Chapter 310

1.1K 112 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (310) နောက်ဆုံးအသွင်

“မဟုတ်ဘူး”
ကောင်းရှန့် ရူးမတတ် ဖြစ်နေသည်။ ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားသည် သူ ထင်ထားသည်ထက် ကျော်လွန်နေ၏။
*ဒဏ္ဍာရီလာအဆင့် လေးယောက်ကို လက်ဖဝါး လေးချက်ရိုက်ပြီး သတ်လိုက်တယ်။ ထူး ... ထူးဆန်းလိုက်တဲ့ကောင်ကွာ*
“ဒီခွေးသားက လွန်ခဲ့တဲ့ နှစ်ဝက်ကထက် ပိုသန်မာလာတာပဲ”
ယခင်တုန်းက ကောင်းရှန့်သည် သူသာ ဒဏ္ဍာရီလာအဆင့်သို့ တက်သွားနိုင်ပြီဆိုလျင် ယဲ့ဖန်အား လွယ်ကူစွာ သတ်ဖြတ်နိုင်သည်ဟု သူ ထင်ခဲ့မိသည်။
သို့သော် ယခု သူ့ရန်သူ၏ ခွန်အားကြောင့် သူ အကြီးအကျယ် ထိတ်လန့်ခဲ့ရပြီ ဖြစ်သည်။ ကောင်းရှန့်၏ စကားကြောင့် ယဲ့ဖန်က အေးစက် တင်းမာသော အကြည့်ဖြင့် ပြန်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက မင်းက ငါ့ရှေ့မှာ တီကောင်သာသာပဲ ရှိတယ်၊ နှစ်ဝက်လောက် ကျော်သွားတာတောင် မင်းက အခုထိ တီကောင်အဆင့်ပဲ ရှိသေးတာပါလား”
“ငါက မင်းကို သေစေချင်ရင် မင်းက သေရမှာပဲ”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် ကောင်းရှန့်ထံသို့ လျှောက်လာသည်။ သူ၏ ခြေလှမ်းတိုင်းက ကောင်းရှန့်၏ နှလုံးသား တစ်စစီ ဖြစ်အောင် နင်းချေနေသလိုပင်။ ထို့ကြောင့် ကောင်းရှန့်သည် ဖြူဖပ်ဖြူရော် မျက်နှာနှင့် အော်ဟစ်လိုက်သည်။
“သူ့ကိုတား၊ မြန်မြန်၊ သူ့ကိုတားကြ”
ကောင်းရှန့်၏ မျက်နှာက လျင်မြန်စွာမည်းမှောင်လာသည်။ သူ၏ လူသတ်တိုက်ကွက်အား ထုတ်ဖော်ရန် စက္ကန့်အနည်းငယ်မျှ လိုအပ်သည်။ ထိုသို့မတိုင်ခင်တွင် သူသည် ယဲ့ဖန်အား နှောင့်နှေးစေရန် အခြားသူများ၏ အသက်ကို စတေးရန် ကြံရွယ်ထားသည်။
သူ့အမိန့်ကြောင့် အခြား ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်‌ယောက်နှင့် ဒါဇင်နှင့်ချီသော ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်တို့သည် သူတို့ သေမင်းခံတွင်းဝသို့ ခုန်ဆင်းနေရမှန်း သိသော်လည်း ယဲ့ဖန်ထံသို့ လျင်မြန်စွာ ပြေးဝင်သွားကြရုံသာ တတ်နိုင်သည်။
သူတို့သည် ဓားသမားဂိုဏ်း၏ တပည့်များ ဖြစ်သည်။ အကယ်၍ သူတို့သာ ရှေ့မတက်သွားဘူးဆိုပါက သူတို့ အခြားသူများ သတ်သည်ကို ခံရမည်ပင်။
“သေပေတော့”
ထို့နောက် ဓားသမားဂိုဏ်း၏ တပည့်အားလုံးသည် သူတို့အသက်ကို ပဓာန မထားဘဲ သူတို့၌ ရှိသမျှ ခွန်အားအကုန် ထုတ်သုံးလိုက်ကြသည်။
ထို့ကြောင့် များစွာသော ဓားရောင်များက ယဲ့ဖန်ထံသို့ ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် ရောက်ချလာသည်။ သို့သော် ယဲ့ဖန်က ဤမြင်ကွင်းကို မြင်သော်လည်း နှုတ်ခမ်းတွန့်ရုံသာ ပြုံးနေ၏။
ထို့နောက် သူ၏လက်တစ်ဘက်ကို ခါလိုက်သည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင် အလင်းတန်းများစွာက သူ့အင်္ကျီလက်ထဲမှ ထွက်လာသည်။
ထိုအလင်းတန်းများသည် နတ်ဆိုးသဖွယ် ဂုဏ်ရောင်ဂုဏ်ဝါရှိသော အနက်ရောင် ပုရွက်ဆိတ်များပင် ဖြစ်သည်။ အကောင်ရေများစွာ ရှိနေသဖြင့် ထိုပုရွက်ဆိတ်အဖွဲ့ကြီးသည် အနက်ရောင်လွင်ပြင်တစ်ခုကို ဖန်တီးလို့နေသည်။
ပုရွက်ဆိတ်များသည် အလွန် လျင်မြန်သောနှုန်းဖြင့် အရှေ့သို့ ပြေးတက်လာကြသည်။ အနက်ရောင် အလင်းတန်းများက ဓားရှည်များထံသို့ ဦးတည်၍ ပြေးဝင်လာကြသည်။
ဂျွတ်! ဂျွတ်!
