Chapter 251

1.4K 159 3
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (251) ကောင်းပြီလေ … စလိုက်ကြရအောင်
မီးရောင်အောက်မှ ယဲ့ဖန်ကို ကြည့်ရင်း ကျံးဝမ် တွေဝေသွားသည်။
"သူ…သူများလား"
ကျုံးဝမ် သူမမျက်လုံးကို သူမ မယုံကြည်နိုင် ဖြစ်နေရသည်။ သူမ ရှေ့၌ ရပ်နေသည့် လူငယ်လေးက သူမ မှတ်ဉာဏ်တွေထဲက ကောင်လေးနှင့် အလွန် ဆင်တူလှပေသည်။
သူတို့၏ ပုံသဏ္ဌာန်နှင့် အကြည့်များက …
*သူက အဲ့ကောင်လေးရဲ့ လူကြီးပုံလေးလိုပဲ*
ထို့ကြောင့် ကျုံးဝမ် ပြင်းထန်စွာ ရင်တုန်လာသည်။ စင်အောက်မှ ယဲ့လန်နှင့် ယဲ့ကလန်မှ အခြား လူငယ်မျိုးဆက်များက ကျုံးဝမ်၏ အမူအရာကို လုံးဝ သတိမပြုမိပါ။ သူတို့အားလုံးက အလွန် အားရကျေနပ်နေကြသည်။
"ဟဟ … စန္ဒရား ပညာရှင်တဲ့လား … သူက တောသား ဆရာကြီးနဲ့မှ ပိုတူတာကွ"
ယဲ့ကလန်မှ လူငယ်မျိုးဆက်များက ရယ်ရလွန်း၍ သေမတတ် ဖြစ်နေကြသည်။ ယဲ့ဖန် စန္ဒရား တီးတတ်သလား၊ မတီးတတ်ဘူးလား ဆိုတာကို သူတို့ လုံးဝ မသိကြပါ။
သူတို့ သိတာ ဟူ၍ သူ ဘယ်လောက်ပဲ တော်တော် စင်ပေါ်မှာတော့ သူ အရူးလုပ်ခံရတော့မည်ဆိုတာကိုသာ သိကြသည်။
စင်ပေါ်၌ ယဲ့ဖန် ဆဲဆိုခံနေရသည်ကို မြင်ယောင်ရင်း ယဲ့ကလန် မျိုးဆက် လူငယ်များက ဟားတိုက်ရယ်မောနေကြသည်။
ယဲ့ရီယွင်၏ နှုတ်ခမ်းထောင့်လေးကသာ မသိမသာ ကော့တတ်နေသည်။ သူ၏ ဂျူနီယာ ကလန်သားများသည် သူ့မျက်လုံးထဲမှာတော့ အရူးများသာ ဖြစ်သည်။
ဂျူနီယာများက ယဲ့ဖန်၏ နောက်ခံကို လုံးဝ မသိကြပင်မယ့် ယဲ့ရီယွင်ကတော့ သိပါသည်။ ယဲ့ဖန်သည် ဟွာရှနိုင်ငံ၏ နံပါတ်တစ် စန္ဒရားပညာရှင် မာစတာလင်၏ ဆရာပင်။
သူ့ဂျူနီယာ ကလန်သားများက ကျောက်တုံးများကို မိုးပေါ်မြှောက်၍ သူတို့ကိုယ်ပေါ် ပြန်အကျခံနေကြခြင်းသာ ဖြစ်သည်။
"ဖန် … မင်းရဲ့ အရည်အချင်းကို ပြလိုက်စမ်းပါ" ယဲ့ရီယွင်က ယဲ့ဖန်ကို ဟစ်အော်၍ ပြောလိုက်သည်။
ဘာရယ်ကြောင့်မှန်းမသိသော်လည်း ယဲ့ဖန်သည် ထူးဆန်းသော ဆဋ္ဌမအာရုံရနေသည် … ဤသည်ကား ကျုံးဝမ်နှင့် ရင်းနှီးရန် မကြိုးစားနှင့် သို့မဟုတ်ပါက သူမအား သူ ထိခိုက်စေလိမ့်မည် ဟူ၍ပင်။
"ငါတို့နှစ်ယောက်အတွက် တစ်ယောက်ကို တစ်ယောက် ဒီမော်တယ်ကမ္ဘာကြီးမှာ မေ့သွားတာက ပိုကောင်းမယ် ထင်ပါတယ်*
