Chapter 301

1K 125 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (301) ငါ မင်းကို ငါ့ လက်ချောင်းလေးနဲ့ပဲ သတ်ပြမယ်

*မင်းတို့ ဘာဖြစ်နေကြတာလဲ*
အခြား ကျောင်းသားကျောင်းသူများ၏ မျက်နှာ၌ အလွန် အံ့အားသင့်နေဟန်များဖြင့် ဖုံးလွှမ်းနေသည်ကို သတိထားမိပြီး အရပ်ရှည်ရှည်နှင့် ခပ်ချောချော ပါရမီရှင်သည် တဒင်္ဂမျှ မှင်တက်သွားသည်။
ထို့နောက် သူသည် ချောက်ကမ်းပါးစွန်းသို့ လှမ်းကြည့်လိုက်သည်။ သူ သတိမထားလိုက်ခင်မှာပင် သူ့မျက်လုံးများသည် ဦးခေါင်းခွံထဲမှ ထွက်ကြတော့မလိုတောင် ဖြစ်လာရသည်။
….
ကြေးနီရောင် လက်တစ်ဘက်က တစ္ဆေတစ်ကောင် ကမ္ဘာမြေပေါ်သို့ ပြန်တက်လာသကဲ့သို့ ချောက်ကမ်းပါး အစွန်းကို ဆုပ်ကိုင်လာသည်။
ထိုလက်တစ်ဘက် ပေါ်လာပြီးနောက် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ချောက်ကမ်းပါး အစွန်း၌ ရုတ်တရက် ပေါ်လာသည်။
ထိုလူက လူငယ်တစ်ယောက် ဖြစ်နေတာပါလား။ ကြေးနီရောင် အသားအရေနှင့် သူသည် ပထမနှစ် ကျောင်းသားတစ်ယောက် ဖြစ်ပုံရသည်။
ထူးဆန်းသည်က သူသည် သာမန်လူတစ်ယောက်ကဲ့သို့ မည်သည့် ချီဓာတ်ကိုမျှ ထုတ်လွှတ်နေခြင်း မရှိပေ။ သို့သော် ထိုထူးဆန်းသော ကောင်လေးကို မြင်သည်နှင့် လူအုပ်ကြီးသည် ကြောက်လန့်ကာ တုန်ယင်သွားကြသည်။
*ဟမ်*
“ဟေ့ကောင် မင်း ဘယ်သူလဲ”
အရပ်ရှည်ရှည်နှင့် လူငယ်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ယုဖေးက ထိုလူငယ်လေးကို ကြည့်နေသည့် အကြည့်ကို သူ သဘောမကျပါ။
သူမ ပုံစံက သူမ၏ စံပြပုဂ္ဂိုလ်၊ သူမ၏ နတ်ဘုရား သို့မဟုတ် သူမ အိပ်မက်ထဲက ချစ်သူကို ကြည့်သလိုမျိုး ဖြစ်နေသည်။
*ဟေ့ကောင် တဲ့လား*
သူ၏ မိတ်ဆက်စကားကြောင့် ယဲ့ဖန်သည် မျက်လုံးကို မှေးစင်း၍ ပြန်ပြောလိုက်သည်။
“တစ်ယောက်ယောက်က ငါ့ကို အဲ့ဒီလို ခေါ်တာမျိုး မကြားရတာတောင် ကြာနေပြီပဲ”
ထို့နောက် သူသည် တစ်ဘက်လှည့်ကာ ယုဖေးကို ပြုံးကြည့်၍ နှုတ်ဆက်လိုက်သည်။
“မတွေ့ရတာ‌တောင် ကြာနေပြီပဲ ယုဖေး”

ယဲ့ဖန်၏ နှုတ်ဆက်စကားကြောင့် ယုဖေး ချက်ချင်းပင် မိုးကြိုးပစ်ခံလိုက်ရသလို တွေဝေ ငေးငိုင်သွားရသည်။
*သူပါလား*
ထိုသူသည် သူမ အလွန် မုန်းတီးပြီး နာကျည်းစိတ်ကြောင့် အံကို တင်းတင်းကျိတ်ရသည်အထိ ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သူမ အလွန် လေးစားလာခဲ့ရပြီး သူ့ကို ဆုံးရှုံးသွားခဲ့ရသည့်အတွက် အလွန် နောင်တရသလို ခံစားမိသည်။
ထိုသူသည် အိပ်မရသည့် ညပေါင်းများစွာအတွင်း သူမ ငိုကြွေးတမ်းတခဲ့ရသည့်လူပင် ဖြစ်သည်။ သူမ သူ့ကို ချစ်မိသွားခဲ့သည့်အခါတွင်တော့ သူမ ဘယ်တော့မှ သူ့ကို မမေ့နိုင်တော့ချေ။
