Chapter 213

1.5K 166 3
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (15) Chapter (213) ငါ မင်းအသက်ကို လိုချင်တယ်

*ခင်ဗျားက ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်မှာ ပြိုင်ဘက်ကင်း ဖြစ်နေမှတော့ ခင်ဗျား ဒီနေ့ သေကို သေရမယ်*

ယဲ့ဖန်၏ စကားကို ကြားပြီး ခန်းမတစ်ခုလုံး တိတ်ကျသွားသည်။

*ဆရာသခင် တစ်ပိုင်းအဆင့်က ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကို သတ်ချင်နေတာလား*

*ဒါ…. လုံးဝ မဖြစ်နိုင်ဘူးနော်*

ယဲ့ဖန်အား အရူးဟု ထင်မြင်လာပြီး ခန်းမထဲမှ ဟွာရှ သိုင်းပညာရှင်များ ကြား၌ ပွက်လောရိုက်လာသည်။

အကယ်၍ သိုင်းပညာရှင်တစ်ယောက်က သူ့ထက် အဆင့်တစ်ဆင့် မြင့်သော သိုင်းပညာရှင်အား သတ်နိုင်ခဲ့ပါက ထိုသိုင်းပညာရှင်အား ပါရမီရှင်ဟု သတ်မှတ်ရပေမည်။

ထို့အတူ အကယ်၍ သိုင်းပညာရှင်တစ်ယောက် သူ့ထက် အဆင့်နှစ်ဆင့် မြင့်သော သိုင်းပညာရှင်အား သတ်နိုင်ခဲ့ပါက ထိုသိုင်းပညာရှင်အား လူထူးလူဆန်းဟု သတ်မှတ်ရပေမည်။

သို့သော် ယဲ့ဖန်က သူ့ထက် အဆင့်ခြောက်ဆင့် မြင့်သော သိုင်းပညာရှင်အား သတ်ချင်နေသတဲ့။

ဤသည်ကား လုံးဝကို အံ့ဖွယ်ကိစ္စပင် ဖြစ်သည်။

ဖျောင်ကျင်းတျောင်တောင်မှ အော်ဟစ်ကာ ရယ်မောမိသည်။

"ဟားဟား … အရူးကောင်၊ မင်းက အရူးကောင် ဖြစ်နေတာကိုး၊ မင်းက အဆင့်ခြောက်ဆင့်ကို ခွကျော်ပြီး ငါ့ကို သတ်ချင်နေတာလား။ ဘယ်တော့မှ စိတ်ကူးယဉ်မနေနဲ့"

"အလားအလာကောင်း ရှိတဲ့ ငါ့သားက အရူးတစ်ယောက် သတ်တာကို ခံလိုက်ရတာက စိတ်မကောင်းစရာပဲ"

ထို့နောက် ဖျောင်ကျင်းတျောင်က အလွန် မုန်းတီးသော မျက်လုံးများဖြင့် ပြောလာသည်။

"ကျုပ်၊ ဖျောင်ကျင်းတောင်က မင်းနဲ့ ဒီခန်းမထဲက တောသားတွေ အကုန်လုံးကို သတ်ပစ်မယ်လို့ ကျိန်ဆိုတယ်၊ ပြီးရင် ရှန့်ကျန်းမြို့က သိုင်းပညာရှင် အားလုံးကို ကျုပ် သတ်ပစ်မယ်၊ အဲ့ဒါပြီးရင် ဟွာရှ တစ်နိုင်ငံလုံးက သိုင်းပညာအသိုင်းအဝိုင်း တစ်ခုလုံးကို သုတ်သင် ဖယ်ရှားပစ်မယ်"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now