အလွန် သေးကွေးသော ကိုက်သံများစွာ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ အားလုံး၏ အကြည့်အောက်မှာပင် ဓားရှည်များက တစ္ဆေတစ်ကောင်၏ ကိုက်ဝါးခြင်းကို ခံနေရသကဲ့သို့ တဖြည်းဖြည်း တိုသထက် တိုလာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ခြံဝန်းထဲရှိ ဓားရှည်အားလုံး လေနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။ ထို့သို့ဖြစ်သွားသဖြင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် ဒါဇင်နှင့်ချီသော ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်တို့ တွေဝေသွားကြသည်။
သူတို့အားလုံးသည် မပြည့်စုံတော့သော ဓားရှည်များကို အူကြောင်ကြောင်နှင့် ကိုင်ထားမိကြသည်။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
ရှဲ!
ဓားရှည်များကို စားသောက်ပြီးနောက် ပုရွက်ဆိတ်များသည် သူတို့၏ အစွယ်များကို ထုတ်ဖော်ပြီး သူတို့၏ လက်သည်းများကို ဝင့်၍ ဓားသမားဂိုဏ်း၏ ကျန်ရှိနေသော တပည့်များဆီသို့ အရူးအမူး ပြေးဝင်သွားကြသည်။
“အား…”
“အား…”
“အား…”
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေသည်။ ဓားသမားဂိုဏ်းမှ တပည့်များ၏ သွေးများက ဆက်တိုက်ပန်းထွက်လို့လာသည်။
သူတို့ခန္ဓာကိုယ်များသည် ပုရွက်ဆိတ်များဖြင့် ဖုံးလွှမ်းလို့နေ၏။ ပုရွက်ဆိတ်များက သူတို့၏ မျက်နှာများ၊ လည်ပင်းများ၊ ရင်ဘက်များနှင့် ခြေထောက်များကို ကိုက်ဖြတ်နေကြသည်။
သူတို့အားလုံးသည် သူတို့၏ မျက်လုံးများ အစားမခံရချိန်အထိ ငယ်သံပါအောင် အော်ဟစ်ခဲ့ကြသည်။ ဤမြင်ကွင်းက ခြံဝန်းထဲရှိ လူတိုင်းအား အလွန် ထိတ်လန့်သွားစေခဲ့သည်။
ယဲ့ဖန်တစ်ယောက်တည်းသာ တည်ငြိမ်လျက် ရှိသည်။ သူသည် ကောင်းရှန့်ထံသို့ တစ်လှမ်းချင်းလှမ်း၍ လျှောက်လာသည်။
ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် ဒါဇင်နှင့်ချီသော ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်များသည် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကြပြီ ဖြစ်သည်။
ယဲ့ဖန်သည် ငရဲမှ ထွက်ပေါ်လာသော နတ်ဆိုး နတ်ဘုရားကဲ့သို့ လျှောက်လာနေသည်။ သူ ဖြတ်သွားသည့် နေရာတိုင်း၌ သေဆုံးသွားသော ဝိညာဉ်များ တိုးပွားလာသည်။
ဝုန်းခနဲ အသံနှင့်အတူ ဓားသမားဂိုဏ်း၏ နောက်ဆုံးတပည့်သားတစ်ယောက် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားချိန်တွင် ယဲ့ဖန်သည်လည်း ကောင်းရှန့်၏ ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။
*သေသွားပြီ*
*သူတို့အားလုံး သေသွားပြီ*
ကောင်းရှန့် တွေဝေနေသည်။ သူသည် သွေးများ‌ ပေကျံနေသော ပုရွက်ဆိတ်များအား သရဲသဘက်အား မြင်နေရသကဲ့သို့ ငေးငိုင်၍ ကြည့်နေမိသည်။
ဝေ့ဖန်းနှင့် အခြားသူလေးယောက်တို့ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသည်။ သည်လောက် ရက်စက်သည့် ပုရွက်ဆိတ်မျိုးစိတ်မျိုး သူတို့ အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပါ။
ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်များသည် ပုရွက်ဆိတ်များအတွက် အဆာပြေ စားစရာ အဆင့်သာ ဖြစ်သည်။ ပုရွက်ဆိတ်များက သူတို့အား အလွန် လွယ်ကူ၊လွတ်လပ်စွာ စားသုံးနိုင်ကြသည်။