“ရှင် … ရှင် အသက်ရှင်နေသေးတယ် …”
ချက်ချင်းဆိုသလိုပင် ယုဖေး၏ မျက်လုံးများက နီရဲ စိုစွတ်လာပြီး သူမ၏ လှပသော မျက်လုံးလေးများမှနေ၍ မျက်ရည်များ စီးကျလာသည်။
“ငါ … ငါ အိပ်မက်မက်နေတာများလား။ ရှင် အသက်ရှင်နေသေးတာပဲ … ကောင်းတယ်၊ သိပ်ကောင်းတာပဲ”
ယုဖေးသည် ရှိုက်ငိုနေရင်း သူမ မျက်လုံးလေးများက စိတ်လှုပ်ရှားဟန်ကို ဖော်ပြနေသည်။ ဤသည်ကို ကြည့်ပြီး သူမဘေးမှ အရပ်ရှည်ရှည်နှင့် လူငယ်လေးက ချက်ချင်း ဒေါသမီးတို့ တောက်လောင် လာရသည်။
သူက သူမကို စာသင်နှစ်အစ ကတည်းက လိုက်လံပိုးပန်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ကျောင်းသားသစ်များအကြား သာလွန်‌သော တိုက်ပွဲဝင် ခွန်အားနှင့် ပင်ကိုယ်အစွမ်းအစတို့ ရှိသော်လည်း သူသည် ယုဖေး၏ နှစ်သက်ခြင်းကို မရရှိခဲ့ပါ။
အံ့ဩစရာကောင်းလောက်အောင်ပင် သူ၏ နတ်ဘုရားမလေးက ထိုလူငယ်လေးကို မြင်သည်နှင့် စိတ်လှုပ်ရှားကာ ငိုနေလေသည်။
ထို့ကြောင့် လူငယ်လေးသည် ဒေါသတို့ ပေါက်ကွဲထွက်မတတ် ဖြစ်လာသည်။
“ဟေ့ကောင် မင်း နားလေးနေလား”
အရပ်ရှည်ရှည်နှင့် လူငယ်လေးက ချက်ချင်း ယဲ့ဖန်ဆီသို့ ပြေးသွားကာ ကြမ်းကြုတ်သော ချီဓာတ်တို့ဖြင့် ထပ်မေးလိုက်သည်။
“မင်းက ဘာကောင်လဲ”
ဤထူးဆန်းသော လူငယ်က မည်သည့်ချီဓာတ်မှ ထုတ်လွှင့်ခြင်း မရှိသည်ကို သတိထားမိသဖြင့် ဤလူငယ်သည် သာမန်လူသာ ဖြစ်ရမည်ဟု ချက်ချင်း ကောက်ချက်ချလိုက်သည်။
သို့သော် သူ့စကားအဆုံးတွင် ယဲ့ဖန်က သူ့ကို ချက်ချင်း စိုက်ကြည့်လာသည်။
ဤလူငယ်က သူ့အား အကြည့်နှင့်ပင် သတ်နိုင်သကဲ့သို့ ခံစားမိကာ ရုတ်တရက် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထလာရသည်။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
အရပ်ရှည်ရှည်နှင့် လူငယ်လေး မှင်တက်သွားသည်။ ယဲ့ဖန် ထပ်ပြောလိုက်သည့်စကားက သူ့ကို ပို၍ ကြောက်ရွံ့သွားစေသည်။
“ငါလား”
ယဲ့ဖန်က နှုတ်ခမ်းကို တွန့်ကာ နတ်ဆိုးဆန်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ငါက မင်း လက်သီးတစ်ချက်တည်းနဲ့ ပေါက်ကွဲအောင် လုပ်နိုင်တယ်ဆိုတဲ့သူလေ”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် အရပ်ရှည်ရှည်နှင့် လူငယ်လေး ချက်ချင်း တုန်ယင်သွားရသည်။ ဘေးမှ ကျောင်းသားကျောင်းသူများသည်လည်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ယခင်တုန်းက ထိုအရပ်ရှည်ရှည်နှင့် လူငယ်လေးသည် ယဲ့ဖန်အား သူ လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်သွားအောင် လုပ်နိုင်သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ယခုအချိန်တွင် ….
