Chapter 338

1K 104 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (338) မင်း သေဖို့အဆင်သင့်ပဲလား

ဝိညာဉ်စား ဦးခွံသည် တစ္ဆေကျင့်ကြံသူတိုင်း၏ အိပ်မက်ဆိုး ဖြစ်သည်။ တစ္ဆေကျင့်ကြံသူများကြားတွင် ဝိညာဉ်စား ဦးခွံ၏ ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီပုံပြင် များစွာ ရှိသည်။
တစ္ဆေကျင့်ကြံသူများ၏ ဘိုးဘေးဖြစ်သူ စကြဝဠာထဲမှ ပြိုင်ဘက်ကင်း တစ္ဆေဧကရာဇ်သည် ဝိညာဉ်စား ဦးခွံ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး သေဆုံးသွားသည်ဟု ဆိုကြသည်။
အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ဤမျှ ကြောက်စရာကောင်းသော အရာကို မြင်တွေ့ရလိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မထားခဲ့မိပေ။
“သေစမ်း၊ သူ့မှာ ဘယ်လိုလုပ် ဝိညာဉ်စား ဦးခွံ ရှိနေရတာလဲ။ သူက …”
အနောက်တိုင်းတစ္ဆေနတ်ဘုရားသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အမွေးအမျှင်များ ထောင်တက်သွားသလို ခံစားလိုက်ရသည်။
“ယဲ့ဖန်၊ ယဲ့ဖန် …. ချီးပဲကွာ၊ အဲ့ဒါ သူပဲ ။ သူ … သူ မသေသေးဘူးပဲ”
အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် တစ်စုံတစ်ခုကို သတိရမိသွားဟန်ဖြင့် လိပ်ပြာလွင့်မတတ် ကြောက်သွားသည်။
သူသည် ယဲ့ဖန်ကိုပင် ကြည့်ရန် သတ္တိမရှိ‌တော့သကဲ့သို့ ချက်ချင်း နောက်လှည့်ကာ အဝေးသို့ ထွက်ပြေးရန် ကြံလိုက်သည်။
သူသည် ကြောက်စိတ်မွှန်နေသော ယုန်တစ်ကောင်လိုပင်။ အခြားသူများ အားလုံး အလွန် ထိတ်လန့်သွားကြသည်။
ဦးခွံကို မြင်သည်နှင့် အနောက်တိုင်း တစ္ဆေနတ်ဘုရားက ဤသို့ ပြုမူလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပေ။
အနောက်တိုင်း တစ္ဆေနတ်ဘုရားက ကြောက်လန့်နေသော ယုန်ကဲ့သို့ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်လိုက်မိကြသည်။
“မြန်မြန်၊ မြန်မြန်၊ မြန်မြန်”
အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ကြောက်လန့်လို့နေ၏။ သူသည် အနက်ရောင် တစ္ဆေ ချီမျှင်စုအဖြစ် အသွင်ပြောင်းကာ ကောင်းကင်သို့ ပြေးတက်သွားသည်။
ထိုစဉ် ယဲ့ဖန်က ဟစ်အော်လိုက်သည်။
“ထိမှန်စမ်း”
အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ချက်ချင်းပင် နားဝင်ချိုသော ခေါင်းလောင်းထိုးသံတစ်ခုကို စိတ်ထဲ ကြားလိုက်ရပြီး သူ့တစ်ကိုယ်လုံး လေထဲ တန့်သွားရသည်။
ထိုစဉ် သူ့စိတ်ဝိညာဉ် အေးခဲသွားသလို ခံစားလိုက်ရသည်။
“မဟုတ်ဘူး”
အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ကြောက်လန့်ကာ အော်ဟစ်လိုက်မိသည်။ ထို့နောက် အနက်ရောင် ဦးခွံသည် ၎င်း၏ ကြီးမားသော ပါးစပ်အား ဖွင့်ဟလာသည်။
အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးသည့် စုပ်အား၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
“အား”
သူ၏ စူးရှလှသော အော်သံနှင့်အတူ သူ၏ အနက်ရောင် တစ္ဆေချီဓာတ်သည် ဦးခွံထံသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ထို့နောက် ဝိညာဉ်စား ဦးခွံသည် ပါးစပ်လှုပ်လာ၏။
ဂျွတ်! ဂျွတ်!
၎င်းက အနောက်တိုင်း တစ္ဆေနတ်ဘုရားအား အရှင်လတ်လတ် ဝါးစားနေခြင်းပင်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
ဤမြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားကြသည်။
*ကြောက်စရာကောင်းတဲ့ အနောက်တိုင်း တစ္ဆေနတ်ဘုရားက ဦးခွံရဲ့ အစာ ဖြစ်သွားတာလား၊ ဒါ … မဖြစ်နိုင်ဘူးလေ*
သို့သော် တိုက်ပွဲကား မပြီးသေးပေ။
အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ အော်သံများက ဦးခွံ၏ ပါးစပ်အတွင်းမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာနေသည်။
“အရှင် ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျုပ် … ကျုပ်မှားသွားပါတယ်။ ကျုပ် သေသင့်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ အရှင်”
*အရှင်*
ကြောက်မက်ဖွယ်ကောင်းသော အနောက်တိုင်း တစ္ဆေနတ်ဘုရားက ရုတ်တရက် ယဲ့ဖန်ကို အရှင်ဟု ခေါ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိကြပေ။
အခြားသူများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
“မှားသွားတယ် ဟုတ်လား”
ယဲ့ဖန်က တင်းမာသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“မင်းရဲ့အမှားတွေကို မင်းအသက်နဲ့ပဲ ပြန်ပြင်နိုင်တယ်”
….