“မင်း အခု သေလို့ရပြီလား”
ယဲ့ဖန်က ကောင်းရှန့်အား မကောင်းဆိုးဝါးသဖွယ် အပြုံးမျိုး ပြုံး၍ ကြည့်ကာ ပြောလိုက်သဖြင့် သူ ကြောက်လန့်ကာ တုန်လှုပ်သွားသည်။
“မဟုတ်ဘူး၊ ငါ့မှာ သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ်ရှိတယ်ကွ။ ငါ မင်းကို လုံးဝ အညံ့မခံနိုင်ဘူး”
ကောင်းရှန့်သည် သူ့၌ နောက်ဆုတ်ရန် လမ်းမရှိတော့သည်ကို သိလိုက်သည်။
“ယဲ့ဖန်၊ တစ်နှစ်ခွဲတောင် ရှိသွားပြီပဲ။ ငါ မင်းကို သတ်ဖို့ စောင့်နေတာ နှစ်ဝက်တောင် ရှိနေပြီ”
“ငါ မင်းကို ငါ့လက်နဲ့ သတ်မယ်။ ငါ မင်းအလောင်းကို နင်းပြီး ကျန်းရှီမြို့ရဲ့ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာစေရမယ်ကွ”
ကောင်းရှန့်၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။

သူ့ကိုယ်တွင်းမှ သွေးများ ပွက်ပွက်ဆူလာသည်။ သန်မာသော ချီမျှင်စုများက ခြံဝန်းအတွင်း ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် ဖုံးလွှမ်းလာသည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်သော ချီဓာတ်နှင့်အတူ သူ၏ခြေထောက်အောက်မှ မြေကြီးသည် အက်ကွဲလို့လာသည်။ ထို့နောက် သူ့အဝတ်အစားများက တစ်စစီ စုတ်ပြဲကုန်သည်။
ထို့နောက်တွင်မူ များစွာသော ဆူးချွန်များက သူ့အရေပြားထံမှ ထွက်ပေါ်လာသည်။
သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်များ။
ဆူးချွန်တစ်ခုချင်းစီ၌ သေစေနိုင်သော အဆိပ် ပမာဏများစွာ ပါဝင်နေသည်။ အဆိပ်သည် ဒဏ္ဍာရီလာအဆင့်တစ်ယောက်ကို သတ်နိုင်လောက်အောင်ကို ပြင်းထန်လှပေသည်။
ဤသည်မှာ ကောင်းရှန့်အတွက် ရီကျန့်ထျန်း တီထွင်ပေးထားသော လူသတ်တိုက်ကွက် ဖြစ်သည်။ တဖျစ်ဖျစ် တဖြောက်ဖြောက် အသံများက ကြည့်နေသူများ၏ နားစည်ထဲသို့ တောက်လျှောက် ရိုက်ခတ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းရှန့်၏ နောက်ကျော၊ လည်ပင်းနှင့် ခါးတို့မှ သွေးဆိုး တိုက်ပွဲဝင် ဆူးချွန် တစ်ရာကျော် ထွက်လာသည်။ ဤသည်ကြောင့် ကောင်းရှန့်သည် ဧရာမ ဖြူကောင်တစ်ကောင်နှင့် တူနေလေတော့သည်။
ထို့ပြင် သူ၏ချီဓာတ်သည် ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်သို့ပင် ရောက်လို့နေ၏။ သူ့ပုံစံက နတ်ဆိုးဘုရင်တစ်ပါး လူသားကမ္ဘာသို့ ရောက်ရှိလာသည့်ဟန်နှင့် တူလှပေသည်။
“ဒါ … ဒါက သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ်ရဲ့ နောက်ဆုံးအသွင် မဟုတ်လား”
ဤမျှ ကြောက်ဖို့ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဝေ့ဖန်းနှင့် အခြားသူ လေးယောက်တို့ ကြက်သီး တဖြန်းဖြန်း ထသွားရသည်။ သူတို့ သေမင်း အရိပ်အငွေ့များကို အနံ့ရနေသလိုပင်။
“ဟားဟား … ယဲ့ဖန်၊ မင်းက ငါ့ရဲ့ သွေးဆိုးတိုက်ပွဲဝင် ဆူးချွန်နဲ့ တိုက်ခိုက်ရတဲ့ ပထမဆုံးသူပဲ”
ကောင်းရှန့်က ရူးသွပ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အခု မင်း သေလို့ရပြီ”
ထိုသို့ပြောပြီး ကောင်းရှန့်သည် မြေကြီးပေါ်၌ လှိမ့်လိုက်ပြီးနောက် ဖြူတစ်ကောင်ကဲ့သို့ ဘောလုံးတစ်လုံးလို ဖြစ်သွားကာ သူ၏ ဆူးချွန်များကို မြင်သာအောင် ဖော်ထုတ်ထားသည်။
