Chapter 226

1.4K 213 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (16) Chapter (226) အမှောင်သခင်က…..သခင်ကြီးကို သိပ်ကို သတိရနေခဲ့တာပါ

"မဖြစ်နိုင်ဘူး"

မဟာဝူနတ်ဘုရားသည် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လို့နေသည်။

သူ၏ လက်သီးသည် တိုက်ပွဲတောက်လျှောက် ဆိုးဆိုးရွားရွား ဖြစ်လို့ သွားချေသည်။ စူးရှသော နာကျင်မှုကြောင့် သူ တုန်ယင်နေကာ မျက်လုံး၌ အလွန် တုန်လှုပ်နေဟန်များ ပေါ်လွင်နေ၏။

ယဲ့ဖန်ကဲ့သို့ ဆရာသခင် တစ်ပိုင်းအဆင့် ပညာရှင်က ဒဏ္ဍာရီအဆင့်မှ သူအား ဖိနှိပ်နိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ခဲ့ပါ။ ယခုတော့ ယဲ့ဖန်က အလွန် ထူးဆန်းသောသူမှန်း သူ သိသွားချေပြီ။

အံ့ဩစရာကောင်းလိုက်ပါဘိ။

ယဲ့ဖန်က ဆရာသခင် ဖြစ်ခါနီးအဆင့်သို့ အဆင့်တက်သွားသည်ကို သူ မြင်လိုက်ရပြီး ကြက်သီး တဖြန်းဖြန်း ထသွားသည်။

"မဖြစ်ဘူး"

ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုက စက္ကန့်ပိုင်းအတွင်း ဖြစ်ပေါ်လာသည်။

ရုတ်တရက် ယဲ့ဖန်ရှိရာဘက်မှ အေးစိမ့်စိမ့် လေတစ်ချက် တိုက်ခတ်လာသည်ကို သူ ခံစားလိုက်မိသည်။ ထို့ကြောင့် သူ ချက်ချင်း နောက်လှည့်၍ ထိုအရာကို ရှောင်တိမ်းရန် ကြံစည်လိုက်သည်။

ထိုစဉ် ဒုန်းခနဲ အသံနှင့်အတူ မဟာဝူနတ်ဘုရားသည် သူ့ပခုံးမှ အကြီးအကျယ် နာကျင်လာသည်ကို ခံစားလိုက်မိသည်။

သူ့လက်ပြင်ရိုးသည် ချက်ချင်း ဆုတ်ပြဲသွားလေသည်။

မဟာဝူနတ်ဘုရားသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ လေထဲ ဆယ်မီတာခန့် လွင့်ထွက်သွားလေသည်။

တစ်ချိန်တည်းမှာပင် မဟာဝူနတ်ဘုရားသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်မိပြီး သူ့မျက်လုံး၌လည်း အကြီးအကျယ် သွေးပျက်နေဟန်များ ပေါ်လွင်နေသည်။

သူ ရှုံးသွားပြီ။

သူ့လက်ပြင်ရိုးသည်လည်း လက်သီးတစ်ချက်တည်းဖြင့် ကျိုးသွားချေပြီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now