Chapter 363

1K 103 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (363) ကမ္ဘာခြား မုဆိုးများ

ယဲ့ဖန်လက်ထဲမှ ဝိညာဉ်ခြွေ မှော်စာလုံးကိုကြည့်ပြီး နတ်ဆိုးနဂါးသည် မျက်ခုံး တဆတ်ဆတ်လှုပ်လာကာ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထလာသည်။
ယဲ့ဖန်၏ ရက်စက်တတ်သော အကျင့်အရ ယဲ့ဖန်က သေချာပေါက် သူ့ကို သတ်မည်ဆိုတာကို နတ်ဆိုးနဂါး သိနေသည်။
“မင်း … ကောင်းပြီလေ”
နတ်ဆိုးနဂါးက ဒေါသတကြီး အံကို ကြိတ်နေရင်း အရှုံးပေးလိုက်သည်။
“ကောင်းပြီလေ၊ အဲ့အကြောင်းတွေ မင်းကို ငါ ပြောပြမယ်”
“လွန်ခဲ့နှစ် ရာချီတုန်းက ငါ့မူလကိုယ်ကို ပိတ်လှောင်ထားတဲ့ စည်းတံဆိပ်က အားနည်းစ ပြုလာတယ်။ အဲ့ဒါကြောင့် ငါ့ကိုယ်ပွားတွေကို စည်းအပြင်ဘက် ပို့လိုက်ပြီးတော့ အဲ့ဒါတွေက အင်မော်တယ် နဂါး၊ ကောင်းကင်နဂါးနဲ့ ဝူနဂါးလို့ နာမည်တွင်လာပြီးတော့ နယ်မြေတစ်ခုစီ အသီးသီး အုပ်ချုပ်ခဲ့ကြတာ”
ယဲ့ဖန် ထင်ထားခဲ့သည့်အတိုင်းပင် ထိုနဂါးသုံးကောင်လုံးက တကယ့်ကို နတ်ဆိုးနဂါးထံမှ ခွဲထွက်လာကြခြင်း ဖြစ်သည်။
ယခုအခါမှ သူ အတည်ပြုနိုင်ခဲ့သည်။ ထို့နောက် ယဲ့ဖန်က မျက်မှောင်ကြုတ်၍ ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မင်း ဘာလို့ ဒီလောက် ကိုယ်ပွားတွေ အများကြီး ခွဲပစ်တာလဲ”
သူ့စကားကြောင့် နတ်ဆိုးနဂါး တုန်ယင်သွားသည်။ ထို့နောက် သူက ရှက်ကိုးရှက်ကန်း ဖြစ်နေသော မျက်နှာနှင့် ပြန်ပြောလိုက်သည်။
“အဲ့လို ထိတ်လန့်ဖွယ်ကောင်းတဲ့ အင်အားစုတွေ အားလုံးကို စေလွှတ်ရတာက ငါ့အတွက် နဂါးမ ရှာခိုင်းမလို့”
နတ်ဆိုးနဂါး၏ အဖြေကြောင့် ယဲ့ဖန် ထပ်၍ တွေဝေသွားရသည်။ ထို့နောက် သူ ပြန်မေးလိုက်သည်။
“နဂါးမ ဟုတ်လား”
ယခုအချိန်တွင် နတ်ဆိုးနဂါး၏ မျက်နှာက နီမြန်းနေကာ ခေါင်းကိုငုံ့၍ မူနေသော မယားပျိုလေးကဲ့သို့ ရှက်ကိုးရှက်ကန်းနှင့် ပြောလေသည်။
“ဟုတ်တယ်၊ ဒီကမ္ဘာပေါ်မှာ အရမ်းချောတဲ့ နဂါးမ ရှိနေတာကို ငါ အာရုံခံမိလို့”
“ငါ … ငါက သူမနဲ့ မိတ်ဖက်ချင်လို့”
အဟွတ်!
ယဲ့ဖန်သည် တံတွေးသီးတော့မလို ဖြစ်သွားရသည်။ ဒီလူအိုကြီးက သည်လောက် နှာထတတ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိချေ။
*ီးပဲ*
*သူက ကိုယ်ပွား သုံးခုခွဲပြီး အားလုံးကို တစ်နေရာစီ အုပ်စိုးစေတာက သူ မိတ်လိုက်ဖို့အတွက် နဂါးမ ကူရှာခိုင်းဖို့တဲ့လား*
အကယ်၍များ ဤအဖြေကို သေဆုံးသွားခဲ့သော နတ်ဘုရားမဌာန၊ အလင်းတော် ဘုရားကျောင်းနှင့် ဝူနဂါးမဘုရားကျောင်းမှ အကြီးအကဲများ သိခဲ့ပါက သူတို့ ဒေါသကြောင့် သွေးတက်သွားလောက်သည်။
သို့သော် နတ်ဆိုးနဂါးသည် သူ၏ အပြုအမူများသည် အရှက်မရှိဟု နည်းနည်းလေးမျှ မှတ်ယူခြင်းမရှိပေ။
“ငါ ကမ္ဘာပေါ်မှ ချိပ်ပိတ်ခံထားရတုန်းက ငါ ကမ္ဘာပေါ်မှ အတော်လေး လှတဲ့ နဂါးမ ရှိတာကို အာရုံခံလိုက်မိတယ်”
“သူမက လှတယ်၊ ညှို့ဓာတ်အား ကောင်းတယ်၊ နှစ်လိုဖွယ်ကောင်းတယ်၊ ကလူ၏သို့မြှူ၏သို့ လုပ်နို်ငတယ်”
“သူမ ရှူထုတ်လိုက်တဲ့ လေတောင်မှ စွဲမက်ဖွယ်ကောင်းတယ်”
နတ်ဆိုးနဂါးက အဖြစ်သည်းစွာ ပြောလာသည်။ သူ့စကားကြောင့် ယဲ့ဖန်၏ မျက်နှာက ဝမ်းချုပ်နေသလို ရှုံ့မဲ့လို့သွားသည်။
ထို့နောက် သူ နတ်ဆိုးနဂါးကို မေးလိုက်သည်။
“မင်း အဲ့နဂါးမကို မြင်ဖူးလား”