သူ၏ တိုက်ခိုက်မှု၌ မည်သည့် ဟာကွက်မျှ မရှိပေ။ ထို့နောက် ထိုဘောလုံးသည် ယဲ့ဖန်ထံသို့ အလွန် ပြင်းထန်သော အရှိန်အဟုန်ဖြင့် လှိမ့်လာသည်။
ထို့နောက် လူများစွာက သူ့ထံသို့ ပြေးဝင်ကာ တိုက်ခိုက်မှုအား တားဆီးကြသည်။ သို့သော် သူတို့ ကောင်းရှန့်ထံသို့ ပြေးဝင်သွားသည်နှင့် တိုက်ခိုက်ခံလိုက်ရပြီး ဆူးချွန်များ၏ ပြင်းထန်သော အရှိန်ကြောင့် အနောက်သို့ လွင့်ထွက်သွားသည်။
သူတို့ ထိုဘောလုံးနားသို့ ကပ်ပင်မကပ်နိုင်ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဘောလုံးသည် ပုရွက်ဆိတ်အုံကြီးအား ဖြတ်ကျော်၍ ယဲ့ဖန်ထံသို့ အရှိန်နှင့် လှိမ့်ဝင်လာသည်။
“ဟားဟား…ယဲ့ဖန်၊ မင်း သေတော့မှာကွ”
မောက်မာသော အသံတစ်သံက ထိုဘောလုံးအတွင်းမှ ထွက်ပေါ်လာသည်။ ထို့နောက် များစွာသော ဆူးချွန်များက ယဲ့ဖန်ထံသို့ ပျံသန်းလာသည်။
“သေပေတော့”
ရုတ်ချည်းဆိုသလို သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်များက လေနှင့်အတူ လွင့်ပျံ၍ ရောက်ရှိလာသည်။ ထိုအခါ ယဲ့ဖန်က သူ့လက်နှစ်ဘက်ကို ဆန့်ထုတ်၍ သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်များကို ဖမ်းကိုင်ရန် ပြင်လိုက်သည်။
“သခင်ကြီး သတိထား၊ ဆူးချွန်တွေက အဆိပ်ရှိတယ်”
အန္တရာယ်ပေးနိုင်သော တိုက်ခိုက်မှုကို ကြည့်ပြီး ယဲ့ဖန်၏ နောက်လိုက်ငါးယောက်တို့က ထိတ်လန့်တကြား သတိပေးလာသည်။
သို့သော် ကောင်းရှန့်၏ လှောင်ရယ်သံများက ပို၍ ကျယ်လောင်လာသည်။
“အရူး … တိုက်ပွဲဝင် ဆူးချွန်ပေါ်က အဆိပ်ကို ခြေလှမ်းတစ်ဝက် အဆိပ်လို့ ခေါ်တယ်ကွ၊ ခွန်းလွင်တောင်ပေါ်က အပြင်းဆုံးအဆိပ်တွေထဲက တစ်ခုပဲ။ ဒဏ္ဍာရီလာအဆင့်က သူဆိုရင်တောင်မှ အရေပြားကို နည်းနည်းလေး ဖောက်ဝင်သွားတာနဲ့ ခြေလှမ်းတစ်ဝက်အတွင်း သေသွားမှာကွ”
“ဒီတစ်ခါတော့ မင်း အသက်ရှင်စရာ အကြောင်းမရှိတော့ဘူး”
ကောင်းရှန့်သည် အလွန် ယုံကြည်မှုရှိဟန်ဖြင့် ပြောလိုက်သည်။ သူ၏ တိုက်ပွဲဝင် ဆူးချွန်တစ်ခုစီတိုင်းက သွေးသောက်ဓား၏ ဓားသွားထက် ပို၍ ထက်ရှသည်။
သို့သော် ထိုအချိန်တွင် ချွင်ဟူသော ကျယ်လောင်သည့် အသံတစ်ခုက အိမ်တော်အနှံ့ ပျံ့နှံ့သွားသည်။ သတ္တုချင်း ရိုက်ခတ်မိသံနှင့်အတူ သူ၏ ဆူးချွန်များသည် ယဲ့ဖန်၏ လက်ဖြင့် ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ထို့နောက် ယဲ့ဖန်သည် ဘောလုံးအား နောက်သို့ ဆတ်ခနဲ ဆောင့်ဆွဲလိုက်သည်။ ဂျွတ်ခနဲ အသံနှင့်အတူ သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်များက ကောင်းရှန့်၏ ကိုယ်ပေါ်မှ ဆွဲနုတ်ခံလိုက်ရပြီးနောက် သွေးများ ပန်းထွက်လို့လာ၏။
#ZAWGYI
စာစဥ္ (21) CHAPTER (310) ေနာက္ဆုံးအသြင္
“မဟုတ္ဘူး”
ေကာင္းရွန႔္ ႐ူးမတတ္ ျဖစ္ေနသည္။ ယဲ့ဖန္၏ တိုက္ပြဲဝင္ခြန္အားသည္ သူ ထင္ထားသည္ထက္ ေက်ာ္လြန္ေန၏။
*ဒ႑ာရီလာအဆင့္ ေလးေယာက္ကို လက္ဖဝါး ေလးခ်က္႐ိုက္ၿပီး သတ္လိုက္တယ္။ ထူး ... ထူးဆန္းလိုက္တဲ့ေကာင္ကြာ*
“ဒီေခြးသားက လြန္ခဲ့တဲ့ ႏွစ္ဝက္ကထက္ ပိုသန္မာလာတာပဲ”
ယခင္တုန္းက ေကာင္းရွန႔္သည္ သူသာ ဒ႑ာရီလာအဆင့္သို႔ တက္သြားႏိုင္ၿပီဆိုလ်င္ ယဲ့ဖန္အား လြယ္ကူစြာ သတ္ျဖတ္ႏိုင္သည္ဟု သူ ထင္ခဲ့မိသည္။