ယဲ့ဖန်က သက်ပြင်းရှည်ချကာ သူ့စိတ်ဝိညာဉ်အား ပြန်လည် လန်းဆန်းလာစေပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။ ထိုအချိန်တွင် ယဲ့ဖန်၏ အမူအရာအားလုံးကို ထောင်သောင်းနှင့်ချီသော ပရိသတ်များ၏ ရှေ့မှောက်ရှိ ပိတ်ကားထက်၌ ပြသနေသည်။
အားကစားရုံတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ထိုသူတောင်းစားက မျက်လုံးကိုမှိတ်၍ ဘာကိုမှ မသိချင်ယောင်ဆောင်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။
"ဆရာငယ်လေး … ကျေးဇူးပြုပြီး ရှင် ကျွန်မနဲ့အတူ တီးခတ်ဖျော်ဖြေပေးလို့ ရမလား"
ထိုစဉ် ကျုံးဝမ်က မျှော်လင့်တကြီးနှင့် ယဲ့ဖန်၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ ဆိုလာသည်။ သူမ ယဲ့ဖန်ကို ကြာကြာ ကြည့်လေ၊ သူမ ပိုပျော်ရွှင်လာလေ ဖြစ်သည်။
သူမစကားအဆုံးတွင် ပရိသတ်များ အားလုံးက ယဲ့ဖန်အား ဝိုင်းကြည့်လာကြသည်။ သူ့အတွက် ပရိသတ်များ၏ ကျိန်ဆဲခြင်းကို ခံရလျင်တောင်မှ နတ်ဘုရားမလေး၏ အတူ တီးခတ်ရန် ဖိတ်ကြားခြင်းကို ခံရသည့်အတွက် သူ့အတွက် တန်သည်ဟု ဆိုရပေမည်။
လူများက ယဲ့ဖန်၏ မျက်လုံးအား အလွန် အားကျဟန်များဖြင့် ကြည့်နေကြသည်။ သို့သော် ယဲ့ဖန်က မျက်လုံးကို ပြန်မှိတ်၍ ခပ်တည်တည် ပြန်ပြောလိုက်သည်။
"ကျုပ် စိတ်မဝင်စားဘူး"
*သောက်ကျိုးနည်း*
*သူ့ကိုယ်သူ ဘယ်လိုတောင် တော်လှပြီလို့ တွေးနေတာလဲ*
ထောင်သောင်းနှင့်ချီသော ချက်ချင်း မှင်တက်သွားကြသည်။ ကျုံးဝမ်၏ ဖိတ်ကြားမှုကို သာမန်ကာလျှံကာဟန်ဖြင့် ငြင်းရဲသည့် သူမျိုး သူတို့ ဘယ်သောအခါမှ မမြင်ခဲ့ဖူးပါ။
ကျုံးဝမ်တောင်မှ တဒင်္ဂမျှ အံ့ဩသွားရသည်။ ယဲ့ဖန်က သူမ၏ တောင်းဆိုမှုကို ငြင်းလိမ့်မည်ဟု သူမလည်း ထင်မထားခဲ့မိပါ။
သို့သော် ထို့နောက်တွင် ကျုံးဝမ်၏ အပြုအမူကြောင့် သူမ ပရိသတ်များ အပြင်းအထန် ဆွေးနွေးသွားကြရသည်။
သူမက စင်ပေါ်မှ အေးအေးဆေးဆေး ဆင်းလာပြီး ယဲ့ဖန်ရှေ့သို့ လျှောက်လာသည်။ ထို့နောက် သူမက သူထံသို့ ကိုယ်အနည်းငယ် ကိုင်း၍ တောင်းဆိုလိုက်သည်။
"ဆရာငယ်လေး … ကျေးဇူးပြုပြီး ကျွန်မအတွက် အတူ ဖျော်ဖြေပေးပါနော်"