“ဟူး…”
ယဲ့ဖန်၏ မေးခွန်းက သူ၏ အရှိုက်အား ထိသွားပုံရပြီး နတ်ဆိုးနဂါးက ခေါင်းကို လေးတိလေးကန်နှင့် ခါ၍ပြန်ပြောလိုက်သည်။
“ဟင့်အင်း၊ ကံတရားက စမ်းသပ်တာဖြစ်မယ်”
“ဒါပေမယ့် ငါသူမ ရှူထုတ်လိုက်တဲ့ ချီဓာတ်ကို အနံ့ခံပြီး ညတိုင်း အကြိမ် ထောင်နဲ့ချီပြီး မာစတာဘိတ်ရုံပဲ တတ်နိုင်တယ်”
ယဲ့ဖန် ဆွံ့အသွားရသည်။
နတ်ဆိုးနဂါးသည် အလွန် လိင်ကိစ္စများကို မြင်ယောင်စွဲလမ်း၍ နှာထလွန်းသော မဟာ့မဟာ နှာဘူး နဂါး ဖြစ်သည်ဆိုတာကို ယခုမှသာ ယဲ့ဖန် ရိပ်မိလိုက်ရသည်။
သူ၏ အရှက်မရှိမှုနှင့် ညစ်ညမ်းသော စိတ်ဓာတ်တို့ကို ယဲ့ဖန်တောင်မှ လက်မြှောက် အရှုံးပေးလိုက်ရသည်။
သို့သော် ပစိဖိတ် သမုဒ္ဒရာတွင်းရှိ သမုဒ္ဒရာ ချောက်နက်တွင်းရှိ မီတာထောင်နှင့်ချီနက်သော တစ်နေရာ၌ ဧရာမ အကောင်ကြီးတစ်ကောင် ရစ်ခွေလျက်ရှိသည်။
၎င်းသည် မည်းနက်နေပြီး အဖြိုက်နက်ဖြင့် ပြုလုပ်ထားသကဲ့သို့ မာကျောသည့် ကြိတ်ဆုံကျောက်အရွယ်ရှိ ကြေးခွံများ ဖုံးလွှမ်းနေသည်။
၎င်း၏ကိုယ်ကို ဆန့်လိုက်လျင် မီတာထောင်နှင့်ချီ ရှည်လျားလှသည်။ ၎င်းခွေနေလျင် တောင်တစ်လုံးကဲ့သို့ ဖြစ်ပေါ်နေသည်။
ထိတ်လန့်ဖွယ်ကောင်းသော အစိတ်အပိုင်းကား ၎င်း၏ အိမ်တစ်လုံးအရွယ်ရှိ ဦးခေါင်းပေါ်မှ ဦးချိုနှစ်ခုပင်။
ထိုအရာက နဂါးတစ်ကောင် ဖြစ်နေတာပါတကား။
ဟက်..ဟက်..ဟက်ချိုး။
ထိုစဉ် အနက်ရောင် နဂါးသည် နှာချေလိုက်ရင်း ၎င်း၏ မီးအိမ်ကဲ့သို့ တောက်ပနေသော မသင်္ကာဟန်ဖြင့် ပြောလိုက်သည်။
“အာ… သူတောင်းစားတစ်ကောင်က ငါ့အကြောင်း ပြောနေတာပဲ”
ထိုသို တစ်ခဏမျှ တွေးမိနေပြီးမှ အနက်ရောင်နဂါးက ထိုအကြောင်းကို လျင်မြန်စွာ မေ့သွားတော့သည်။
ထို့နောက် ၎င်းက ၎င်း၏ ကြီးမားသော မျက်လုံးများဖြင့် ရှေ့သို့လှမ်းကြည့်လိုက်သည်။ ၎င်း၏ ရှေ့တည့်တည့်၌ များစွာသော ပင်လယ်သားရဲများ စုဝေးနေကြသည်။
စုစုပေါင်း ပင်လယ်သားရဲများ ထောင်သောင်းမက ရှိနေကြသည်။ အနက်ရောင် နဂါးနှင့် အနီးကပ်ဆုံး ပင်လယ်သားရဲ ဆယ့်တစ်ကောင်သည် ထိတ်လန့်ဖွယ် အကောင်းဆုံး ဖြစ်သည်၊ သူတို့သည် ဧကရာဇ်အဆင့် သားရဲများ ဖြစ်ကြသည်။
ထို့နောက် အနက်ရောင် နဂါးက ဧကရာဇ်အဆင့် သားရဲတစ်ကောင်ကို ကြည့်၍ မေးလိုက်သည်။
“ခေါင်းကိုးလုံး ပြန်မလာသေးဘူးလား”
မိန်းမ အသံကြီးပါလား။
ငါးမန်းဧကရာဇ်က ခပ်သွက်သွက် ပြန်ပြောလိုက်သည်။
“သခင်မ ခေါင်းကိုးလုံးက ကုန်းတွင်းပိုင်းက မြစ်ချောင်းတွေကို သွားကျူးကျော်နေတာပါ။ သူ ပြန်မလာသေးပါဘူး”
*ဟမ်*
ထို့နောက် အနက်ရောင် နဂါးက အေးစက်စက် မျက်လုံးများနှင့် ပြောလိုက်သည်။
“ဒါဆိုလည်း သူ့ကို ထပ်စောင့်မနေနဲ့တော့။ အမွေအနှစ် တံခါးပေါက်က ပွင့်တော့မယ်။ ဒီတစ်ခေါက် ဆင့်ကဲ ပြောင်းလဲခြင်း ပြီးသွားရင် ကမ္ဘာတစ်ခုလုံးက ငါတို့အပိုင်ပဲ”
အနက်ရောင်နဂါး၏ စကားကို ကြားပြီးနောက် ထောင်သောင်းချီသော ပင်လယ်သားရဲများက ဆက်တိုက် ဟစ်အော်လာသည်။
သားရဲများ စိတ်ရှည်လက်ရှည် စောင့်နေကြစဉ်တွင် သမုဒ္ဒရာ ချောက်နက်ထဲရှိ ကြီးမားသော အနက်ရောင် ဥမင်တစ်ခုက ဖြည်းညှင်းစွာ ပွင့်လာသည်။
ရုတ်တရက် ထိုတံခါးအတွင်းမှ များပြားသော ရေခီစွမ်းအင်များက ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် ထွက်ပေါ်လာသည်။
ဖျောက်! ဖျောက်! ဖျောက်!