သို႔ေသာ္ ယခု သူ႔ရန္သူ၏ ခြန္အားေၾကာင့္ သူ အႀကီးအက်ယ္ ထိတ္လန႔္ခဲ့ရၿပီ ျဖစ္သည္။ ေကာင္းရွန႔္၏ စကားေၾကာင့္ ယဲ့ဖန္က ေအးစက္ တင္းမာေသာ အၾကည့္ျဖင့္ ျပန္ေျပာလိုက္သည္။
“လြန္ခဲ့တဲ့ တစ္ႏွစ္ခြဲတုန္းက မင္းက ငါ့ေရွ႕မွာ တီေကာင္သာသာပဲ ရွိတယ္၊ တစ္ႏွစ္ခြဲ ေက်ာ္သြားတာေတာင္ မင္းက အခုထိ တီေကာင္အဆင့္ပဲ ရွိေသးတာပါလား”
“ငါက မင္းကို ေသေစခ်င္ရင္ မင္းက ေသရမွာပဲ”
ထိုသို႔ေျပာၿပီးေနာက္ ယဲ့ဖန္သည္ ေကာင္းရွန႔္ထံသို႔ ေလွ်ာက္လာသည္။ သူ၏ ေျခလွမ္းတိုင္းက ေကာင္းရွန႔္၏ ႏွလုံးသား တစ္စစီ ျဖစ္ေအာင္ နင္းေခ်ေနသလိုပင္။ ထို႔ေၾကာင့္ ေကာင္းရွန႔္သည္ ျဖဴဖပ္ျဖဴေရာ္ မ်က္ႏွာႏွင့္ ေအာ္ဟစ္လိုက္သည္။
“သူ႔ကိုတား၊ ျမန္ျမန္၊ သူ႔ကိုတားၾက”
ေကာင္းရွန႔္၏ မ်က္ႏွာက လ်င္ျမန္စြာမည္းေမွာင္လာသည္။ သူ၏ လူသတ္တိုက္ကြက္အား ထုတ္ေဖာ္ရန္ စကၠန႔္အနည္းငယ္မွ် လိုအပ္သည္။ ထိုသို႔မတိုင္ခင္တြင္ သူသည္ ယဲ့ဖန္အား ေႏွာင့္ေႏွးေစရန္ အျခားသူမ်ား၏ အသက္ကို စေတးရန္ ႀကံ႐ြယ္ထားသည္။
သူ႔အမိန႔္ေၾကာင့္ အျခား ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ရွစ္‌ေယာက္ႏွင့္ ဒါဇင္ႏွင့္ခ်ီေသာ ဒ႑ာရီ အထြတ္အထိပ္အဆင့္တို႔သည္ သူတို႔ ေသမင္းခံတြင္းဝသို႔ ခုန္ဆင္းေနရမွန္း သိေသာ္လည္း ယဲ့ဖန္ထံသို႔ လ်င္ျမန္စြာ ေျပးဝင္သြားၾက႐ုံသာ တတ္ႏိုင္သည္။
သူတို႔သည္ ဓားသမားဂိုဏ္း၏ တပည့္မ်ား ျဖစ္သည္။ အကယ္၍ သူတို႔သာ ေရွ႕မတက္သြားဘူးဆိုပါက သူတို႔ အျခားသူမ်ား သတ္သည္ကို ခံရမည္ပင္။
“ေသေပေတာ့”
ထို႔ေနာက္ ဓားသမားဂိုဏ္း၏ တပည့္အားလုံးသည္ သူတို႔အသက္ကို ပဓာန မထားဘဲ သူတို႔၌ ရွိသမွ် ခြန္အားအကုန္ ထုတ္သုံးလိုက္ၾကသည္။
ထို႔ေၾကာင့္ မ်ားစြာေသာ ဓားေရာင္မ်ားက ယဲ့ဖန္ထံသို႔ ဖိႏွိပ္ႏိုင္ေသာ ဟန္ပန္ျဖင့္ ေရာက္ခ်လာသည္။ သို႔ေသာ္ ယဲ့ဖန္က ဤျမင္ကြင္းကို ျမင္ေသာ္လည္း ႏႈတ္ခမ္းတြန႔္႐ုံသာ ၿပဳံးေန၏။
ထို႔ေနာက္ သူ၏လက္တစ္ဘက္ကို ခါလိုက္သည္။ ခ်က္ခ်င္းဆိုသလိုပင္ အနက္ေရာင္ အလင္းတန္းမ်ားစြာက သူ႔အက်ႌလက္ထဲမွ ထြက္လာသည္။
ထိုအလင္းတန္းမ်ားသည္ နတ္ဆိုးသဖြယ္ ဂုဏ္ေရာင္ဂုဏ္ဝါရွိေသာ အနက္ေရာင္ ပု႐ြက္ဆိတ္မ်ားပင္ ျဖစ္သည္။ အေကာင္ေရမ်ားစြာ ရွိေနသျဖင့္ ထိုပု႐ြက္ဆိတ္အဖြဲ႕ႀကီးသည္ အနက္ေရာင္လြင္ျပင္တစ္ခုကို ဖန္တီးလို႔ေနသည္။
ပု႐ြက္ဆိတ္မ်ားသည္ အလြန္ လ်င္ျမန္ေသာႏႈန္းျဖင့္ အေရွ႕သို႔ ေျပးတက္လာၾကသည္။ အနက္ေရာင္ အလင္းတန္းမ်ားက ဓားရွည္မ်ားထံသို႔ ဦးတည္၍ ေျပးဝင္လာၾကသည္။
ဂြၽတ္! ဂြၽတ္!
အလြန္ ေသးေကြးေသာ ကိုက္သံမ်ားစြာ ပဲ့တင္ထပ္၍ ထြက္ေပၚလာသည္။ အားလုံး၏ အၾကည့္ေအာက္မွာပင္ ဓားရွည္မ်ားက တေစၦတစ္ေကာင္၏ ကိုက္ဝါးျခင္းကို ခံေနရသကဲ့သို႔ တျဖည္းျဖည္း တိုသထက္ တိုလာသည္။
စကၠန႔္ပိုင္းအတြင္းမွာပင္ ၿခံဝန္းထဲရွိ ဓားရွည္အားလုံး ေလႏွင့္အတူ ေပ်ာက္ကြယ္သြားေလေတာ့သည္။ ထို႔သို႔ျဖစ္သြားသျဖင့္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ရွစ္ေယာက္ႏွင့္ ဒါဇင္ႏွင့္ခ်ီေသာ ဒ႑ာရီ အထြတ္အထိပ္အဆင့္တို႔ ေတြေဝသြားၾကသည္။
သူတို႔အားလုံးသည္ မျပည့္စုံေတာ့ေသာ ဓားရွည္မ်ားကို အူေၾကာင္ေၾကာင္ႏွင့္ ကိုင္ထားမိၾကသည္။ သို႔ေသာ္ ဤသည္ကား အစသာ ရွိေသးသည္။
ရွဲ!