ယဲ့ဖန်၏ စကားထဲတွင် အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ ဆိုးရွားလှသော ကံတရားကို ဆုံးဖြတ်ထားပြီးပုံ ပေါ်သည်။
သူသည် အမှန်တကယ်ကို ဆိုးရွားလှသည့် တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသကဲ့သို့ ဆက်၍ အော်ဟစ်နေသည်။ နောက်ဆုံးတွင် သူ၏ အော်သံများ ရုတ်ချည်း ရပ်တန့်သွားသည်။
ထို့နောက်တွင် တိုက်ပွဲကွင်းပြင်တစ်ခုလုံး လုံးဝကို တိတ်ဆိတ်သွားသည်။ နတ်ဘုရားအဆင့်မှသူတိုင်း နှလုံးခုန်မြန်လာသဖြင့် အသက်ရှူရန်ပင် ခက်ခဲလာသည်ဟု ခံစားလိုက်မိသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး။ အနောက်တိုင်း တစ္ဆေနတ်ဘုရားက သေသွားပြီလား”
နတ်ဘုရားမတို့၏ ဧကရီက အလွန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသော မျက်နှာထားဖြင့် ရေရွတ် လိုက်မိသည်။
အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် နှစ်ရာနှင့်ချီကာ ရှင်သန်ခဲ့သည့် ထူးဆန်းသည့် လူအိုကြီးဖြစ်သည်။
သူသည် ကမ္ဘာပေါ်မှ များစွာသော သိုင်းပညာရှင်များ၏ တုံ့ပြန်တိုက်ခိုက်မှုများကြားထဲကတောင်မှ အသက်ရှင်ခဲ့သူ ဖြစ်သည်။
သို့သော် သူသည် ယဲ့ဖန်ကြောင့် အသတ်ခံလိုက်ရသည်။ အံ့ဩဖွယ်ကောင်းလိုက်ပါဘိ။
အနောက်တိုင်း တစ္ဆေနတ်ဘုရားကို စားပြီးနောက် ယဲ့ဖန်၏ ခန္ဓာကိုယ်သည် ဝုန်းခနဲ မြည်ဟိန်းလာကာ သူ၏ နတ်ဆိုးသတ်ဖြတ်ခြင်း ဆုဒြာသည် ချက်ချင်းဆိုသလို တတိယအဆင့်သို့ အဆင့်တက်သွားသည်။
ယဲ့ဖန်၏ ချီဓာတ်သည် ဗြုန်းခနဲ တိုးပွားလာသည်။
ဒဏ္ဍာရီ အစောပိုင်းအဆင့်။
ဒဏ္ဍာရီ အလယ်အလတ်အဆင့်။
ဒဏ္ဍာရီ နောက်ဆုံးအဆင့်။
ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်သို့ ရောက်မှသာ သူ၏ ချီဓာတ်သည် တိုးပွားလာရာမှ ရပ်တန့်သွားသည်။ ထို့နောက်တွင် နတ်ဘုရားမ မြို့တော်တစ်ခုလုံးကို သွေးပျက်ဖွယ်ကောင်းသော ချီဓာတ်က ဖုံးအုပ်သွားသည်။
လုံခြုံသော မြို့တံတိုင်းသည် ထိုမျှ ပြင်းထန်သော ချီဓာတ်ကို ခံနိုင်ရည်မရှိဟန်ဖြင့် ပြိုကျ ပျက်စီးလာသည်။
ပင့်ကူမျှင်အရွယ် အက်ရာများက မြို့တံတိုင်းပေါ်၌ ပေါ်လာသည်။ လမ်းမပေါ်မှ မြေဆီလွှာများသည်လည်း အောက်သို့ မီတာများစွာ ကျွံဝင်သွားသည်။
နတ်ဘုရားမ၏ အခြားနောက်လိုက်များသည် ဧကရာဇ်သဏ္ဌာန် ချီဓာတ်များက မြို့အနှံ့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်မိသည်။ ထို့ကြောင့် သူတို့၏ ခြေထောက်များ ချည့်နဲ့လာကာ သူတို့ စိတ်ရောကိုယ်ပါ တုန်ယင်လာကြသည်။ သူတို့ မြေကြီးပေါ် ဒူးထောက်၍ ယဲ့ဖန်ရှေ့ ဝပ်တွားချင်နေကြသည်။
*မဖြစ်နိုင်ဘူး*
ဤသည်ကို ကြည့်ပြီး အလင်းတော် ဘုန်းတော်ကြီး၊ နတ်ဘုရားမတို့၏ ဧကရီနှင့် မဟာ ကာရိုးလ်သခင်ကြီးတို့ လုံးဝ မှင်တက်နေကြသည်။
ယဲ့ဖန်က ယခင်ကထက် ပိုသန်မာလာသဖြင့် သူတို့ ရင်တုန်ပန်းတုန်ဖြစ်ကာ ထိတ်လန့် ကြောက်လန့်လာသည်။