တိုးပွားလာသော ရေခီစွမ်းအင်များက သမုဒ္ဒရာချောက်နက်အတွင်း ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် ပင်လယ်သားရဲများစွာတို့သည် စတင်၍ ဆင့်ကဲပြောင်းလဲ လာတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် တိုးပွားလာသော ချီဓာတ်များက သူတို့အား ကြောက်လန့်ကာ တုန်လှုပ်သွားစေခဲ့သည်။
“ဝင်ကြတော့”
အနက်ရောင် နဂါးက အမိန့်ပေးပြီးနောက် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်အား တွန့်လိမ်၍ အမွေအနှစ် တံခါးပေါက်ထဲသို့ ချက်ချင်း ဝင်ရောက်သွားပြီး သူ့နောက်မှ ဧကရာဇ်အဆင့် သားရဲဆယ့်တစ်ကောင်နှင့် ထောင်သောင်းချီသော ပင်လယ်သားရဲများ လိုက်ပါသွားကြသည်။
ပင်လယ်သားရဲများ လျင်မြန်စွာ မျိုးရိုးဗီဇပြောင်းလဲသွားကြသည်။
မျက်စိတ်တစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်ဝက်ခန့် ကုန်လွန်သွားခဲ့သည်။ ထိုနှစ်ဝက်အတွင်း ကမ္ဘာပေါ်ရှိ အင်အားစုများလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
လင်းဒီလော့ဖ်သည် အစစ်အမှန် နတ်ဘုရားအဆင့်မှ ကောင်းကင် နတ်ဘုရားအဆင့်သို့ အဆင့်တက်သွားခဲ့သည်။
သူသည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်နှင့်အတူ ပျံသန်းနိုင်နေပြီ ဖြစ်သည်။
ပါရမီရှင် ကောင်းကင်သားတော် ပေါ်ထွန်းလာပြီး အနောက်ဘက်ဒေသရှိ အခြားအင်အားစုများကို အုပ်ချုပ်လေတော့သည်။ သူ့ကိုယ်သူလည်း ကောင်းကင်အလင်းသခင်ဟု ခေါ်ဝေါ်ခဲ့သည်။
အိန္ဒိယ အခြေစိုက်ဌာနရှိ တထာဂတသည်လည်း သူ၏ တံခါးပိတ် ကျင့်ကြံခြင်း ပြီးဆုံးသွားပြီး တစ်ကမ္ဘာလုံးတွင် တတိယမြောက် ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင် ဖြစ်လာခဲ့သည်။
ပစိဖိတ် သမုဒ္ဒရာထဲတွင် အနက်ရောင် နဂါးဘုရင်မ ထွက်ပေါ်လာသည်။ သူမက ပင်လယ်သားရဲအားလုံးကို စုစည်း၍ သူမကိုယ်သူမ သခင်မဟု ခေါ်ဝေါ်လေသည်။
သို့သော် အလွန့်အလွန် ကြီးမားသော ကမ္ဘာခြား စစ်သင်္ဘောတစ်စင်းက စကြဝဠာအနှံ့ ခရီးဆန့်၍နေရင်း နောက်ထပ် နေစကြဝဠာထဲသို့ ခရီးထွက်နေသည်ကို မည်သူမျှ မသိကြပေ။
ထိုစစ်သင်္ဘော၌ ပါလာသော ကမ္ဘာခြား မုဆိုးများသည် အလွန် ကြောက်မက်ဖွယ်ကောင်း၍ အစစ်အမှန် နတ်ဘုရားအဆင့်များထက် ဆယ်ဆမက ပို၍ အင်အားကြီးလေသည်။
သူတို့၏ ကြမ်းကြုတ်သော ချီဓာတ်များက လူများအား ကြောက်လန့်ကာ တုန်ယင်သွား စေလောက်သည်။
ယခုအချိန်တွင် သူတို့သည် တစ်စုံတစ်ရာကို အပူတပြင်း ရှာဖွေနေကြသည်။
“အဖွဲ့ခေါင်းဆောင်၊ ကျွန်တော်တို့ အဲ့နေရာကို အခုထိ ရှာမတွေ့သေးပါဘူး”
စစ်သင်္ဘောပေါ်ရှိ ကမ္ဘာခြား မုဆိုးတစ်ဦးက အစိမ်းရောင် အသားအရေနှင့် လူတစ်ယောက်ကို သတင်းပို့လာသည်။