*သူက … ယဲ့ဖန်လား*
ထိုနေရာရှိ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။
*ယဲ့ဖန်က သေသွားပြီလေ၊ ဘယ်လိုလုပ် သူက အသက်ရှင်နေသေးရမှာလဲ*
“မဖြစ်နိုင်ဘူး”
အရပ်ရှည်ရှည်နှင့် လူငယ်လေးက ယဲ့ဖန်၏ စကားကြောင့် ချက်ချင်း သူ့မျက်နှာက သုန်မှုန်သွားရသည်။ သူ အလွန်တရာကိုမှ မယုံကြည်သလို ဖြစ်နေသည်။ သူက ယဲ့ဖန် လိမ်နေသည်ဟု ထင်နေ၏။
“ဟေ့ကောင် မင်း သိုင်းအဆင့်က ဘယ်လောက်လဲ။ မင်းရဲ့ တကယ့် တိုက်ပွဲဝင် ခွန်အားကို ဖုံးမထားနဲ့။ မင်းရဲ့ ချီဓာတ်ကို အခုချက်ချင်း ထုတ်ဖော်လိုက်စမ်း”
ထိုအရပ်ရှည်ရှည်နှင့် လူငယ်လေး၏ စကားကြောင့် ဘေးပတ်လည်မှာ ကျောင်းသား၊ကျောင်းသူများ၏ မျက်လုံးများ တောက်ပလာကြသည်။
*ဟုတ်သားပဲ*
ယဲ့ဖန်သည် ယခင် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ပြီး ဒဏ္ဍာရီလာအဆင့်က လူကို‌တောင် လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲအောင် ထိုးနှက်နိုင်သည်ဟု သူတို့ ကြားဖူးခဲ့ကြသည်။
သို့သော် ယခုအခါတွင် သူတို့အားလုံးက ယဲ့ဖန်အား သံသယမျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။
*သိုင်းအဆင့်လား*
ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ နှာခေါင်းကို လက်ဖြင့် ပွတ်ရင်း ပြန်ဖြေလိုက်သည်။
“ဒဏ္ဍာရီတစ်ပိုင်းအဆင့်”
ပြီးခဲ့သည့် တနှစ်ခွဲလုံးလုံး ယဲ့ဖန်သည် အရိုးစုပုံစံဖြင့်သာ ရှိနေခဲ့သည်။ သူ၏ သိုင်းအဆင့်အား လုံးဝ တိုးမြှင့်အောင် မလုပ်နိုင်ခဲ့လုနီးပါး ဖြစ်ခဲ့သည်။
သို့သော် သူ၏ တိုက်ပွဲဝင်ခွန်အားသည် ယခင်ကထက် အစပေါင်းများစွာ ပို၍ သန်မာလာခဲ့သည်။ ယခင်က သူသည် အဆင့်ကွာခြားချက် ရှစ်ဆင့်ကို ကျော်၍ ဒဏ္ဍာရီလာအဆင့် ရှိသူကို သတ်နိုင်ခဲ့သည်။
ယခုအခါတွင် သူ့ခန္ဓာကိုယ်အား အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အသွေးအသားများနှင့် ပြန်တည်ဆောက်ပြီးနောက် သူ့ခွန်အားအဆင့်ကို သူကိုယ်တိုင်လည်း နားမလည်နိုင်သေးပါ။