သူမ ကိုယ်ကိုင်းလိုက်သည်ကို မြင်ပြီး ပရိသတ်များက ယဲ့ဖန်အား အလွန်အမင်း လေးစား၊ အားကျသွားရသည်။
နတ်ဘုရားမလေးက စင်အောက်ကို ဆင်းလာပြီး သူ့ကို လာဖိတ်တယ်။
*အံ့ဩဖို့ကောင်းလိုက်တာ*
ယဲ့လန်နှင့် အခြား ယဲ့ကလန် မျိုးဆက် လူငယ်များတောင်မှ ယဲ့ဖန်အား အားကျမိသွားသည်။ ရက်စက်တတ်တဲ့ အရူးကောင်ကို နတ်ဘုရားမလေးက တလေးတစား ပြုမူနေသည်က သူတို့ မှန်းထားတာထက် လွန်နေပြီ ဖြစ်သည်။
"သဘောတူလိုက်ပါ"
"သဘောတူလိုက်ပါ"
ထိုစဉ် တိုက်တွန်းသံများက အားကစားရုံတစ်ဝိုက် ပဲ့တင်ထပ်လာသည်။ ထောင်သောင်းနှင့်ချီသော လူများက ကမ္ဘာတောင် တုန်လှုပ်စေလောက်သည့် အသံဖြင့် ပြိုင်တူ ပြောဆိုနေကြသည်။
ဤမြင်ကွင်းက လူတိုင်းကို အလွန် ထိတ်လန့်သွားစေသည်။ နတ်ဘုရားမလေးက စင်အောက်ကို ဆင်းလာပြီး သူ့ကို ဖိတ်ကြားနေပြီး ထောင်သောင်းနှင့်ချီသော ပရိသတ်များက သူ့ကို ပြိုင်တူ တိုက်တွန်း ပြောဆိုနေကြသည်။
ထိတ်လန့်ဖွယ် ကောင်းလိုက်ပါဘိ။
ယဲ့လန်နှင့် အခြား ယဲ့ကလန် မျိုးဆက် လူငယ်များသည်လည်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ယဲ့ဖန်တောင်မှ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။ သူက ကျုံးဝမ်အား စိုက်ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။
"ကောင်းပြီလေ … ငါ မင်းနဲ့အတူ ပူးတွဲ ဖျော်ဖြေပါ့မယ်"
….
ထိုအချိန်တွင် အားကစားရုံတစ်ခုလုံး အော်ဟစ်နေကြပြီး ထောင်သောင်းနှင့် ချီသော လူများက လက်ခုပ်ဩဘာပေးနေကြသည်။
"ကျေးဇူးပါ"
ကျုံးဝမ်းက နှစ်လိုဖွယ်ကောင်းသည့် အပြုံးမျိုး ချက်ချင်း ပြုံးပြလာသည်။ ထို့နောက် သူမက ယဲ့ဖန်နှင့်အတူ စင်ပေါ်ကို တက်သွားသည်။
စင်နောက်ရှိ လေထုကတော့ အလွန်အမင်း ထိုင်းမှိုင်းလို့နေသည်။ စန္ဒရားပညာရှင်၏ မျက်နှာက အလွန် သုန်မှုန်နေပြီး သူက ယဲ့ဖန်အား အံကို ကြိတ်၍ လှမ်းကြည့်နေသည်။
"အဲ့ငနာကောင်က ဘယ်သူလဲ … သူ ကျိန်ဆဲခံရမှာကို မကြောက်ဖူးလား"
တစ်စုံတစ်ယောက်က သုံးလတာ သီချင်းကို ဖျော်ဖြေပေးရဲလိမ့်မည်ဟု စန္ဒရားပညာရှင် လုံးဝ မယုံကြည်ထားမိပါ။
စီးပွားရေး အကျိုးဆောင်က အလွန် ထိတ်လန့်သွားပြီး ကျယ်လောင်စွာ ပြောနေကြသည်။