ခဲလ်ဆာနှင့် သူ့လူများ သွေးပျက်နေကြသည်။ ခဲလ်ဆာသည် ယဲ့ဖန်ထက် အဆင့်တစ်ဆင့်သာ မြင့်သော ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူသည် ကြောက်စိတ်များ ဒူးမခိုင်ဖြစ်ကာ မြေကြီးပေါ် ဒူးထောက်ကျလုမတတ် ဖြစ်နေသည်။
ထို့အပြင် သူ့နဖူးများ ချွေးများ တဒီးဒီးကျလာသည်။ ယဲ့ဖန်ရှေ့၌ သူ့ကိုယ်သူ သေးနုပ်သွားသကဲ့သို့ ခံစားမိသည်။
“အင်အားကြီးလိုက်တာ … တော်တော့်ကို အင်အားကြီးတာပဲ”
ခဲလ်ဆာသည် ကြောက်စိတ်မွှန်ကာ မျက်ခုံး ခပ်လှုပ်လှုပ်ဖြစ်နေသည်။
ထိုစဉ် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုးကာ အလင်းတော် ဘုန်းတော်ကြီး၏ မျက်လုံးအား စိုက်ကြည့်လိုက်သည်။
အလင်းတော် ဘုန်းတော်ကြီးသည် ရှေးဦးသားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည်ဟု ခံစားလိုက်မိသည်။ သူ ယဲ့ဖန်နှင့် ထပ်မတိုက်ခိုက်ချင်တော့ပါ။
*ပြေးရမယ်*
အလင်းတော် ဘုန်းတော်ကြီးသည် ချက်ချင်း နောက်လှည့်ကာ အဝေးသို့ ထွက်ပြေးရန် ကြံလိုက်သည်။ ထိုအချိန်တွင် လေတိုးသံနှင့်အတူ သံမဏိ လက်သီးချက်တစ်ချက်က သူ့ကျောပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။
ဝုန်း!
ဒဏ္ဍာရီလာအဆင့်၏ သွေးများက လေထဲသို့ လွင့်စဉ်ထွက်လာသည်။ အလင်းတော် ဘုန်းတော်ကြီးသည် လက်သီးချက်တစ်ချက်ကြောင့် ပေါက်ကွဲသွားကာ သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။
လက်သီးချက် တစ်ချက်တည်း။
ယဲ့ဖန်က နတ်ဘုရားအဆင့် တစ်ယောက်ကို လက်သီးချက် တစ်ချက်တည်းနှင့် သတ်လိုက်သည်တဲ့လား။
အခြား နတ်ဘုရားအဆင့်များ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသည်။ သူ့ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းလာပြီးနောက် အလင်းတော် ဘုန်းတော်ကြီးသည် ထိတ်လန့် တုန်လှုပ်ကာ တီးတိုး ရေရွတ်လိုက်မိသည်။
“ငါ ဒါကို ရပ်တန့်မှဖြစ်မယ်၊ မဟုတ်ရင် ငါ သေသွားလိမ့်မယ်”
အလင်းတော်ဘုန်းတော်ကြီးသည် ယဲ့ဖန်နှင့် ရင်ဆိုင်နေရင်း မယုံနိုင်လောက်အောင် ကြောက်လန့်လာရသည်ကို ခံစားမိသည်။
ဤမကောင်းဆိုးဝါးနှင့် ရန်သူသဖွယ် ဆန့်ကျင်မိသည့်အတွက်လည်း နောင်တရသလို ခံစားလာမိသည်။
“ကြည့်ရတာ ငါ မသေမျိုး လျှို့ဝှက်သိုင်းကွက်ကို ထုတ်သုံးမှ ဖြစ်မယ်နဲ့ တူတယ်”
အလင်းတော် ဘုန်းတော်ကြီး ချက်ချင်း မျက်နှာသုန်မှုန်လာသည်။ မသေမျိုး လျှို့ဝှက်သိုင်းကွက်သည် မသေမျိုး ခန္ဓာကိုယ်၏ အသက်ကယ် သိုင်းကွက်ဖြစ်သည်။
ဤသိုင်းကွက်အား အသက်သွင်းပြီးနော် သူသည် စက္ကန့်ပိုင်းအတွင်း မိုင် ခြောက်ရာ အကွာအဝေးသို့ ရောက်ရှိနိုင်သည်။
သို့သော် ပေးဆပ်ရမည့် အဖိုးအခကား မြင့်သည်။ ထိုသိုင်းကွက်သည် မသေမျိုး ခန္ဓာကိုယ်၏ အတည်စွမ်းရည်အား သုံးစွဲပြီး အသုံးပြုသူအား ဒဏ်ရာအပြင်းအထန် ရစေနိုင်သည်။