သူ့သတင်းပို့ချက်ကြောင့် ထိုအစိမ်းရောင် အသားအရေနှင့်လူက ချက်ချင်း မျက်လုံးဖွင့်၍ စူးရှသော အကြည့်များဖြင့် ပြောလိုက်သည်။
“စကြဝဠာနှစ် နှစ်နှစ်တောင် ရှိနေပြီ၊ ဒါပေမယ့် ငါတို့ အခုထိ ငါတို့ရှာနေတာကို ရှာမတွေ့နိုင်သေးဘူး”
ထို့နောက် သူက သားရေတစ်ခုကို ထုတ်၍ ဖွင့်ကြည့်လိုက်သည်။ ထိုအရာသည် စကြဝဠာ ကိုဩဒိနိတ်များ ပါသော နေရာတစ်ခု၏ မြေပုံ ဖြစ်သည်။
ဤမြေပုံကို သူ ရှေးဟောင်း အမွေအနှစ်ထဲမှ ရလာခဲ့ခြင်း ဖြစ်သည်။ ထိုအရာက စွမ်းအင် ပေါကြွယ်ဝသော ဂြိုဟ်တစ်ခုကို ရေးဆွဲထားသည်။
ထိုဂြိုဟ်က ကောင်းကင်နတ်ဘုရားများတောင် သေဆုံးခဲ့သည့် ဒဏ္ဍာရီလာ နေရာ ဖြစ်သည်ဆိုတာကိုတောင် သူ သံသယဝင်လာမိသည်။
အစိမ်းရောင် အသားအရေနှင့် လူက ဖြည်းဖြည်းချင်း ထလိုက်ပြီး သူ့ရှေ့မှ ဗလာနတ္ထိနေရာအား ကြည့်၍ ရယ်ကာပြောလိုက်သည်။
“နတ်ဘုရား အလင်းတော်အမြောက်ကို စက်နှိုးလိုက်၊ ရှေ့တည့်တည့်က ဘာမှမရှိတဲ့နေရာကို ပစ်”
*ဘာ*
*ဘာမှမရှိတဲ့ နေရာကို ပစ်ရမယ်*
စစ်သင်္ဘောပေါ်မှ အခြား ကမ္ဘာခြား မုဆိုးများ မှင်တက်သွားကြသည်။ သို့သော် သူတို့သည် သူတို့ခေါင်းဆောင်၏ အမိန့်ကို မနာခံဘဲ မနေရဲကြသဖြင့် သူတို့ရှေ့တည့်တည့်မှ ဗလာနတ္ထိနေရာအား ချိန်၍ အနီရောင်ခလုတ်အား ဖိချလိုက်သည်။
ဝုန်း!
ပေါက်ကွဲသံနှင့်အတူ ကြီးမားသော အလင်းတန်း အစုအဝေးကြီးက ရှေ့တည့်တည့်မှ ဗလာနတ္ထိနေရာသို့ ဝင်တိုက်သွားသည်။
ဂျွတ်! ဂျွတ်!
ပေါက်ကွဲသံနှင့်အတူ သူတို့၏ အံ့ဩနေသော မျက်စိရှေ့မှာတင် ရှေ့တည့်တည့်မှ ဗလာနတ္ထိ ဖြစ်နေသော နေရာသည် မှန်ကွဲတစ်ချုပ်ကဲ့သို့ တစ်စစီ ဖြစ်သွားလေသည်။
ထို့နောက် စွမ်းအင်ပေါကြွယ်ဝသော ဂြိုဟ်တစ်ခုက အာကာသယာဉ်ရှေ့ ထွက်ပေါ်လာသည်။
“ငါတို့ ရှာတွေ့ပြီ”
“အဲ့အပြာရောင် ဂြိုဟ်က ကောင်းကင်နတ်ဘုရားတွေ သေဆုံးတဲ့ နေရာလို့ ပြောစမှတ်ပြုကြတဲ့ ကမ္ဘာလို့ ခေါ်တဲ့ ဂြိုဟ်ပဲ”
#Zawgyi
စာစဥ္ (25) CHAPTER (363) ကမာၻျခား မုဆိုးမ်ား
ယဲ့ဖန္လက္ထဲမွ ဝိညာဥ္ေႁခြ ေမွာ္စာလုံးကိုၾကည့္ၿပီး နတ္ဆိုးနဂါးသည္ မ်က္ခုံး တဆတ္ဆတ္လႈပ္လာကာ တစ္ကိုယ္လုံး ၾကက္သီးတျဖန္းျဖန္းထလာသည္။
ယဲ့ဖန္၏ ရက္စက္တတ္ေသာ အက်င့္အရ ယဲ့ဖန္က ေသခ်ာေပါက္ သူ႔ကို သတ္မည္ဆိုတာကို နတ္ဆိုးနဂါး သိေနသည္။
“မင္း … ေကာင္းၿပီေလ”
နတ္ဆိုးနဂါးက ေဒါသတႀကီး အံကို ႀကိတ္ေနရင္း အရႈံးေပးလိုက္သည္။
“ေကာင္းၿပီေလ၊ အဲ့အေၾကာင္းေတြ မင္းကို ငါ ေျပာျပမယ္”
“လြန္ခဲ့ႏွစ္ ရာခ်ီတုန္းက ငါ့မူလကိုယ္ကို ပိတ္ေလွာင္ထားတဲ့ စည္းတံဆိပ္က အားနည္းစ ျပဳလာတယ္။ အဲ့ဒါေၾကာင့္ ငါ့ကိုယ္ပြားေတြကို စည္းအျပင္ဘက္ ပို႔လိုက္ၿပီးေတာ့ အဲ့ဒါေတြက အင္ေမာ္တယ္ နဂါး၊ ေကာင္းကင္နဂါးနဲ႔ ဝူနဂါးလို႔ နာမည္တြင္လာၿပီးေတာ့ နယ္ေျမတစ္ခုစီ အသီးသီး အုပ္ခ်ဳပ္ခဲ့ၾကတာ”