"ကဲ စောင့်ကြည့်ပြီး နားထောင်ကြည့်ကြတာပေါ့ … ကျုံးဝမ်က အဲ့ကောင်လေး အဆင်မပြေတာနဲ့ နင့်ကို သေချာပေါက် ဖိတ်ခေါ်မှာပါ"
သူမ စကားကြောင့် စန္ဒရား ပညာရှင်က မခံမရပ်နိုင် ဖြစ်နေသော်လည်း ခေါင်းသာ ညိတ်ပြလိုက်သည်။
ချက်ချင်းပင် အားကစားရုံထဲက လူတိုင်းက ယဲ့ဖန်ကို စိုက်ကြည့်နေကြသည်။ သို့သော် ယဲ့ဖန်က သူတို့၏ တုံ့ပြန်မှုကို မမြင်ချင်ယောင်ဆောင်ထားသည်။ သူက စင်ပေါ်သို့ တည်ငြိမ်စွာ တက်၍ စန္ဒရားရှေ့က ခုံရှေ့မှာ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
"ဆရာငယ်လေး … ကျွန်မတို့ စလို့ရပြီလား"
ကျုံးဝမ်က ယဲ့ဖန်အား ညှို့ယူဖမ်းစားနိုင်သော အပြုံးမျိုးနှင့် ပြုံး၍ မေးလိုက်သည်။
သုံးလတာ သီချင်းအား သူမ ကလေးဘဝမှ မောင်ငယ်လေးနှင့် ဆင်တူသည့် လူတစ်ယောက်နှင့် အတူ ဖျော်ဖြေရမည် ဖြစ်သည့်အတွက် ယခုအချိန်သည် သူမဘဝတွင် အပျော်ဆုံး အခိုက်အတန့်လေးပင် ဖြစ်ပေသည်။
သူမစကားအဆုံးတွင် အကြည့်များက ယဲ့ဖန်ထံ ချက်ချင်း ကျလာသည်။ ရုတ်တရက် ယဲ့ဖန်က ထပြောလာသည်။
"ခဏလေး"
ထို့နောက် သူက လက်ခါပြလိုက်ပြီးနောက် စီးကရက်တစ်ဘူးကို ကောက်ထုတ်လိုက်သည်။ သူက စီးကရက် တစ်လိပ်ကို ဆွဲထုတ်၍ မီးညှိလိုက်သည်။ ထို့နောက် သူက ဆေးလိပ်ကို ဖွာလိုက်သည်။
စင်ပေါ်၌ ဆေးလိပ်ငွေ့များနှင့် ထထောင်းထောင်းထသွားကာ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ဖင်ကို ဆောင့်ကန်လိုက်ရကွာ*
*အဲ့ငနာကောင်က ဆေးလိပ်သောက်ပြီး သူ့ကိုယ်သူ လန်းဆန်းသွားအောင် လုပ်ချင်လို့ နတ်ဘုရားမလေးကို ခဏစောင့်ဖို့ ပြောရတယ်လို့ကွာ*
ကျုံးဝမ်နှင့် ထောင်သောင်းချီသော ပရိသတ်များ ရုတ်တရက် ဆွံ့အသွားကြသည်။ သို့သော် ယဲ့ဖန် ထပ်ပြောလိုက်သည့် စကားက လူတိုင်းအား သတိလစ်မတတ် ဖြစ်သွားစေရသည်။
"အဟမ်း … အဟမ်း … အာ … ကျုပ် … ကျုပ် စန္ဒရား သင်္ကေတတွေကို မဖတ်တတ်ဘူး"
*ီးပဲကွာ*
သူ့စကားကြောင့် ကျုံးဝမ်နှင့် ထောင်သောင်းချီသော ပရိသတ်များ သွေးအန်မတတ် ဖြစ်သွားရသည်။
*မင်းက စန္ဒရား သင်္ကေတတွေကို မဖတ်တတ်ဘူး*
*ဒါဆို မင်း သောက်ကျိုးနည်း ဘယ်လို တီးမှာလဲဟ*
ထိုအချိန်တွင် လူတိုင်း အလွန်အမင်း အံ့အားသင့်နေကြသည်။
သောက်ဂေါက်။