သို့သော် အလင်းတော် ဘုန်းတော်ကြီး ချီတုံချတုံ ဖြစ်နေစဉ် ရုတ်တရက် ဝုန်းခနဲ အသံကို ကြားလိုက်ရသလို ယဲ့ဖန်၏ အသေသတ်နိုင်သော လက်သီးချက်သည်လည်း ကျရောက်လို့လာ၏။
ယဲ့ဖန်၏ လက်သီးချက်မှ ချောက်ချားဖွယ်ကောင်းသော အင်အားကြောင့် အလင်းတော် ဘုန်းတော်ကြီး တုန်လှုပ်သွားသည်။
“မသေမျိုး”
အလင်းတော် ဘုန်းတော်ကြီးသည် ဗြုန်းခနဲဆိုသလို အဖြူရောင် အလုံးလေးအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားတော့သည်။
ယခုအချိန်တွင် အလင်းတော် ဘုန်းတော်ကြီးသည် မော်တယ်ကမ္ဘာတွင်း၌ အငွေ့ပြန်သွားသလိုပင်။
“အာ”
ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားသည်။
“မသေမျိုး လျှို့ဝှက်သိုင်းကွက်လား။ ဒီလူက တော်တော် ကြမ်းကြုတ်တာပဲ”
ယဲ့ဖန်က အံ့ဩနေသော အကြည့်များဖြင့် ရေရွတ်လိုက်သည်။
မသေမျိုး ခန္ဓာကိုယ်သည် စကြဝဠာတွင်းရှိ ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ထဲမှ တစ်ခုဖြစ်သည်။ ထိုခန္ဓာကိုယ်သည် အလွန် ထိတ်လန့်ဖွယ်ကောင်း၏။
ထိုခန္ဓာကိုယ်၏ အင်အားအကောင်းဆုံး အပိုင်းကား ၎င်း၏ အသက်ကယ် သိုင်းကွက်ပင်။
ယဲ့ဖန်၏ လက်ရှိတိုက်ပွဲဝင် ခွန်အားအရ သူသည် မိုင်ခြောက်ရာကို ဖြတ်သန်း၍ လူတစ်ယောက်အား ချက်ချင်း မသတ်နိုင်သေးပေ။
“မင်း အမြဲဒီလို ကံကောင်းနေမယ်လို့ ငါ မျှော်လင့်ပါတယ်”
အလင်းတော် ဘုန်းတော်ကြီး ထွက်ခွာသွားသည့် အရပ်ကို လှမ်းကြည့်ရင်း ယဲ့ဖန်က တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ထို့နောက် သူသည် နတ်ဘုရားမတို့၏ ဧကရီ၊ မဟာ ကာရိုးလ် သခင်ကြီးနှင့် မှော်နက် နတ်ဘုရားတို့အား လှည့်ကြည့်ကာ များပြားလှသည့် ကြမ်းကြုတ်သော ချီဓာတ်နှင့်အတူ မေးလိုက်သည်။
“မင်းတို့ သေဖို့ အဆင်သင့်ပဲလား”
#Zawgyi
စာစဥ္ (23) CHAPTER (338) မင္း ေသဖို႔အဆင္သင့္ပဲလား
ဝိညာဥ္စား ဦးခြံသည္ တေစၦက်င့္ႀကံသူတိုင္း၏ အိပ္မက္ဆိုး ျဖစ္သည္။ တေစၦက်င့္ႀကံသူမ်ားၾကားတြင္ ဝိညာဥ္စား ဦးခြံ၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ဒ႑ာရီပုံျပင္ မ်ားစြာ ရွိသည္။
တေစၦက်င့္ႀကံသူမ်ား၏ ဘိုးေဘးျဖစ္သူ စၾကဝဠာထဲမွ ၿပိဳင္ဘက္ကင္း တေစၦဧကရာဇ္သည္ ဝိညာဥ္စား ဦးခြံ၏ ဝါးမ်ိဳျခင္းကို ခံလိုက္ရၿပီး ေသဆုံးသြားသည္ဟု ဆိုၾကသည္။
အေနာက္တိုင္း တေစၦနတ္ဘုရားသည္ ဤမွ် ေၾကာက္စရာေကာင္းေသာ အရာကို ျမင္ေတြ႕ရလိမ့္မည္ဟု သူ ဘယ္ေသာအခါကမွ ထင္မထားခဲ့မိေပ။
“ေသစမ္း၊ သူ႔မွာ ဘယ္လိုလုပ္ ဝိညာဥ္စား ဦးခြံ ရွိေနရတာလဲ။ သူက …”
အေနာက္တိုင္းတေစၦနတ္ဘုရားသည္ သူ႔ခႏၶာကိုယ္တစ္ခုလုံးမွ အေမြးအမွ်င္မ်ား ေထာင္တက္သြားသလို ခံစားလိုက္ရသည္။
“ယဲ့ဖန္၊ ယဲ့ဖန္ …. ခ်ီးပဲကြာ၊ အဲ့ဒါ သူပဲ ။ သူ … သူ မေသေသးဘူးပဲ”
အေနာက္တိုင္း တေစၦနတ္ဘုရားသည္ တစ္စုံတစ္ခုကို သတိရမိသြားဟန္ျဖင့္ လိပ္ျပာလြင့္မတတ္ ေၾကာက္သြားသည္။