ယဲ့ဖန္ ထင္ထားခဲ့သည့္အတိုင္းပင္ ထိုနဂါးသုံးေကာင္လုံးက တကယ့္ကို နတ္ဆိုးနဂါးထံမွ ခြဲထြက္လာၾကျခင္း ျဖစ္သည္။
ယခုအခါမွ သူ အတည္ျပဳႏိုင္ခဲ့သည္။ ထို႔ေနာက္ ယဲ့ဖန္က မ်က္ေမွာင္ၾကဳတ္၍ ဇေဝဇဝါျဖင့္ ေမးလိုက္သည္။
“မင္း ဘာလို႔ ဒီေလာက္ ကိုယ္ပြားေတြ အမ်ားႀကီး ခြဲပစ္တာလဲ”
သူ႔စကားေၾကာင့္ နတ္ဆိုးနဂါး တုန္ယင္သြားသည္။ ထို႔ေနာက္ သူက ရွက္ကိုးရွက္ကန္း ျဖစ္ေနေသာ မ်က္ႏွာႏွင့္ ျပန္ေျပာလိုက္သည္။
“အဲ့လို ထိတ္လန႔္ဖြယ္ေကာင္းတဲ့ အင္အားစုေတြ အားလုံးကို ေစလႊတ္ရတာက ငါ့အတြက္ နဂါးမ ရွာခိုင္းမလို႔”
နတ္ဆိုးနဂါး၏ အေျဖေၾကာင့္ ယဲ့ဖန္ ထပ္၍ ေတြေဝသြားရသည္။ ထို႔ေနာက္ သူ ျပန္ေမးလိုက္သည္။
“နဂါးမ ဟုတ္လား”
ယခုအခ်ိန္တြင္ နတ္ဆိုးနဂါး၏ မ်က္ႏွာက နီျမန္းေနကာ ေခါင္းကိုငုံ႔၍ မူေနေသာ မယားပ်ိဳေလးကဲ့သို႔ ရွက္ကိုးရွက္ကန္းႏွင့္ ေျပာေလသည္။
“ဟုတ္တယ္၊ ဒီကမာၻေပၚမွာ အရမ္းေခ်ာတဲ့ နဂါးမ ရွိေနတာကို ငါ အာ႐ုံခံမိလို႔”
“ငါ … ငါက သူမနဲ႔ မိတ္ဖက္ခ်င္လို႔”
အဟြတ္!
ယဲ့ဖန္သည္ တံေတြးသီးေတာ့မလို ျဖစ္သြားရသည္။ ဒီလူအိုႀကီးက သည္ေလာက္ ႏွာထတတ္လိမ့္မည္ဟု သူ လုံးဝ ထင္မထားခဲ့မိေခ်။
*ီးပဲ*
*သူက ကိုယ္ပြား သုံးခုခြဲၿပီး အားလုံးကို တစ္ေနရာစီ အုပ္စိုးေစတာက သူ မိတ္လိုက္ဖို႔အတြက္ နဂါးမ ကူရွာခိုင္းဖို႔တဲ့လား*
အကယ္၍မ်ား ဤအေျဖကို ေသဆုံးသြားခဲ့ေသာ နတ္ဘုရားမဌာန၊ အလင္းေတာ္ ဘုရားေက်ာင္းႏွင့္ ဝူနဂါးမဘုရားေက်ာင္းမွ အႀကီးအကဲမ်ား သိခဲ့ပါက သူတို႔ ေဒါသေၾကာင့္ ေသြးတက္သြားေလာက္သည္။
သို႔ေသာ္ နတ္ဆိုးနဂါးသည္ သူ၏ အျပဳအမူမ်ားသည္ အရွက္မရွိဟု နည္းနည္းေလးမွ် မွတ္ယူျခင္းမရွိေပ။
“ငါ ကမာၻေပၚမွ ခ်ိပ္ပိတ္ခံထားရတုန္းက ငါ ကမာၻေပၚမွ အေတာ္ေလး လွတဲ့ နဂါးမ ရွိတာကို အာ႐ုံခံလိုက္မိတယ္”
“သူမက လွတယ္၊ ညႇိဳ႕ဓာတ္အား ေကာင္းတယ္၊ ႏွစ္လိုဖြယ္ေကာင္းတယ္၊ ကလူ၏သို႔ျမႇဴ၏သို႔ လုပ္ႏို္ငတယ္”
“သူမ ရႉထုတ္လိုက္တဲ့ ေလေတာင္မွ စြဲမက္ဖြယ္ေကာင္းတယ္”
နတ္ဆိုးနဂါးက အျဖစ္သည္းစြာ ေျပာလာသည္။ သူ႔စကားေၾကာင့္ ယဲ့ဖန္၏ မ်က္ႏွာက ဝမ္းခ်ဳပ္ေနသလို ရႈံ႕မဲ့လို႔သြားသည္။
ထို႔ေနာက္ သူ နတ္ဆိုးနဂါးကို ေမးလိုက္သည္။
“မင္း အဲ့နဂါးမကို ျမင္ဖူးလား”
“ဟူး…”
ယဲ့ဖန္၏ ေမးခြန္းက သူ၏ အရႈိက္အား ထိသြားပုံရၿပီး နတ္ဆိုးနဂါးက ေခါင္းကို ေလးတိေလးကန္ႏွင့္ ခါ၍ျပန္ေျပာလိုက္သည္။
“ဟင့္အင္း၊ ကံတရားက စမ္းသပ္တာျဖစ္မယ္”
“ဒါေပမယ့္ ငါသူမ ရႉထုတ္လိုက္တဲ့ ခ်ီဓာတ္ကို အနံ႔ခံၿပီး ညတိုင္း အႀကိမ္ ေထာင္နဲ႔ခ်ီၿပီး မာစတာဘိတ္႐ုံပဲ တတ္ႏိုင္တယ္”
ယဲ့ဖန္ ဆြံ႕အသြားရသည္။
