Chapter 279

1.2K 147 7
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (279) နှလုံးခုန်မြန်၍ သွေးပွက်ပွက်ဆူလာခြင်း

" ကျွန်တော် မိုရို သွေးစွန်း တစ္ဆေက သခင်ကြီးကို ဂါရဝ ပြုပါတယ်"

ဒုစရိုက်ဧကရာဇ်၏ အသံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီးနောက် လမ်းကြားလေးတစ်ခုလုံး တိတ်ဆိတ်သွားသည်။

မဟူရာ ဧကရာဇ်နှင့် မရဏ အစေခံ ခုနစ်ယောက်တို့ မှင်တက်သွားကြသည်။ ဒုစရိုက် ဧကရာဇ်သည် ကမ္ဘာတစ်ဝှမ်းမှ အလွန် ရှေးကျသော လျှို့ဝှက်သိုင်းကျမ်းကို ပိုင်ဆိုင်သည့် ထိပ်တန်း သိုင်းပညာရှင် ခြောက်ယောက်ထဲမှ တစ်ယောက်ဖြစ်သလို အကြမ်းဆုံး သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုများထဲမှ တစ်ခု၏ ခေါင်းဆောင်လည်း ဖြစ်သည်။

သို့သော် သူသည် လူငယ်တစ်ယောက်၏ ရှေ့တွင် ဒူးထောက်နေပြီး ထိုသူအား သခင်ကြီးဟု ခေါ်ဝေါ်နေသည်။

ဒီအဖြစ်က … မဟူရာ ဧကရာဇ်နှင့် သူ့လူများ၏ အတွေးအမြင်များကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။

အလွန် ရှေးကျသော လျှို့ဝှက်သိုင်းကျမ်းများကို ရရှိထားသည့် ဒဏ္ဍာရီလာအဆင့်များသည် သာမန် ဒဏ္ဍာရီလာ အဆင့် သိုင်းပညာရှင်များနှင့် အခြေခံအားဖြင့် ခြားနားလှသည်။

သူတို့၌ အင်မော်တယ်များကဲ့သို့ မခန့်မှန်းနိုင်သော ၊ ဆန်းကြယ်သည့် တိုက်ပွဲဝင် တိုက်ကွက်များ ရှိသည်။ အလွန် ရှေးကျသော လျှို့ဝှက် သိုင်းကွက်များ၏ အင်အားသည် အလွန် လက်ဖျားခါလောက်သည်။

မဟူရာ ဧကရာဇ်နှင့် သူ့လူများသည် ယဲ့ဖန်၏ အင်အားစုကို မြင်ပြီး သူတို့၏ မျက်နှာများက မည်းမှောင်သွားသည်။

မြေအောက်သခင်တောင်မှ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

"ကြောက်ဖို့ကောင်းတဲ့ လူနှစ်ယောက်ဖြစ်တဲ့ ကျိုချင်းချန်နဲ့ ဒုစရိုက် ဧကရာဇ်က သူ့ကို သခင်ကြီးလို့ ခေါ်နေတယ် …"

"သူက … ဘယ်လိုလူစားမျိုးလဲ"

မြေအောက်သခင် အလွန် မှင်တက်သွားသည်။ သူ ဦးနှောက်ခြောက်အောင် စဉ်းစားသော်လည်း ဤလူငယ်လေး၏ နောက်ခံကို စဉ်းစားလို့ မရချေ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now