သူသည္ ယဲ့ဖန္ကိုပင္ ၾကည့္ရန္ သတၱိမရွိ‌ေတာ့သကဲ့သို႔ ခ်က္ခ်င္း ေနာက္လွည့္ကာ အေဝးသို႔ ထြက္ေျပးရန္ ႀကံလိုက္သည္။
သူသည္ ေၾကာက္စိတ္မႊန္ေနေသာ ယုန္တစ္ေကာင္လိုပင္။ အျခားသူမ်ား အားလုံး အလြန္ ထိတ္လန႔္သြားၾကသည္။
ဦးခြံကို ျမင္သည္ႏွင့္ အေနာက္တိုင္း တေစၦနတ္ဘုရားက ဤသို႔ ျပဳမူလိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့မိေပ။
အေနာက္တိုင္း တေစၦနတ္ဘုရားက ေၾကာက္လန႔္ေနေသာ ယုန္ကဲ့သို႔ ထြက္ေျပးသြားသည္ကို ျမင္လိုက္ရသျဖင့္ သူတို႔ ထင္ေယာင္ထင္မွား ျဖစ္ေနသည္ဟု ထင္လိုက္မိၾကသည္။
“ျမန္ျမန္၊ ျမန္ျမန္၊ ျမန္ျမန္”
အေနာက္တိုင္း တေစၦနတ္ဘုရားသည္ ေၾကာက္လန႔္လို႔ေန၏။ သူသည္ အနက္ေရာင္ တေစၦ ခ်ီမွ်င္စုအျဖစ္ အသြင္ေျပာင္းကာ ေကာင္းကင္သို႔ ေျပးတက္သြားသည္။
ထိုစဥ္ ယဲ့ဖန္က ဟစ္ေအာ္လိုက္သည္။
“ထိမွန္စမ္း”
အေနာက္တိုင္း တေစၦနတ္ဘုရားသည္ ခ်က္ခ်င္းပင္ နားဝင္ခ်ိဳေသာ ေခါင္းေလာင္းထိုးသံတစ္ခုကို စိတ္ထဲ ၾကားလိုက္ရၿပီး သူ႔တစ္ကိုယ္လုံး ေလထဲ တန႔္သြားရသည္။
ထိုစဥ္ သူ႔စိတ္ဝိညာဥ္ ေအးခဲသြားသလို ခံစားလိုက္ရသည္။
“မဟုတ္ဘူး”
အေနာက္တိုင္း တေစၦနတ္ဘုရားသည္ ေၾကာက္လန႔္ကာ ေအာ္ဟစ္လိုက္မိသည္။ ထို႔ေနာက္ အနက္ေရာင္ ဦးခြံသည္ ၎၏ ႀကီးမားေသာ ပါးစပ္အား ဖြင့္ဟလာသည္။
အေနာက္တိုင္း တေစၦနတ္ဘုရားသည္ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ အင္အားႀကီးသည့္ စုပ္အား၏ စုပ္ယူျခင္းကို ခံလိုက္ရသည္။
“အား”
သူ၏ စူးရွလွေသာ ေအာ္သံႏွင့္အတူ သူ၏ အနက္ေရာင္ တေစၦခ်ီဓာတ္သည္ ဦးခြံထံသို႔ စုပ္ယူျခင္း ခံလိုက္ရသည္။ ထို႔ေနာက္ ဝိညာဥ္စား ဦးခြံသည္ ပါးစပ္လႈပ္လာ၏။
ဂြၽတ္! ဂြၽတ္!
၎က အေနာက္တိုင္း တေစၦနတ္ဘုရားအား အရွင္လတ္လတ္ ဝါးစားေနျခင္းပင္။
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
ဤျမင္ကြင္းေၾကာင့္ အားလုံး ထိတ္လန္႔သြားၾကသည္။
*ေၾကာက္စရာေကာင္းတဲ့ အေနာက္တိုင္း တေစၦနတ္ဘုရားက ဦးခြံရဲ႕ အစာ ျဖစ္သြားတာလား၊ ဒါ … မျဖစ္ႏိုင္ဘူးေလ*
သို႔ေသာ္ တိုက္ပြဲကား မၿပီးေသးေပ။
အေနာက္တိုင္း တေစၦနတ္ဘုရား၏ ေအာ္သံမ်ားက ဦးခြံ၏ ပါးစပ္အတြင္းမွ ပဲ့တင္ထပ္၍ ထြက္ေပၚလာေနသည္။
“အရွင္ က်ဳပ္ကို ခြင့္လႊတ္ေပးပါ။ က်ဳပ္ … က်ဳပ္မွားသြားပါတယ္။ က်ဳပ္ ေသသင့္ပါတယ္။ ေက်းဇူးျပဳၿပီး က်ဳပ္ကို လႊတ္ေပးပါ အရွင္”
*အရွင္*
ေၾကာက္မက္ဖြယ္ေကာင္းေသာ အေနာက္တိုင္း တေစၦနတ္ဘုရားက ႐ုတ္တရက္ ယဲ့ဖန္ကို အရွင္ဟု ေခၚလာလိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့မိၾကေပ။
အျခားသူမ်ား နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
“မွားသြားတယ္ ဟုတ္လား”
ယဲ့ဖန္က တင္းမာေသာ မ်က္ႏွာထားျဖင့္ ျပန္ေျပာလိုက္သည္။
“မင္းရဲ႕အမွားေတြကို မင္းအသက္နဲ႔ပဲ ျပန္ျပင္ႏိုင္တယ္”
….