နတ္ဆိုးနဂါးသည္ အလြန္ လိင္ကိစၥမ်ားကို ျမင္ေယာင္စြဲလမ္း၍ ႏွာထလြန္းေသာ မဟာ့မဟာ ႏွာဘူး နဂါး ျဖစ္သည္ဆိုတာကို ယခုမွသာ ယဲ့ဖန္ ရိပ္မိလိုက္ရသည္။
သူ၏ အရွက္မရွိမႈႏွင့္ ညစ္ညမ္းေသာ စိတ္ဓာတ္တို႔ကို ယဲ့ဖန္ေတာင္မွ လက္ေျမႇာက္ အရႈံးေပးလိုက္ရသည္။
သို႔ေသာ္ ပစိဖိတ္ သမုဒၵရာတြင္းရွိ သမုဒၵရာ ေခ်ာက္နက္တြင္းရွိ မီတာေထာင္ႏွင့္ခ်ီနက္ေသာ တစ္ေနရာ၌ ဧရာမ အေကာင္ႀကီးတစ္ေကာင္ ရစ္ေခြလ်က္ရွိသည္။
၎သည္ မည္းနက္ေနၿပီး အၿဖိဳက္နက္ျဖင့္ ျပဳလုပ္ထားသကဲ့သို႔ မာေက်ာသည့္ ႀကိတ္ဆုံေက်ာက္အ႐ြယ္ရွိ ေၾကးခြံမ်ား ဖုံးလႊမ္းေနသည္။
၎၏ကိုယ္ကို ဆန႔္လိုက္လ်င္ မီတာေထာင္ႏွင့္ခ်ီ ရွည္လ်ားလွသည္။ ၎ေခြေနလ်င္ ေတာင္တစ္လုံးကဲ့သို႔ ျဖစ္ေပၚေနသည္။
ထိတ္လန႔္ဖြယ္ေကာင္းေသာ အစိတ္အပိုင္းကား ၎၏ အိမ္တစ္လုံးအ႐ြယ္ရွိ ဦးေခါင္းေပၚမွ ဦးခ်ိဳႏွစ္ခုပင္။
ထိုအရာက နဂါးတစ္ေကာင္ ျဖစ္ေနတာပါတကား။
ဟက္..ဟက္..ဟက္ခ်ိဳး။
ထိုစဥ္ အနက္ေရာင္ နဂါးသည္ ႏွာေခ်လိုက္ရင္း ၎၏ မီးအိမ္ကဲ့သို႔ ေတာက္ပေနေသာ မသကၤာဟန္ျဖင့္ ေျပာလိုက္သည္။
“အာ… သူေတာင္းစားတစ္ေကာင္က ငါ့အေၾကာင္း ေျပာေနတာပဲ”
ထိုသို တစ္ခဏမွ် ေတြးမိေနၿပီးမွ အနက္ေရာင္နဂါးက ထိုအေၾကာင္းကို လ်င္ျမန္စြာ ေမ့သြားေတာ့သည္။
ထို႔ေနာက္ ၎က ၎၏ ႀကီးမားေသာ မ်က္လုံးမ်ားျဖင့္ ေရွ႕သို႔လွမ္းၾကည့္လိုက္သည္။ ၎၏ ေရွ႕တည့္တည့္၌ မ်ားစြာေသာ ပင္လယ္သားရဲမ်ား စုေဝးေနၾကသည္။
စုစုေပါင္း ပင္လယ္သားရဲမ်ား ေထာင္ေသာင္းမက ရွိေနၾကသည္။ အနက္ေရာင္ နဂါးႏွင့္ အနီးကပ္ဆုံး ပင္လယ္သားရဲ ဆယ့္တစ္ေကာင္သည္ ထိတ္လန႔္ဖြယ္ အေကာင္းဆုံး ျဖစ္သည္၊ သူတို႔သည္ ဧကရာဇ္အဆင့္ သားရဲမ်ား ျဖစ္ၾကသည္။
ထို႔ေနာက္ အနက္ေရာင္ နဂါးက ဧကရာဇ္အဆင့္ သားရဲတစ္ေကာင္ကို ၾကည့္၍ ေမးလိုက္သည္။
“ေခါင္းကိုးလုံး ျပန္မလာေသးဘူးလား”
မိန္းမ အသံႀကီးပါလား။
ငါးမန္းဧကရာဇ္က ခပ္သြက္သြက္ ျပန္ေျပာလိုက္သည္။
“သခင္မ ေခါင္းကိုးလုံးက ကုန္းတြင္းပိုင္းက ျမစ္ေခ်ာင္းေတြကို သြားက်ဴးေက်ာ္ေနတာပါ။ သူ ျပန္မလာေသးပါဘူး”
*ဟမ္*
ထို႔ေနာက္ အနက္ေရာင္ နဂါးက ေအးစက္စက္ မ်က္လုံးမ်ားႏွင့္ ေျပာလိုက္သည္။
“ဒါဆိုလည္း သူ႔ကို ထပ္ေစာင့္မေနနဲ႔ေတာ့။ အေမြအႏွစ္ တံခါးေပါက္က ပြင့္ေတာ့မယ္။ ဒီတစ္ေခါက္ ဆင့္ကဲ ေျပာင္းလဲျခင္း ၿပီးသြားရင္ ကမာၻတစ္ခုလုံးက ငါတို႔အပိုင္ပဲ”
အနက္ေရာင္နဂါး၏ စကားကို ၾကားၿပီးေနာက္ ေထာင္ေသာင္းခ်ီေသာ ပင္လယ္သားရဲမ်ားက ဆက္တိုက္ ဟစ္ေအာ္လာသည္။
သားရဲမ်ား စိတ္ရွည္လက္ရွည္ ေစာင့္ေနၾကစဥ္တြင္ သမုဒၵရာ ေခ်ာက္နက္ထဲရွိ ႀကီးမားေသာ အနက္ေရာင္ ဥမင္တစ္ခုက ျဖည္းညႇင္းစြာ ပြင့္လာသည္။
႐ုတ္တရက္ ထိုတံခါးအတြင္းမွ မ်ားျပားေသာ ေရခီစြမ္းအင္မ်ားက ဖိႏွိပ္ႏိုင္ေသာ ဟန္ပန္ျဖင့္ ထြက္ေပၚလာသည္။
ေဖ်ာက္! ေဖ်ာက္! ေဖ်ာက္!
