Chapter 383

993 100 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (26) CHAPTER (383) မင်းက အဆင့်မမီဘူး

*ငါ အချက်နှစ်ရာလောက် ထပ်လိုချင်လို့*
ယဲ့ဖန်၏ သတ္တိရှိသော စကားကို ဂရေဆန်တစ်ယောက် ကြားလိုက်ရချိန်တွင် သူ့ထိုင်ခုံကနေ ပြုတ်ကျမတတ် ဖြစ်သွားသည်။
*ချီးပဲ*
*နတ်ဘုရား အလင်းတော် အမြောက် ၂.၀ ဗားရှင်းက ဂေါ်ဖီထုပ်လို ဈေးပေါတယ်များ မှတ်နေလား*
*အဲ့အမြောက်က နတ်ဘုရားအဆင့် စွမ်းအင်ကနေ ပြောင်းလဲထားတာကွ*
*အလင်းတန်း တစ်ခုကတင် နဂါးငွေ့တန်း ဒင်္ဂါး တစ်သောင်း တန်တယ်*
*အချက် နှစ်ရာလောက် ဟုတ်လား။ ခွေးမသား၊ မင်းလောက် အရှက်မရှိတဲ့သူမျိုး ငါ တစ်ခါမှ မမြင်ဖူးသေးဘူး*
စစ်သင်္ဘောထဲမှ ကလန်သားတိုင်း မှင်တက်နေကြသည်။
နတ်ဘုရား အလင်းတော် အမြောက်၏ ၂.၀ ဗားရှင်းမှ ပစ်ခတ်မှု အချက်တစ်ရာကျော်သည် နတ်ဘုရား သေနာပတိ ဆယ်ယောက်ကျော်အား စက္ကန့်ပိုင်းအတွင်း သတ်နိုင်သည်။
*သူ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။ မဖြစ်နိုင်တာကြီးကို*
သို့သော် ထိတ်လန့်ဖွယ်အကောင်းဆုံး အချက်ကား ပုရွက်ဆိတ်အုံကြီးပင်။
အခြားသူများသည် နတ်ဘုရားအဆင့် အလင်းတန်းများကို ပုရွက်ဆိတ်များက ဝါးမျိုလိုက်သည်ကို ရှင်းလင်းစွာ မြင်ခဲ့ပြီးပြီ ဖြစ်သည်။
"ဒါ လုံးဝ မဖြစ်နိုင်ဘူး"
အစိမ်းရောင် အသားအရေနှင့် အမျိုးသမီး နားဝေတိမ်တောင် ဖြစ်သွားရသည်။ ထို့နောက် ခေလန်ကို ကမ္ဘာမြေပေါ်မှ ပုရွက်ဆိတ်များက ဝါးမျိုသွားသည်ဟု ယဲ့ဖန် ပြောခဲ့ဖူးတာကို သူမ သတိရသွားသည်။
ယခင်တုန်းက ယဲ့ဖန်က သူမကို လှည့်စားနေသည်ဟု သူမ ယုံကြည်ခဲ့သည်။
"ငါ ဘာလို့ ဒီပုရွက်ဆိတ်တွေကို ရင်းနှီးနေသလို ခံစားနေရတာလဲ"
အစိမ်းရောင် အသားအရေနှင့် အခြား ကမ္ဘာခြားမုဆိုးများ မျက်ခုံးလှုပ်လာသလို ခံစားမိလာကြသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူတို့သည် ပုရွက်ဆိတ်များကို ကြည့်ရင်း သူတို့ ထိတ်ထိတ်ပျာပျာ ဖြစ်ကာ ရင်တုန်ပန်းတုန် ဖြစ်လာသလို ခံစားမိပြီး ထိုပုရွက်ဆိတ်များသည် ပုရွက်ဆိတ်များနှင့် မတူဘဲ ငရဲမှ ပြန်လာသော သေမင်းနတ်ဘုရားများဟု သူတို့ ခံစားနေမိသည်။
"ဝိညာဉ်စား ပုရွက်ဆိတ်တွေ"
ထိုစဉ် ဂရေဆန်က ထိတ်လန့်တကြား ရေရွတ်လာသဖြင့် အခြားသူများအားလုံး ကြောက်လန်ကာ တုန်ယင်လာသည်။
*ဝိညာဉ်စား ပုရွက်ဆိတ်တွေလား*