ယဲ့ဖန္၏ စကားထဲတြင္ အေနာက္တိုင္း တေစၦနတ္ဘုရား၏ ဆိုး႐ြားလွေသာ ကံတရားကို ဆုံးျဖတ္ထားၿပီးပုံ ေပၚသည္။
သူသည္ အမွန္တကယ္ကို ဆိုး႐ြားလွသည့္ တစ္စုံတစ္ရာႏွင့္ ရင္ဆိုင္ရသကဲ့သို႔ ဆက္၍ ေအာ္ဟစ္ေနသည္။ ေနာက္ဆုံးတြင္ သူ၏ ေအာ္သံမ်ား ႐ုတ္ခ်ည္း ရပ္တန႔္သြားသည္။
ထို႔ေနာက္တြင္ တိုက္ပြဲကြင္းျပင္တစ္ခုလုံး လုံးဝကို တိတ္ဆိတ္သြားသည္။ နတ္ဘုရားအဆင့္မွသူတိုင္း ႏွလုံးခုန္ျမန္လာသျဖင့္ အသက္ရႉရန္ပင္ ခက္ခဲလာသည္ဟု ခံစားလိုက္မိသည္။
“မဟုတ္ဘူး … မျဖစ္ႏိုင္ဘူး။ အေနာက္တိုင္း တေစၦနတ္ဘုရားက ေသသြားၿပီလား”
နတ္ဘုရားမတို႔၏ ဧကရီက အလြန္ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားေသာ မ်က္ႏွာထားျဖင့္ ေရ႐ြတ္ လိုက္မိသည္။
အေနာက္တိုင္း တေစၦနတ္ဘုရားသည္ ႏွစ္ရာႏွင့္ခ်ီကာ ရွင္သန္ခဲ့သည့္ ထူးဆန္းသည့္ လူအိုႀကီးျဖစ္သည္။
သူသည္ ကမာၻေပၚမွ မ်ားစြာေသာ သိုင္းပညာရွင္မ်ား၏ တုံ႔ျပန္တိုက္ခိုက္မႈမ်ားၾကားထဲကေတာင္မွ အသက္ရွင္ခဲ့သူ ျဖစ္သည္။
သို႔ေသာ္ သူသည္ ယဲ့ဖန္ေၾကာင့္ အသတ္ခံလိုက္ရသည္။ အံ့ဩဖြယ္ေကာင္းလိုက္ပါဘိ။
အေနာက္တိုင္း တေစၦနတ္ဘုရားကို စားၿပီးေနာက္ ယဲ့ဖန္၏ ခႏၶာကိုယ္သည္ ဝုန္းခနဲ ျမည္ဟိန္းလာကာ သူ၏ နတ္ဆိုးသတ္ျဖတ္ျခင္း ဆုျဒာသည္ ခ်က္ခ်င္းဆိုသလို တတိယအဆင့္သို႔ အဆင့္တက္သြားသည္။
ယဲ့ဖန္၏ ခ်ီဓာတ္သည္ ျဗဳန္းခနဲ တိုးပြားလာသည္။
ဒ႑ာရီ အေစာပိုင္းအဆင့္။
ဒ႑ာရီ အလယ္အလတ္အဆင့္။
ဒ႑ာရီ ေနာက္ဆုံးအဆင့္။
ဒ႑ာရီ အထြတ္အထိပ္အဆင့္သို႔ ေရာက္မွသာ သူ၏ ခ်ီဓာတ္သည္ တိုးပြားလာရာမွ ရပ္တန႔္သြားသည္။ ထို႔ေနာက္တြင္ နတ္ဘုရားမ ၿမိဳ႕ေတာ္တစ္ခုလုံးကို ေသြးပ်က္ဖြယ္ေကာင္းေသာ ခ်ီဓာတ္က ဖုံးအုပ္သြားသည္။
လုံၿခဳံေသာ ၿမိဳ႕တံတိုင္းသည္ ထိုမွ် ျပင္းထန္ေသာ ခ်ီဓာတ္ကို ခံႏိုင္ရည္မရွိဟန္ျဖင့္ ၿပိဳက် ပ်က္စီးလာသည္။
ပင့္ကူမွ်င္အ႐ြယ္ အက္ရာမ်ားက ၿမိဳ႕တံတိုင္းေပၚ၌ ေပၚလာသည္။ လမ္းမေပၚမွ ေျမဆီလႊာမ်ားသည္လည္း ေအာက္သို႔ မီတာမ်ားစြာ ကြၽံဝင္သြားသည္။
နတ္ဘုရားမ၏ အျခားေနာက္လိုက္မ်ားသည္ ဧကရာဇ္သဏၭာန္ ခ်ီဓာတ္မ်ားက ၿမိဳ႕အႏွံ႔ ပ်ံ႕ႏွံ႔သြားသည္ကို ခံစားလိုက္မိသည္။ ထို႔ေၾကာင့္ သူတို႔၏ ေျခေထာက္မ်ား ခ်ည့္နဲ႔လာကာ သူတို႔ စိတ္ေရာကိုယ္ပါ တုန္ယင္လာၾကသည္။ သူတို႔ ေျမႀကီးေပၚ ဒူးေထာက္၍ ယဲ့ဖန္ေရွ႕ ဝပ္တြားခ်င္ေနၾကသည္။
*မျဖစ္ႏိုင္ဘူး*
ဤသည္ကို ၾကည့္ၿပီး အလင္းေတာ္ ဘုန္းေတာ္ႀကီး၊ နတ္ဘုရားမတို႔၏ ဧကရီႏွင့္ မဟာ ကာ႐ိုးလ္သခင္ႀကီးတို႔ လုံးဝ မွင္တက္ေနၾကသည္။