တိုးပြားလာေသာ ေရခီစြမ္းအင္မ်ားက သမုဒၵရာေခ်ာက္နက္အတြင္း ဖုံးလႊမ္းသြားၿပီး ေၾကာက္မက္ဖြယ္ေကာင္းသည့္ ပင္လယ္သားရဲမ်ားစြာတို႔သည္ စတင္၍ ဆင့္ကဲေျပာင္းလဲ လာေတာ့သည္။
စကၠန႔္ပိုင္းအတြင္းမွာပင္ တိုးပြားလာေသာ ခ်ီဓာတ္မ်ားက သူတို႔အား ေၾကာက္လန႔္ကာ တုန္လႈပ္သြားေစခဲ့သည္။
“ဝင္ၾကေတာ့”
အနက္ေရာင္ နဂါးက အမိန႔္ေပးၿပီးေနာက္ ၎၏ ႀကီးမားေသာ ခႏၶာကိုယ္အား တြန႔္လိမ္၍ အေမြအႏွစ္ တံခါးေပါက္ထဲသို႔ ခ်က္ခ်င္း ဝင္ေရာက္သြားၿပီး သူ႔ေနာက္မွ ဧကရာဇ္အဆင့္ သားရဲဆယ့္တစ္ေကာင္ႏွင့္ ေထာင္ေသာင္းခ်ီေသာ ပင္လယ္သားရဲမ်ား လိုက္ပါသြားၾကသည္။
ပင္လယ္သားရဲမ်ား လ်င္ျမန္စြာ မ်ိဳး႐ိုးဗီဇေျပာင္းလဲသြားၾကသည္။
မ်က္စိတ္တစ္မွိတ္အတြင္းမွာပင္ ေနာက္ထပ္ ႏွစ္ဝက္ခန႔္ ကုန္လြန္သြားခဲ့သည္။ ထိုႏွစ္ဝက္အတြင္း ကမာၻေပၚရွိ အင္အားစုမ်ားလည္း အႀကီးအက်ယ္ ေျပာင္းလဲသြားခဲ့သည္။
လင္းဒီေလာ့ဖ္သည္ အစစ္အမွန္ နတ္ဘုရားအဆင့္မွ ေကာင္းကင္ နတ္ဘုရားအဆင့္သို႔ အဆင့္တက္သြားခဲ့သည္။
သူသည္ သူ၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္ႏွင့္အတူ ပ်ံသန္းႏိုင္ေနၿပီ ျဖစ္သည္။
ပါရမီရွင္ ေကာင္းကင္သားေတာ္ ေပၚထြန္းလာၿပီး အေနာက္ဘက္ေဒသရွိ အျခားအင္အားစုမ်ားကို အုပ္ခ်ဳပ္ေလေတာ့သည္။ သူ႔ကိုယ္သူလည္း ေကာင္းကင္အလင္းသခင္ဟု ေခၚေဝၚခဲ့သည္။
အိႏၵိယ အေျခစိုက္ဌာနရွိ တထာဂတသည္လည္း သူ၏ တံခါးပိတ္ က်င့္ႀကံျခင္း ၿပီးဆုံးသြားၿပီး တစ္ကမာၻလုံးတြင္ တတိယေျမာက္ ေကာင္းကင္နတ္ဘုရားအဆင့္ သိုင္းပညာရွင္ ျဖစ္လာခဲ့သည္။
ပစိဖိတ္ သမုဒၵရာထဲတြင္ အနက္ေရာင္ နဂါးဘုရင္မ ထြက္ေပၚလာသည္။ သူမက ပင္လယ္သားရဲအားလုံးကို စုစည္း၍ သူမကိုယ္သူမ သခင္မဟု ေခၚေဝၚေလသည္။
သို႔ေသာ္ အလြန႔္အလြန္ ႀကီးမားေသာ ကမာၻျခား စစ္သေဘၤာတစ္စင္းက စၾကဝဠာအႏွံ႔ ခရီးဆန႔္၍ေနရင္း ေနာက္ထပ္ ေနစၾကဝဠာထဲသို႔ ခရီးထြက္ေနသည္ကို မည္သူမွ် မသိၾကေပ။
ထိုစစ္သေဘၤာ၌ ပါလာေသာ ကမာၻျခား မုဆိုးမ်ားသည္ အလြန္ ေၾကာက္မက္ဖြယ္ေကာင္း၍ အစစ္အမွန္ နတ္ဘုရားအဆင့္မ်ားထက္ ဆယ္ဆမက ပို၍ အင္အားႀကီးေလသည္။
သူတို႔၏ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားက လူမ်ားအား ေၾကာက္လန႔္ကာ တုန္ယင္သြား ေစေလာက္သည္။
