိုင္းပညာရွင္ႏွစ္ေယာက္အား သုန္မႈန္ေနေသာ အမူအရာမ်ားျဖင့္ ၾကည့္ေနၾကသည္။
နတ္ဘုရားအဆင့္ႏွစ္ေယာက္၊ တစ္ေယာက္ကား အေနာက္တိုင္းသား လူႀကီးတစ္ေယာက္ျဖစ္ၿပီး က်န္တစ္ေယာက္သည္ အေရွ႕တိုင္းသား လူငယ္ေလးတစ္ေယာက္တို႔ စင္ျမင့္ေပၚ၌ ရပ္ေနၾကျခင္း ျဖစ္သည္။ သူတို႔ႏွစ္ေယာက္လုံးသည္ ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္၏ သံတမန္မ်ား ျဖစ္ၾကသည္။
ယခုအခ်ိန္တြင္ အေရွ႕တိုင္းသား လူငယ္ေလးတစ္ေယာက္သည္ ေရခီစြမ္းအင္ကို နက္ရႈိင္းစြာ ရႈရႈိက္လိုက္သည္။ ခ်က္ခ်င္းဆိုသလို သူသည္ တစ္ကိုယ္လုံး ေခ်ာေမြ႕သြားသလို ခံစားလိုက္ရသည္။ ထို႔ေနာက္ သူသည္ ေက်နပ္သြားသလို သက္မခ်လိုက္သည္။
“အံ့ဩစရာပဲ”
ေတာက္ပေနေသာ မ်က္လုံးမ်ားႏွင့္ လူငယ္ေလးက ထပ္ေျပာလာသည္။
“က်န္းရွီၿမိဳ႕ရဲ႕ ေရခီစြမ္းအင္က ဟြမ္ဖူကလန္ရွိတဲ့ ေနရာထက္ ဆယ္ဆပိုၿပီး ေပါမ်ားေနတာပဲ။ ဒါက တကယ့္ကို က်င့္ႀကံျခင္းအတြက္ မြန္ျမတ္တဲ့ ေနရာပဲ”
သူ႔စကားေၾကာင့္ ေဘးရွိ အေနာက္တိုင္းသား လူႀကီးက ၿပဳံး၍ ေျပာလိုက္သည္။
“သခင္ေလး ဟြမ္ဖူ၊ စိတ္မပူပါနဲ႔။ ဗဟို စီနီယာအဖြဲ႕အစည္းခ်ဳပ္က ေရွးေဟာင္းကလန္သုံးခုကို ဟြာရွအေျခစိုက္ ဌာနခ်ဳပ္ကို အုပ္ခ်ဳပ္ခြင့္ ေပးလိုက္ၿပီဆိုေတာ့ ေသခ်ာေပါက္ က်န္းရွီၿမိဳ႕က ခင္ဗ်ား အပိုင္ပါပဲ”
“ခင္ဗ်ား သေဘာက်မယ္ဆို ခင္ဗ်ားရဲ႕ ကလန္ကို ဒီၿမိဳ႕ကို ေျပာင္းလာခဲ့လို႔ ရပါတယ္”
ထိုလူႀကီး၏ အႀကံေပးစကားေၾကာင့္ အေရွ႕တိုင္းသား လူငယ္ေလးက စိတ္ေက်နပ္သလို အမူအရာမ်ိဳး ျပလာသည္။
ထို႔ေနာက္ စင္ေအာက္မွ က်န္းရွီၿမိဳ႕ သိုင္းပညာရွင္မ်ားက သူတို႔ကို စိုက္ၾကည့္ေနၾကသည္ကို သူတို႔ သတိထားမိသြားၾကသည္။
ထို႔ေၾကာင့္ အေနာက္တိုင္းသား လူႀကီးက က်ယ္ေလာင္စြာ ေျပာဆိုလိုက္သည္။
“က်န္းရွီၿမိဳ႕က သိုင္းပညာရွင္တို႔ က်ဳပ္က ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္က သံတမန္ ခ်ာလီပဲ”
“သိပ္မၾကာခင္က က်ဳပ္တို႔ ဟြာရွ အေျခစိုက္ ကုန္းေျမေဒသက ျမစ္ေခ်ာင္းေတြထဲမွ ဧကရာဇ္အဆင့္ သားရဲေကာင္ေတြကို က်ဳပ္တို႔ ရွာေတြခဲ့တယ္။ သားရဲေကာင္ေတြရဲ႕ အလားအလာကို ရွာေတြ႕ခဲ့တယ္။ ဒါေၾကာင့္ ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္က ထိပ္သီး အဖြဲ႕အစည္းက ဟြမ္ဖူကလန္၊ စစ္မာကလန္နဲ႔ ကုန္းစြန္းကလန္တို႔က ကမာၻေပၚက ေရွးေဟာင္းကလန္ေတြျဖစ္တဲ့အတြက္ ဒီကလန္ေတြကို ဟြာရွ အေျခစိုက္ ဌာနခ်ဳပ္ရဲ႕ ေခါင္းေဆာင္ေတြအျဖစ္ တာဝန္ေပးဖို႔ ဆုံးျဖတ္လိုက္ၿပီ”
“ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ ယဲ့ဖန္နဲ႔ ဟြာရွႏိုင္ငံက အျခား သိုင္းပညာရွင္အားလုံး ေရွးေဟာင္းကလန္ သုံးခုရဲ႕ အမိန႔္ေတြကို နာခံၿပီးေတာ့ သားရဲ႐ိုင္းေတြကို သူတို႔နဲ႔အတူ ခုခံတိုက္ခိုက္ရမယ္”
ထိုသို႔ေျပာၿပီး အေနာက္တိုင္းသား လူႀကီး ခ်ာလီက စာခ်ဳပ္စာတမ္းတစ္ခုကို ထုတ္လိုက္ၿပီး ထပ္ေျပာလိုက္သည္။
“ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္ရဲ႕ အမိန႔္က အခုခ်ိန္က စၿပီး အက်ဳံးဝင္ပါၿပီ”
သူ႔စကားေၾကာင့္ က်န္းရွီသိုင္းပညာရွင္မ်ားအားလုံး ေၾကာက္စိတ္မ်ားျဖင့္ ျပည့္ႏွက္လာၾကသည္။
*သူတို႔အမိန႔္ကို နာခံရမယ္*
*ဒါဆို ယဲ့ဖန္ေရာ က်န္တဲ့ ဟြာရွသိုင္းပညာရွင္ အားလုံးပါ ေရွးေဟာင္းကလန္ သုံးခုရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကို ေရာက္သြားမွာေပါ့*
*ဒါ … လုံးဝ လက္မခံႏိုင္ဘူး*
ခ်က္ခ်င္းဆိုသလိုပင္ ၿမိဳ႕လယ္ေခါင္ ကြက္လပ္၌ ပြက္ေလာ႐ိုက္လာၾကသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now