ယဲ့ဖန္က ယခင္ကထက္ ပိုသန္မာလာသျဖင့္ သူတို႔ ရင္တုန္ပန္းတုန္ျဖစ္ကာ ထိတ္လန႔္ ေၾကာက္လန႔္လာသည္။
ခဲလ္ဆာႏွင့္ သူ႔လူမ်ား ေသြးပ်က္ေနၾကသည္။ ခဲလ္ဆာသည္ ယဲ့ဖန္ထက္ အဆင့္တစ္ဆင့္သာ ျမင့္ေသာ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ျဖစ္သည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူသည္ ေၾကာက္စိတ္မ်ား ဒူးမခိုင္ျဖစ္ကာ ေျမႀကီးေပၚ ဒူးေထာက္က်လုမတတ္ ျဖစ္ေနသည္။
ထို႔အျပင္ သူ႔နဖူးမ်ား ေခြၽးမ်ား တဒီးဒီးက်လာသည္။ ယဲ့ဖန္ေရွ႕၌ သူ႔ကိုယ္သူ ေသးႏုပ္သြားသကဲ့သို႔ ခံစားမိသည္။
“အင္အားႀကီးလိုက္တာ … ေတာ္ေတာ့္ကို အင္အားႀကီးတာပဲ”
ခဲလ္ဆာသည္ ေၾကာက္စိတ္မႊန္ကာ မ်က္ခုံး ခပ္လႈပ္လႈပ္ျဖစ္ေနသည္။
ထိုစဥ္ ယဲ့ဖန္က ေရွ႕သို႔ တစ္လွမ္းတိုးကာ အလင္းေတာ္ ဘုန္းေတာ္ႀကီး၏ မ်က္လုံးအား စိုက္ၾကည့္လိုက္သည္။
အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ ေရွးဦးသားရဲတစ္ေကာင္၏ စိုက္ၾကည့္ျခင္းကို ခံလိုက္ရသည္ဟု ခံစားလိုက္မိသည္။ သူ ယဲ့ဖန္ႏွင့္ ထပ္မတိုက္ခိုက္ခ်င္ေတာ့ပါ။
*ေျပးရမယ္*
အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ ခ်က္ခ်င္း ေနာက္လွည့္ကာ အေဝးသို႔ ထြက္ေျပးရန္ ႀကံလိုက္သည္။ ထိုအခ်ိန္တြင္ ေလတိုးသံႏွင့္အတူ သံမဏိ လက္သီးခ်က္တစ္ခ်က္က သူ႔ေက်ာေပၚသို႔ ျပင္းထန္စြာ က်ေရာက္လာသည္။
ဝုန္း!
ဒ႑ာရီလာအဆင့္၏ ေသြးမ်ားက ေလထဲသို႔ လြင့္စဥ္ထြက္လာသည္။ အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ လက္သီးခ်က္တစ္ခ်က္ေၾကာင့္ ေပါက္ကြဲသြားကာ ေသြးျမဴမ်ားအျဖစ္ ေျပာင္းလဲသြားသည္။
လက္သီးခ်က္ တစ္ခ်က္တည္း။
ယဲ့ဖန္က နတ္ဘုရားအဆင့္ တစ္ေယာက္ကို လက္သီးခ်က္ တစ္ခ်က္တည္းႏွင့္ သတ္လိုက္သည္တဲ့လား။
အျခား နတ္ဘုရားအဆင့္မ်ား လိပ္ျပာလြင့္မတတ္ ထိတ္လန႔္သြားၾကသည္။ သူ႔ခႏၶာကိုယ္ ျပန္လည္ဖြဲ႕စည္းလာၿပီးေနာက္ အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ ထိတ္လန႔္ တုန္လႈပ္ကာ တီးတိုး ေရ႐ြတ္လိုက္မိသည္။
“ငါ ဒါကို ရပ္တန႔္မွျဖစ္မယ္၊ မဟုတ္ရင္ ငါ ေသသြားလိမ့္မယ္”
အလင္းေတာ္ဘုန္းေတာ္ႀကီးသည္ ယဲ့ဖန္ႏွင့္ ရင္ဆိုင္ေနရင္း မယုံႏိုင္ေလာက္ေအာင္ ေၾကာက္လန႔္လာရသည္ကို ခံစားမိသည္။
ဤမေကာင္းဆိုးဝါးႏွင့္ ရန္သူသဖြယ္ ဆန႔္က်င္မိသည့္အတြက္လည္း ေနာင္တရသလို ခံစားလာမိသည္။