ဓားရွည္မ်ားကို စားေသာက္ၿပီးေနာက္ ပု႐ြက္ဆိတ္မ်ားသည္ သူတို႔၏ အစြယ္မ်ားကို ထုတ္ေဖာ္ၿပီး သူတို႔၏ လက္သည္းမ်ားကို ဝင့္၍ ဓားသမားဂိုဏ္း၏ က်န္ရွိေနေသာ တပည့္မ်ားဆီသို႔ အ႐ူးအမူး ေျပးဝင္သြားၾကသည္။
“အား…”
“အား…”
“အား…”
ထို႔ေနာက္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အျဖစ္အပ်က္တစ္ခု ျဖစ္ေပၚလာေလသည္။ ဓားသမားဂိုဏ္းမွ တပည့္မ်ား၏ ေသြးမ်ားက ဆက္တိုက္ပန္းထြက္လို႔လာသည္။
သူတို႔ခႏၶာကိုယ္မ်ားသည္ ပု႐ြက္ဆိတ္မ်ားျဖင့္ ဖုံးလႊမ္းလို႔ေန၏။ ပု႐ြက္ဆိတ္မ်ားက သူတို႔၏ မ်က္ႏွာမ်ား၊ လည္ပင္းမ်ား၊ ရင္ဘက္မ်ားႏွင့္ ေျခေထာက္မ်ားကို ကိုက္ျဖတ္ေနၾကသည္။
သူတို႔အားလုံးသည္ သူတို႔၏ မ်က္လုံးမ်ား အစားမခံရခ်ိန္အထိ ငယ္သံပါေအာင္ ေအာ္ဟစ္ခဲ့ၾကသည္။ ဤျမင္ကြင္းက ၿခံဝန္းထဲရွိ လူတိုင္းအား အလြန္ ထိတ္လန႔္သြားေစခဲ့သည္။
ယဲ့ဖန္တစ္ေယာက္တည္းသာ တည္ၿငိမ္လ်က္ ရွိသည္။ သူသည္ ေကာင္းရွန႔္ထံသို႔ တစ္လွမ္းခ်င္းလွမ္း၍ ေလွ်ာက္လာသည္။
ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ရွစ္ေယာက္ႏွင့္ ဒါဇင္ႏွင့္ခ်ီေသာ ဒ႑ာရီ အထြတ္အထိပ္အဆင့္မ်ားသည္ ေသြးအိုင္အျဖစ္သို႔ ေျပာင္းလဲသြားၾကၿပီ ျဖစ္သည္။
ယဲ့ဖန္သည္ ငရဲမွ ထြက္ေပၚလာေသာ နတ္ဆိုး နတ္ဘုရားကဲ့သို႔ ေလွ်ာက္လာေနသည္။ သူ ျဖတ္သြားသည့္ ေနရာတိုင္း၌ ေသဆုံးသြားေသာ ဝိညာဥ္မ်ား တိုးပြားလာသည္။
ဝုန္းခနဲ အသံႏွင့္အတူ ဓားသမားဂိုဏ္း၏ ေနာက္ဆုံးတပည့္သားတစ္ေယာက္ ေသြးအိုင္အျဖစ္သို႔ ေျပာင္းလဲသြားခ်ိန္တြင္ ယဲ့ဖန္သည္လည္း ေကာင္းရွန႔္၏ ေရွ႕သို႔ ေရာက္ေနၿပီ ျဖစ္သည္။
*ေသသြားၿပီ*
*သူတို႔အားလုံး ေသသြားၿပီ*
ေကာင္းရွန႔္ ေတြေဝေနသည္။ သူသည္ ေသြးမ်ား‌ ေပက်ံေနေသာ ပု႐ြက္ဆိတ္မ်ားအား သရဲသဘက္အား ျမင္ေနရသကဲ့သို႔ ေငးငိုင္၍ ၾကည့္ေနမိသည္။
ေဝ့ဖန္းႏွင့္ အျခားသူေလးေယာက္တို႔ လိပ္ျပာလြင့္မတတ္ ထိတ္လန႔္သြားၾကသည္။ သည္ေလာက္ ရက္စက္သည့္ ပု႐ြက္ဆိတ္မ်ိဳးစိတ္မ်ိဳး သူတို႔ အရင္က တစ္ခါမွ မျမင္ဖူးခဲ့ပါ။
ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္မ်ားသည္ ပု႐ြက္ဆိတ္မ်ားအတြက္ အဆာေျပ စားစရာ အဆင့္သာ ျဖစ္သည္။ ပု႐ြက္ဆိတ္မ်ားက သူတို႔အား အလြန္ လြယ္ကူ၊လြတ္လပ္စြာ စားသုံးႏိုင္ၾကသည္။
“မင္း အခု ေသလို႔ရၿပီလား”
ယဲ့ဖန္က ေကာင္းရွန႔္အား မေကာင္းဆိုးဝါးသဖြယ္ အၿပဳံးမ်ိဳး ၿပဳံး၍ ၾကည့္ကာ ေျပာလိုက္သျဖင့္ သူ ေၾကာက္လန႔္ကာ တုန္လႈပ္သြားသည္။
“မဟုတ္ဘူး၊ ငါ့မွာ ေသြးဆိုး တိုက္ပြဲဝင္ ခႏၶာကိုယ္ရွိတယ္ကြ။ ငါ မင္းကို လုံးဝ အညံ့မခံႏိုင္ဘူး”