ယခုအခ်ိန္တြင္ သူတို႔သည္ တစ္စုံတစ္ရာကို အပူတျပင္း ရွာေဖြေနၾကသည္။
“အဖြဲ႕ေခါင္းေဆာင္၊ ကြၽန္ေတာ္တို႔ အဲ့ေနရာကို အခုထိ ရွာမေတြ႕ေသးပါဘူး”
စစ္သေဘၤာေပၚရွိ ကမာၻျခား မုဆိုးတစ္ဦးက အစိမ္းေရာင္ အသားအေရႏွင့္ လူတစ္ေယာက္ကို သတင္းပို႔လာသည္။
သူ႔သတင္းပို႔ခ်က္ေၾကာင့္ ထိုအစိမ္းေရာင္ အသားအေရႏွင့္လူက ခ်က္ခ်င္း မ်က္လုံးဖြင့္၍ စူးရွေသာ အၾကည့္မ်ားျဖင့္ ေျပာလိုက္သည္။
“စၾကဝဠာႏွစ္ ႏွစ္ႏွစ္ေတာင္ ရွိေနၿပီ၊ ဒါေပမယ့္ ငါတို႔ အခုထိ ငါတို႔ရွာေနတာကို ရွာမေတြ႕ႏိုင္ေသးဘူး”
ထို႔ေနာက္ သူက သားေရတစ္ခုကို ထုတ္၍ ဖြင့္ၾကည့္လိုက္သည္။ ထိုအရာသည္ စၾကဝဠာ ကိုဩဒိနိတ္မ်ား ပါေသာ ေနရာတစ္ခု၏ ေျမပုံ ျဖစ္သည္။
ဤေျမပုံကို သူ ေရွးေဟာင္း အေမြအႏွစ္ထဲမွ ရလာခဲ့ျခင္း ျဖစ္သည္။ ထိုအရာက စြမ္းအင္ ေပါႂကြယ္ဝေသာ ၿဂိဳဟ္တစ္ခုကို ေရးဆြဲထားသည္။
ထိုၿဂိဳဟ္က ေကာင္းကင္နတ္ဘုရားမ်ားေတာင္ ေသဆုံးခဲ့သည့္ ဒ႑ာရီလာ ေနရာ ျဖစ္သည္ဆိုတာကိုေတာင္ သူ သံသယဝင္လာမိသည္။
အစိမ္းေရာင္ အသားအေရႏွင့္ လူက ျဖည္းျဖည္းခ်င္း ထလိုက္ၿပီး သူ႔ေရွ႕မွ ဗလာနတၳိေနရာအား ၾကည့္၍ ရယ္ကာေျပာလိုက္သည္။
“နတ္ဘုရား အလင္းေတာ္အေျမာက္ကို စက္ႏႈိးလိုက္၊ ေရွ႕တည့္တည့္က ဘာမွမရွိတဲ့ေနရာကို ပစ္”
*ဘာ*
*ဘာမွမရွိတဲ့ ေနရာကို ပစ္ရမယ္*
စစ္သေဘၤာေပၚမွ အျခား ကမာၻျခား မုဆိုးမ်ား မွင္တက္သြားၾကသည္။ သို႔ေသာ္ သူတို႔သည္ သူတို႔ေခါင္းေဆာင္၏ အမိန႔္ကို မနာခံဘဲ မေနရဲၾကသျဖင့္ သူတို႔ေရွ႕တည့္တည့္မွ ဗလာနတၳိေနရာအား ခ်ိန္၍ အနီေရာင္ခလုတ္အား ဖိခ်လိုက္သည္။
ဝုန္း!
ေပါက္ကြဲသံႏွင့္အတူ ႀကီးမားေသာ အလင္းတန္း အစုအေဝးႀကီးက ေရွ႕တည့္တည့္မွ ဗလာနတၳိေနရာသို႔ ဝင္တိုက္သြားသည္။
ဂြၽတ္! ဂြၽတ္!
ေပါက္ကြဲသံႏွင့္အတူ သူတို႔၏ အံ့ဩေနေသာ မ်က္စိေရွ႕မွာတင္ ေရွ႕တည့္တည့္မွ ဗလာနတၳိ ျဖစ္ေနေသာ ေနရာသည္ မွန္ကြဲတစ္ခ်ဳပ္ကဲ့သို႔ တစ္စစီ ျဖစ္သြားေလသည္။
ထို႔ေနာက္ စြမ္းအင္ေပါႂကြယ္ဝေသာ ၿဂိဳဟ္တစ္ခုက အာကာသယာဥ္ေရွ႕ ထြက္ေပၚလာသည္။
“ငါတို႔ ရွာေတြ႕ၿပီ”
“အဲ့အျပာေရာင္ ၿဂိဳဟ္က ေကာင္းကင္နတ္ဘုရားေတြ ေသဆုံးတဲ့ ေနရာလို႔ ေျပာစမွတ္ျပဳၾကတဲ့ ကမာၻလို႔ ေခၚတဲ့ ၿဂိဳဟ္ပဲ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now