*နတ်ဘုရားတွေ၊ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေတွေရဲ့ ပါးကွက်သား*
*လုံးဝ မဖြစ်နိုင်ဘူးလေ*
အခြားသူများအားလုံး ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားကြသည်။
ဂရေဆန်ဆို သတိလစ်မတတ် ဖြစ်နေ၏။ သူသည် ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် ယဲ့ဖန်တို့အား သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်တကြားနှင့် ကြည့်နေမိသည်။
"ဝိညာဉ်စား ပုရွက်ဆိတ်တွေက ကျွန်ပြုခံနေရတယ်။ မဟုတ်ဘူး ... ဒါ တကယ် မဖြစ်နိုင်ဘူး"
ပထမဆုံး အကြိမ်ပင်။
ဝိညာဉ်စား ပုရွက်ဆိတ်များအား အခြားသက်ရှိတစ်မျိုးက ထိန်းချုပ်ထားသည်ကို မြင်တွေ့နေရခြင်းက ပထမဆုံး အကြိမ်ပင်။
အကယ်၍ ဤသတင်းသာ စကြဝဠာထဲ ပျံ့နှံ့သွားပါက စကြဝဠာတစ်ခုလုံး အကြီးအကျယ် ထိတ်လန့် သွားစေလောက်သည်။
ထို့ပြင် ဂရေဆန်သည် ယဲ့ဖန်အား လေ့လာကြည့်သောအခါ သူ့အား တစ်နေရာရာ၌ တွေ့ဖူးနေသလို၊ ရင်းနှီးနေသလို ခံစားချက်မျိုး ရနေသည်။
သူသည် အလွန် ရင်းနှီးသလိုနှင့် ထူးဆန်းသလို ခံစားနေရသည်။
သို့သော် မကြာမီမှာပင် ထိုခံစားချက်နေရာ၌ အလိုရမ္မက်က အစားထိုး ဝင်ရောက်လာ၏။
"ဒီလူက ဝိညာဉ်စား ပုရွက်ဆိတ်တွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်မျိုးကို တတ်မြောက်ထားတာပဲ ဖြစ်ရမယ်"
"ရတနာပဲ။ အဲ့နည်းလမ်းက တကယ့်ကို အဖိုးအတန်ဆုံး ရတနာပဲ"
ဂရေဆန်သည် စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။ ထို့နောက် သူက ကမ္ဘာခြား စစ်သင်္ဘောအဖွဲ့အား အလောသုံးဆယ်နှင့် အော်ပြောလိုက်သည်။
"ဂရေးကလန်ရဲ့ အသေခံ အစောင့်အရှောက်တွေ"
သူ၏ ကြုံးဝါးသံနှင့်အတူ ကမ္ဘာခြား စစ်သင်္ဘောတိုင်းမှ ဟစ်အော်သံတို့က ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"ကျွန်တော်မျိုးတို့ ဒီမှာပါ"
ကောင်းကင်တစ်ခုလုံး ကျယ်လောင်သော ဟစ်အော်သံများနှင့် ပဲ့တင်ထပ်နေ၏။
သူတို့၏ ပြန်ဖြေသံကို ကြားသည်နှင့် ဂရေဆန်က ယဲ့ဖန်အား စိုက်ကြည့်၍ လှောင်ရယ်သံနှင့်အတူ ပြောလိုက်သည်။
"အဲ့ဒီ ဝိညာဉ်စား ပုရွက်ဆိတ်တွေက သားပေါက်အဆင့်ပဲ ရှိသေးတယ်။ သူတို့တွေက အဲ့လူရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်"
"အသေခံ အစောင့်အရှောက်တွေ အဲ့လူကို သတ်ကြ"
"သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သူ့စိတ်ဝိညာဉ်ကို ထုတ်ယူကြ"
....