ေကာင္းရွန႔္သည္ သူ႔၌ ေနာက္ဆုတ္ရန္ လမ္းမရွိေတာ့သည္ကို သိလိုက္သည္။
“ယဲ့ဖန္၊ တစ္ႏွစ္ခြဲေတာင္ ရွိသြားၿပီပဲ။ ငါ မင္းကို သတ္ဖို႔ ေစာင့္ေနတာ တစ္ႏွစ္ခြဲေတာင္ ရွိေနၿပီ”
“ငါ မင္းကို ငါ့လက္နဲ႔ သတ္မယ္။ ငါ မင္းအေလာင္းကို နင္းၿပီး က်န္းရွီၿမိဳ႕ရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ ျဖစ္လာေစရမယ္ကြ”
ေကာင္းရွန႔္၏ မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္လာသည္။

သူ႔ကိုယ္တြင္းမွ ေသြးမ်ား ပြက္ပြက္ဆူလာသည္။ သန္မာေသာ ခ်ီမွ်င္စုမ်ားက ၿခံဝန္းအတြင္း ဖိႏွိပ္ႏိုင္ေသာ ဟန္ပန္ျဖင့္ ဖုံးလႊမ္းလာသည္။
တစ္ခ်ိန္တည္းမွာပင္ ျပင္းထန္ေသာ ခ်ီဓာတ္ႏွင့္အတူ သူ၏ေျခေထာက္ေအာက္မွ ေျမႀကီးသည္ အက္ကြဲလို႔လာသည္။ ထို႔ေနာက္ သူ႔အဝတ္အစားမ်ားက တစ္စစီ စုတ္ၿပဲကုန္သည္။
ထို႔ေနာက္တြင္မူ မ်ားစြာေသာ ဆူးခြၽန္မ်ားက သူ႔အေရျပားထံမွ ထြက္ေပၚလာသည္။
ေသြးဆိုး တိုက္ပြဲဝင္ ဆူးခြၽန္မ်ား။
ဆူးခြၽန္တစ္ခုခ်င္းစီ၌ ေသေစႏိုင္ေသာ အဆိပ္ ပမာဏမ်ားစြာ ပါဝင္ေနသည္။ အဆိပ္သည္ ဒ႑ာရီလာအဆင့္တစ္ေယာက္ကို သတ္ႏိုင္ေလာက္ေအာင္ကို ျပင္းထန္လွေပသည္။
ဤသည္မွာ ေကာင္းရွန႔္အတြက္ ရီက်န႔္ထ်န္း တီထြင္ေပးထားေသာ လူသတ္တိုက္ကြက္ ျဖစ္သည္။ တဖ်စ္ဖ်စ္ တေျဖာက္ေျဖာက္ အသံမ်ားက ၾကည့္ေနသူမ်ား၏ နားစည္ထဲသို႔ ေတာက္ေလွ်ာက္ ႐ိုက္ခတ္လာသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ ေကာင္းရွန႔္၏ ေနာက္ေက်ာ၊ လည္ပင္းႏွင့္ ခါးတို႔မွ ေသြးဆိုး တိုက္ပြဲဝင္ ဆူးခြၽန္ တစ္ရာေက်ာ္ ထြက္လာသည္။ ဤသည္ေၾကာင့္ ေကာင္းရွန႔္သည္ ဧရာမ ျဖဴေကာင္တစ္ေကာင္ႏွင့္ တူေနေလေတာ့သည္။
ထို႔ျပင္ သူ၏ခ်ီဓာတ္သည္ ဒ႑ာရီလာ အထြတ္အထိပ္အဆင့္သို႔ပင္ ေရာက္လို႔ေန၏။ သူ႔ပုံစံက နတ္ဆိုးဘုရင္တစ္ပါး လူသားကမာၻသို႔ ေရာက္ရွိလာသည့္ဟန္ႏွင့္ တူလွေပသည္။
“ဒါ … ဒါက ေသြးဆိုး တိုက္ပြဲဝင္ ခႏၶာကိုယ္ရဲ႕ ေနာက္ဆုံးအသြင္ မဟုတ္လား”
ဤမွ် ေၾကာက္ဖို႔ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ၿပီး ေဝ့ဖန္းႏွင့္ အျခားသူ ေလးေယာက္တို႔ ၾကက္သီး တျဖန္းျဖန္း ထသြားရသည္။ သူတို႔ ေသမင္း အရိပ္အေငြ႕မ်ားကို အနံ႔ရေနသလိုပင္။
“ဟားဟား … ယဲ့ဖန္၊ မင္းက ငါ့ရဲ႕ ေသြးဆိုးတိုက္ပြဲဝင္ ဆူးခြၽန္နဲ႔ တိုက္ခိုက္ရတဲ့ ပထမဆုံးသူပဲ”
ေကာင္းရွန႔္က ႐ူးသြပ္ေနေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“အခု မင္း ေသလို႔ရၿပီ”
ထိုသို႔ေျပာၿပီး ေကာင္းရွန႔္သည္ ေျမႀကီးေပၚ၌ လွိမ့္လိုက္ၿပီးေနာက္ ျဖဴတစ္ေကာင္ကဲ့သို႔ ေဘာလုံးတစ္လုံးလို ျဖစ္သြားကာ သူ၏ ဆူးခြၽန္မ်ားကို ျမင္သာေအာင္ ေဖာ္ထုတ္ထားသည္။