ဒီလို ခပ်ကြောင်ကြောင်လူမျိုး သူတို့ အရင်တုန်းက တစ်ခါမှ မမြင်ခဲ့ဖူးပါ။ ဒီလူ စန္ဒရား လုံးဝ မတီးနိုင်ဘူးဟုတောင် လူတိုင်း သံသယဝင်နေကြသည်။ သို့မဟုတ်ပါက သူ ဘယ်လိုလုပ် စန္ဒရား သင်္ကေတတွေကို ဖတ်နိုင်ပါမည်နည်း။
"ဟားဟားဟား…"
ထိုအချိန်တွင် ရှေ့ဆုံးတန်းက ယဲ့လန်နှင့် အခြားယဲ့ကလန် မျိုးဆက် လူငယ်များက အူနာမတတ် ရယ်မောနေကြသည်။
သူတို့အားလုံး ရှေ့ယိုင်လိုက်၊ နောက်ယိုင်လိုက်နှင့် ယိမ်းထိုးနေကြသဖြင့် အူခွေလိပ်မတတ် ဖြစ်နေသည်ဟု ခံစားမိကြသည်။
"အရူး … အဲ့အရူးက ဂီတသမိုင်းမှာ အကြီးကျယ်ဆုံး သောက်ကြောင် ဖြစ်လာတော့မှာ"
ယဲ့လန်နှင့် အခြား ယဲ့ကလန် မျိုးဆက် လူငယ်များက ယဲ့ဖန်၏ အူကြောင်ကြောင် ဖျော်ဖြေမှုအား မျှော်လင့်တကြီးနှင့် လှောင်ပြောင်နေချင်ဟန်ဖြင့် စောင့်ဆိုင်းနေကြသည်။
တစ်ချိန်တည်းမှာပင် စင်နောက်မှ စန္ဒရားပညာရှင်က သေမတတ် ရယ်မောနေကြသည်။ ဒီကောင်က သူ့ကိုယ်သူ ကြီးကျယ် မြင့်မြတ်နေဟန်ဆောင်နေမှန်း သူ သိပါသည်။ နောက်ဆုံးတွင်တော့ ကျုံးဝမ်က သူ့ကို အတူ ဖျော်ဖြေရန် ခေါ်ရမည်ပင်။
ထို့နောက် သူက နောက်ဖြစ်လာမည့် အရာများကို စောင့်မျှော်နေမိသည်။
"ဆရာ … ဆရာငယ်လေး … ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ" ကျုံးဝမ်က ဒေါသကြောင့် အော်ငိုချင်စိတ်တောင် ပေါက်နေသည်။
သည်လူက ဒီလောက် အားမကိုးရလောက်သည့်သူ ဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပါ။ သူက သောက်ကျိုးနည်းလောက်အောင်ကို အားမကိုးရတာပါလား။
ယဲ့ဖန်က အနည်းငယ် ရွှင်မြူးနေသော မျက်နှာထားဖြင့် ပခုံးတွန့်ကာ ပြောလိုက်သည်။
"ကျုပ်ကို သီချင်းနားထောင်ခွင့်ပေးပါ"
*မင်း အတည်ပြောနေတာလား*
*ဖြစ်မှ မဖြစ်နိုင်တာကြီးကို*
ကျုံးဝမ်က သူမ မျက်လုံးကို သူမ မယုံချင်သော်လည်း သူမမှာ ရွေးချယ်စရာ မရှိတော့သဖြင့် တစ်ယောက်ယောက်က သူ့အား နားကြပ်တစ်စုံပေးစေ၍ သီချင်းကို ထုတ်လွှင့်စေလိုက်သည်။
မိနစ်အနည်းငယ်မျှ ကြာသော် ယဲ့ဖန်က နားကြပ်ကို ချွတ်လိုက်ပြီး အနည်းငယ် မကောင်းဆိုးဝါးဆန်သော မျက်နှာထားဖြင့် ပြောလာသည်။
"ကောင်းပြီလေ … စလိုက်ကြရအောင်"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now