ဂရေဆန်၏ စကားအဆုံးတွင် ကမ္ဘာခြား စစ်သင်္ဘောတပ်ဖွဲ့တစ်စုလုံး အော်ဟစ်သံများနှင့် ပျံ့နှံ့လို့လာပြန်သည်။
ကျွီ! ကျွီ! ကျွီ!
သင်္ဘော၏ နှစ်ပေါင်းများစွာ ပိတ်ထားသော တံခါးပေါက်များ ပွင့်လာပြီးနောက် နတ်ဆိုးဆန်သော လူများစွာ ခုန်ထွက်လာကြသည်။
တစ်ယောက်၊ သုံးယောက်၊ ငါးယောက်။
....
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိတ်လန့်ဖွယ်ကောင်းသော သိုင်းပညာရှင် ဆယ့်နှစ်ယောက် ဆင်းသက်လာပြီး ယဲ့ဖန်အား ဝိုင်းထားကြသည်။
သူတို့အားလုံးသည် နတ်ဘုရား သေနာပတိ အထွတ်အထိပ်အဆင့်များ ဖြစ်ကြ၏။
သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များက အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးထက် အဆပေါင်းများစွာ ပို၍ သန်မာနေသေးသည်။
သူတို့၏ ထိုင်းမှိုင်းသော မျက်လုံးများမှအပ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များဖြင့် ဖုံးအုပ်နေသည့် ရုပ်သေးရုပ်လိုပင်။
ကြောက်မက်ဖွယ်ကောင်းသော အဖွဲ့ကို မြင်သည်နှင့် အခြားသူများ ကြောက်လန့်ကာ ချွေးစို့လာကြသည်။
အသေခံ အစောင့်အရှောက်တွေ။
ဤထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ပြီး အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးနှင့် အခြား ကမ္ဘာခြားမုဆိုးများ လိပ်ပြာလွင့်မတတ် ဖြစ်သွားကြသည်။
"နှစ်တစ်ရာကျော်အတွင်း အသေခံ အစောင့်အရှောက်တွေ ပြန်ပေါ်လာတာ ဒါ ပထမဆုံးအကြိမ်ပဲ"
ကမ္ဘာခြားမုဆိုးတိုင်း အသေခံအစောင့်အရှောက်များ၏ ကြောက်စရာကောင်းသော တိုက်ပွဲဝင် ခွန်အားကို ကောင်းကောင်းကြီး နားလည်ထားကြသည်။
သူတို့သည် နတ်ဘုရား သေနာပတိ အထွက်အထိပ်အဆင့် ရှိသော ဖုတ်ကောင် ဆယ့်နှစ်ကောင်လိုပင်။
သူတို့သည် မည်သည့် နာကျင်မှု သို့မဟုတ် အကြောက်တရားကိုမှ မခံစားရပေ။
သူတို့ သိသည့်တစ်ခုတည်းသော အရာကား ဘယ်လိုသတ်ဖြတ်ရမည်ဆိုတာကိုပင်။
သူတို့ကို တားဆီးသည့် မည်သူမဆို သေရလိမ့်မည်၊ သူတို့ကို မနာခံသည့် မည်သူမဆို ပျက်သုဉ်းသွားလိမ့်မည်။
ဖုတ်ကောင်များကို ထိန်းချုပ်သည့် မည်သည့် လျှို့ဝှက်သိုင်းကွက်မှ မရှိပါက ဂရေးကလန်၏ ဘိုးဘေးသည် သူ၏ကလန်တွင်းမှ ပိုင်ဆိုင်မှုများကို ဖန်တီးရန် မဆိုထားနှင့် ထိတ်လန့်ဖွယ် ကောင်းသော ဂရေးကလန်ကို တည်ထောင်နိုင်မည် မဟုတ်ပေ။
အသေခံ အစောင့်အရှောက် ဆယ့်နှစ်ယောက်သည် ဂရေဆန်၏ ဝှက်ဖဲပင်။
ဝုန်း! ဝုန်း! ဝုန်း!