“ၾကည့္ရတာ ငါ မေသမ်ိဳး လွ်ိဳ႕ဝွက္သိုင္းကြက္ကို ထုတ္သုံးမွ ျဖစ္မယ္နဲ႔ တူတယ္”
အလင္းေတာ္ ဘုန္းေတာ္ႀကီး ခ်က္ခ်င္း မ်က္ႏွာသုန္မႈန္လာသည္။ မေသမ်ိဳး လွ်ိဳ႕ဝွက္သိုင္းကြက္သည္ မေသမ်ိဳး ခႏၶာကိုယ္၏ အသက္ကယ္ သိုင္းကြက္ျဖစ္သည္။
ဤသိုင္းကြက္အား အသက္သြင္းၿပီးေနာ္ သူသည္ စကၠန႔္ပိုင္းအတြင္း မိုင္ ေျခာက္ရာ အကြာအေဝးသို႔ ေရာက္ရွိႏိုင္သည္။
သို႔ေသာ္ ေပးဆပ္ရမည့္ အဖိုးအခကား ျမင့္သည္။ ထိုသိုင္းကြက္သည္ မေသမ်ိဳး ခႏၶာကိုယ္၏ အတည္စြမ္းရည္အား သုံးစြဲၿပီး အသုံးျပဳသူအား ဒဏ္ရာအျပင္းအထန္ ရေစႏိုင္သည္။
သို႔ေသာ္ အလင္းေတာ္ ဘုန္းေတာ္ႀကီး ခ်ီတုံခ်တုံ ျဖစ္ေနစဥ္ ႐ုတ္တရက္ ဝုန္းခနဲ အသံကို ၾကားလိုက္ရသလို ယဲ့ဖန္၏ အေသသတ္ႏိုင္ေသာ လက္သီးခ်က္သည္လည္း က်ေရာက္လို႔လာ၏။
ယဲ့ဖန္၏ လက္သီးခ်က္မွ ေခ်ာက္ခ်ားဖြယ္ေကာင္းေသာ အင္အားေၾကာင့္ အလင္းေတာ္ ဘုန္းေတာ္ႀကီး တုန္လႈပ္သြားသည္။
“မေသမ်ိဳး”
အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ ျဗဳန္းခနဲဆိုသလို အျဖဴေရာင္ အလုံးေလးအျဖစ္ ေျပာင္းလဲသြားကာ ေပ်ာက္ကြယ္သြားေတာ့သည္။
ယခုအခ်ိန္တြင္ အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ ေမာ္တယ္ကမာၻတြင္း၌ အေငြ႕ျပန္သြားသလိုပင္။
“အာ”
ယဲ့ဖန္ တစ္ခဏမွ် မွင္တက္သြားသည္။
“မေသမ်ိဳး လွ်ိဳ႕ဝွက္သိုင္းကြက္လား။ ဒီလူက ေတာ္ေတာ္ ၾကမ္းၾကဳတ္တာပဲ”
ယဲ့ဖန္က အံ့ဩေနေသာ အၾကည့္မ်ားျဖင့္ ေရ႐ြတ္လိုက္သည္။
မေသမ်ိဳး ခႏၶာကိုယ္သည္ စၾကဝဠာတြင္းရွိ ထိပ္တန္း ၿပိဳင္ဘက္ကင္း ခႏၶာကိုယ္ထဲမွ တစ္ခုျဖစ္သည္။ ထိုခႏၶာကိုယ္သည္ အလြန္ ထိတ္လန႔္ဖြယ္ေကာင္း၏။
ထိုခႏၶာကိုယ္၏ အင္အားအေကာင္းဆုံး အပိုင္းကား ၎၏ အသက္ကယ္ သိုင္းကြက္ပင္။
ယဲ့ဖန္၏ လက္ရွိတိုက္ပြဲဝင္ ခြန္အားအရ သူသည္ မိုင္ေျခာက္ရာကို ျဖတ္သန္း၍ လူတစ္ေယာက္အား ခ်က္ခ်င္း မသတ္ႏိုင္ေသးေပ။
“မင္း အၿမဲဒီလို ကံေကာင္းေနမယ္လို႔ ငါ ေမွ်ာ္လင့္ပါတယ္”
အလင္းေတာ္ ဘုန္းေတာ္ႀကီး ထြက္ခြာသြားသည့္ အရပ္ကို လွမ္းၾကည့္ရင္း ယဲ့ဖန္က တင္းမာေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
ထို႔ေနာက္ သူသည္ နတ္ဘုရားမတို႔၏ ဧကရီ၊ မဟာ ကာ႐ိုးလ္ သခင္ႀကီးႏွင့္ ေမွာ္နက္ နတ္ဘုရားတို႔အား လွည့္ၾကည့္ကာ မ်ားျပားလွသည့္ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္ႏွင့္အတူ ေမးလိုက္သည္။
“မင္းတို႔ ေသဖို႔ အဆင္သင့္ပဲလား”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now