သူ၏ တိုက္ခိုက္မႈ၌ မည္သည့္ ဟာကြက္မွ် မရွိေပ။ ထို႔ေနာက္ ထိုေဘာလုံးသည္ ယဲ့ဖန္ထံသို႔ အလြန္ ျပင္းထန္ေသာ အရွိန္အဟုန္ျဖင့္ လွိမ့္လာသည္။
ထို႔ေနာက္ လူမ်ားစြာက သူ႔ထံသို႔ ေျပးဝင္ကာ တိုက္ခိုက္မႈအား တားဆီးၾကသည္။ သို႔ေသာ္ သူတို႔ ေကာင္းရွန႔္ထံသို႔ ေျပးဝင္သြားသည္ႏွင့္ တိုက္ခိုက္ခံလိုက္ရၿပီး ဆူးခြၽန္မ်ား၏ ျပင္းထန္ေသာ အရွိန္ေၾကာင့္ အေနာက္သို႔ လြင့္ထြက္သြားသည္။
သူတို႔ ထိုေဘာလုံးနားသို႔ ကပ္ပင္မကပ္ႏိုင္ေခ်။ မ်က္စိတစ္မွိတ္အတြင္းမွာပင္ ထိုေဘာလုံးသည္ ပု႐ြက္ဆိတ္အုံႀကီးအား ျဖတ္ေက်ာ္၍ ယဲ့ဖန္ထံသို႔ အရွိန္ႏွင့္ လွိမ့္ဝင္လာသည္။
“ဟားဟား…ယဲ့ဖန္၊ မင္း ေသေတာ့မွာကြ”
ေမာက္မာေသာ အသံတစ္သံက ထိုေဘာလုံးအတြင္းမွ ထြက္ေပၚလာသည္။ ထို႔ေနာက္ မ်ားစြာေသာ ဆူးခြၽန္မ်ားက ယဲ့ဖန္ထံသို႔ ပ်ံသန္းလာသည္။
“ေသေပေတာ့”
႐ုတ္ခ်ည္းဆိုသလို ေသြးဆိုး တိုက္ပြဲဝင္ ဆူးခြၽန္မ်ားက ေလႏွင့္အတူ လြင့္ပ်ံ၍ ေရာက္ရွိလာသည္။ ထိုအခါ ယဲ့ဖန္က သူ႔လက္ႏွစ္ဘက္ကို ဆန႔္ထုတ္၍ ေသြးဆိုး တိုက္ပြဲဝင္ ဆူးခြၽန္မ်ားကို ဖမ္းကိုင္ရန္ ျပင္လိုက္သည္။
“သခင္ႀကီး သတိထား၊ ဆူးခြၽန္ေတြက အဆိပ္ရွိတယ္”
အႏၲရာယ္ေပးႏိုင္ေသာ တိုက္ခိုက္မႈကို ၾကည့္ၿပီး ယဲ့ဖန္၏ ေနာက္လိုက္ငါးေယာက္တို႔က ထိတ္လန႔္တၾကား သတိေပးလာသည္။
သို႔ေသာ္ ေကာင္းရွန႔္၏ ေလွာင္ရယ္သံမ်ားက ပို၍ က်ယ္ေလာင္လာသည္။
“အ႐ူး … တိုက္ပြဲဝင္ ဆူးခြၽန္ေပၚက အဆိပ္ကို ေျခလွမ္းတစ္ဝက္ အဆိပ္လို႔ ေခၚတယ္ကြ၊ ခြန္းလြင္ေတာင္ေပၚက အျပင္းဆုံးအဆိပ္ေတြထဲက တစ္ခုပဲ။ ဒ႑ာရီလာအဆင့္က သူဆိုရင္ေတာင္မွ အေရျပားကို နည္းနည္းေလး ေဖာက္ဝင္သြားတာနဲ႔ ေျခလွမ္းတစ္ဝက္အတြင္း ေသသြားမွာကြ”
“ဒီတစ္ခါေတာ့ မင္း အသက္ရွင္စရာ အေၾကာင္းမရွိေတာ့ဘူး”
ေကာင္းရွန႔္သည္ အလြန္ ယုံၾကည္မႈရွိဟန္ျဖင့္ ေျပာလိုက္သည္။ သူ၏ တိုက္ပြဲဝင္ ဆူးခြၽန္တစ္ခုစီတိုင္းက ေသြးေသာက္ဓား၏ ဓားသြားထက္ ပို၍ ထက္ရွသည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ ခြၽင္ဟူေသာ က်ယ္ေလာင္သည့္ အသံတစ္ခုက အိမ္ေတာ္အႏွံ႔ ပ်ံ႕ႏွံ႔သြားသည္။ သတၱဳခ်င္း ႐ိုက္ခတ္မိသံႏွင့္အတူ သူ၏ ဆူးခြၽန္မ်ားသည္ ယဲ့ဖန္၏ လက္ျဖင့္ ဖမ္းဆီးျခင္းကို ခံလိုက္ရသည္။
ထို႔ေနာက္ ယဲ့ဖန္သည္ ေဘာလုံးအား ေနာက္သို႔ ဆတ္ခနဲ ေဆာင့္ဆြဲလိုက္သည္။ ဂြၽတ္ခနဲ အသံႏွင့္အတူ ေသြးဆိုး တိုက္ပြဲဝင္ ဆူးခြၽန္မ်ားက ေကာင္းရွန႔္၏ ကိုယ္ေပၚမွ ဆြဲႏုတ္ခံလိုက္ရၿပီးေနာက္ ေသြးမ်ား ပန္းထြက္လို႔လာ၏။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now