အသေခံ အစောင့်အရှောက် ဆယ့်နှစ်ယောက် ဆင်းသက်လာသည်နှင့် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များ ရှိသည့် နတ်ဆိုးများကဲ့သို့ ယဲ့ဖန်အား ချက်ချင်း ဝိုင်းထားလိုက်ကြသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်၏ သူငယ်အိမ် ကျဉ်းမြောင်းလာသည်။
အသေခံ အစောင့်အရှောက် တစ်ယောက်ချင်းစီသည် ယဲ့ဖန်ထက် အဆင့် ဆယ့်သုံးဆင့် ပိုမြင့်သည်။ အသေခံ အစောင့်အရှောက် ဆယ့်နှစ်ယောက်၏ တိုက်ခိုက်မှုက ယဲ့ဖန်အတွက် သေချာပေါက် အသက်အန္တရာယ် ရှိသည်။
"ဒီလိုဆိုမှတော့ ငါရဲ့ အန္တိမ တိုက်ပွဲဝင်ခွန်အားကို မင်းတို့နဲ့ စမ်းသပ်ကြည့်ရတာပေါ့"
ယဲ့ဖန်က အလွန်ရူးသွပ်နေသော အကြည့်များဖြင့် ရေရွတ်လာသည်။ ထို့နောက် သူသည် လက်တစ်ဘက်ကို လှုပ်လိုက်သောအခါ ဓားကျိုးတစ်လက် ထွက်ပေါ်လာသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များစွာသည် သူ့ဦးခေါင်းထက်၌ ဝဲပျံနေပြီး ပြင်းထန်သော ချီဓာတ်ကို ထုတ်လွှတ်နေ၏။
"သူတို့ကို သတ်"
ယဲ့ဖန် အမိန့်ပေးလိုက်သည်။ ထို့နောက်တွင်မူ ဝိညာဉ်စား ပုရွက်ဆိတ်များက ဘေးပတ်လည်မှ အသေခံ အစောင့်အရှောက်များထံသို့ ပြေးဝင်သွားသည်။
ထို့ပြင် ယဲ့ဖန်သည်လည်း ဓားကျိုးကို ကိုင်ဆွဲ၍ သူ့ရန်သူများအား ခုတ်ပိုင်းလာသည်။
ပြင်းထန်သော တိုက်ပွဲကား ချက်ချင်း ဖြစ်ပေါ်လာလေသည်။
တိုက်ပွဲကိုကြည့်ရှုရင်း အခြားသူများအားလုံး ကြောက်လန့်ကာ တုန်လှုပ်သွားကြသည်။
ယဲ့ဖန်သည် နတ်ဆိုးလိုပင်။ အသေခံ အစောင့်အရှောက်များအား ဓားချက်တစ်ချက်တည်းဖြင့် လွယ်လင့်တကူ ခုတ်ပိုင်းနိုင်သည်။
သို့သော် အသေခံ အစောင့်အရှောက်များသည် မည်သည့်နာကျင်မှုကိုမျှ မခံစားရပုံပေါ်ပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်၌ ဓားဒဏ်ရာများစွာ ချန်ထားရစ်ခဲ့သည်။
ဒဏ်ရာအတွက် ဒဏ်ရာ။
သွေးသံတရဲရဲနှင့် တိုက်ခိုက်မှုပင်။ ဤသည်မှာ နတ်ဆိုးများကြားမှ တိုက်ပွဲပင် ဖြစ်လေသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များသည် အသေခံ အစောင့်အရှောက်များကို ကိုက်ဖြတ်သည်နှင့် ရိုက်နှက်ခံရပြီး ချက်ချင်း အဝေးသို့ လွင့်ထွက်သွားရသည်။ အသေခံ အစောင့်အရှောက်များသည် မည်သည့် နာကျင်မှုကိုမျှ မခံစားရပေ။
ဝုန်း! ဝုန်း! ဝုန်း!
သွေးမိုးရွာနေသလား မှတ်ယူရလောက်သည်။ ထိတ်လန့်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
အခြားသူများ၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် အသေခံ အစောင့်အရှောက်များထက် ပို၍ ရူးသွပ်နေသေးသည်။
ဒဏ်ရာများစွာနှင့် ပြည့်နှက်နေသော်လည်း သူ့မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်နှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်လျက် ရှိနေသည်။
တိုက်၊ တိုက်၊ တိုက်။
သူသည် လူသားတစ်ယောက်နှင့် မည်သို့မျှ မတူသလို မည်သည့် နာကျင်မှုကိုမျှ မခံစားရပေ။ သူ ဆက်၍ တိုက်ခိုက်နေ၏။
ဝှစ်!
ထိုစဉ် အသေခံ အစောင့်အရှောက်တစ်ယောက်၏ ဦးခေါင်း ပြတ်သွားသည်။ အခြား အသေခံ အစောင့်အရှောက်များ၏ မှုန်မှိုင်းနေသော မျက်ဝန်းများသည် ကြောက်စိတ်များကြောင့် တောက်ပလာသည်။
ယဲ့ဖနသည် သေခြင်းတရား၏ စာမျက်နှာအသစ်ကို ဖွင့်လှစ်လိုက်သလိုပင်။
ရွှစ်!
ယဲ့ဖန်၏ နောက်ကျောကို ချွန်ထက်နေသော လက်သည်းတစ်ခုက တိုက်ခိုက်လာသဖြင့် သွေးသံတရဲရဲနှင့် ဒဏ်ရာများ ဖြစ်ပေါ်လာသည်။
သို့သော် သူသည် နာကျင်မှုကို လုံးဝ ဂရုမစိုက်ဘဲ အသေခံ အစောင့်အရှောက်၏ နဖူးအလယ်တည့်တည့်အား ခုတ်ပိုင်းလိုက်သဖြင့် ထိုအသေခံအစောင့်အရှောက် နှစ်ပိုင်း ပိုင်းခံလိုက်ရလေတော့သည်။
ကြောက်စရာကောင်းလိုက်လေခြင်း။
ထိုအချိန်တွင် ယဲ့ဖန်၏ ရူးသွပ်စေလောက်သော အပြုအမူက ဂရေဆန်အား ကြောက်လန့် သွားစေသည်။ ထို့အတူ အစိမ်းရောင် အသားအရေနှင့် အမျိုးသမီးသည်လည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
ရူးသွပ်သော အသေခံအစောင့်အရှောက်များက ပို၍ ရူးသွပ်တတ်သော ယဲ့ဖန်နှင့်မှ လာဆုံရလေတော့သည်။
ဘုတ်!
အသေခံအစောင့်အရှောက်များ တစ်စစီ ခုတ်ပိုင်းခံလိုက်ရပြီးနောက် မြေကြီးပေါ် ပြုတ်ကျလာသည်။
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်။
....
သူတို့သည် ပွက်ပွက်ဆူနေသော အိုးထဲ ပြုတ်ကျလာသော ဖက်ထုပ်များကဲ့သို့ ဆက်တိုက် အောက်သို့ ပြုတ်ကြလာသည်။
ယဲ့ဖန်သည် အသေခံအစောင့်အရှောက် ဆယ်ယောက်ကို သတ်ဖြတ်ပြီးသဖြင့် သူ့တစ်ကိုယ်လုံး ဆိုးရွားလှသော သွေးထွက်သံယို ဒဏ်ရာများနှင့် ပြည့်နှက်နေ၏။
သို့သော် သူ့မျက်လုံးထဲတွင် အထင်သေးသော အကြည့်များနှင့် ပြည့်နှက်နေသေးသည်။
သူသည် နောက်ဆုံးသော အသေခံအစောင့်အရှောက် နှစ်ယောက်အား စိုက်ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
"အသေခံအစောင့်အရှောက်တွေက သေဖို့ ကြောက်နေတာလား။ မင်းတို့က အဆင့်မမီဘူးပဲ"
ယဲ့ဖန်၏ စကားကို ကြားပြီး အသေခံအစောင့်အရှောက်များ၏ မျက်နှာတွင် အလွန် ကြောက်လန့်နေဟန်များ ထင်ဟပ်လာ၏။
နောက်ဆုံးသော အသေခံအစောင့်အရှောက် နှစ်ယောက်သည် နောက်သို့ လှည့်၍ ထိတ်လန့်တကြား ထွက်ပြေးရန် ပြင်လာတော့သည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now