*ဒဏ္ဍာရီတစ်ပိုင်းအဆင့်လား*
ယဲ့ဖန်၏ စကားကြောင့် အရပ်ရှည်ရှည်နှင့် လူငယ်လေး တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် အားပါးတရ အော်ရယ်လေသည်။
“ဟားဟား … လူလိမ်၊ ဒါနဲ့များ မင်းကိုယ်မင်း ယဲ့ဖန်ပါလို့ ပြောရဲသေးတယ်လား။ မင်းက ဒီအတိုင်း ဒဏ္ဍာရီတစ်ပိုင်းအဆင့်ပဲကို”
ထို့နောက် အရပ်ရှည်ရှည်နှင့် လူငယ်လေးက ရယ်မောရင်း ထပ်ပြောလိုက်သည်။
“ငါလည်း ဒဏ္ဍာရီတစ်ပိုင်းအဆင့်ပဲကွ ၊ ငါတို့က အဆင့်တူတွေပဲ။ ဒါပေမယ့် ငါ မင်းကို သဘောမကျဘူး။ ငါ မင်းကို လက်သီးတစ်ချက်တည်းနဲ့ ဖောက်ခွဲပစ်မယ်”
အရပ်ရှည်ရှည်နှင့် လူငယ်လေးက အမြဲ ယုဖေးရှေ့၌ ဟိတ်ဟန်ထုတ်ချင်နေခဲ့သည်။ သူ့ပြိုင်ဘက်က သူ့ထက် အားနည်းသည်ဆိုတာကို ယုဖေးအား သူ သက်သေပြချင်သည်။ ယုဖေးအတွက် သူသည်သာ တစ်ဦးတည်းသော သင့်တော်သူ ဖြစ်သည်။
*လက်သီးတစ်ချက်တည်းနဲ့ မင်းကို ဖောက်ခွဲပစ်မယ်*
*ဘယ်လောက်တောင် ထင်ရာစိုင်းလိုက်တဲ့ ကတိပါလိမ့်*
ကျောင်းသားတိုင်း အလွန် သွေးဆူလာကြသည်။ ထိုအရပ်ရှည်ရှည်နှင့် လူငယ်လေးသည် လုံးဝကို သူတို့၏ စံပြပုဂ္ဂိုလ် ဖြစ်သည်။
သို့သော် ယုဖေးက ထိုအရပ်ရှည်ရှည်နှင့် လူငယ်လေးအား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေသည်။
“အမှန်အတိုင်းပြောရရင် ငါ ပုရွက်ဆိတ်တွေကို သေအောင် တက်မနင်းချင်ဘူးကွ”
ယဲ့ဖန်က သက်ပြင်းချ၍ ကူကယ်ရာမဲ့သော မျက်နှာထားဖြင့် ထပ်ပြောလိုက်သည်။
“ဒါပေမယ့်လည်း တစ်ချို့ ပုရွက်ဆိတ်တွေက အမြဲ ကိုယ့်သေတွင်းကိုယ် တူးကြတယ်”
*ဘာ*
ယဲ့ဖန် စကားကြောင့် အရပ်ရှည်ရှည်နှင့် လူငယ်လေး တစ်ခဏမျှ မှင်တက်သွားသည်။ ယဲ့ဖန်က သူ့ကို စော်ကားပြောဆိုနေမှန်း သတိထားလိုက်မိသည်နှင့် သူ ချက်ချင်း ဒေါကန်သွားသည်။
*ဒီငနာကောင်က ငါ့ကို ပုရွက်ဆိတ်နဲ့ နှိုင်းပြောနေတာပဲ*
*ီးပဲ”
“ဟေ့ကောင် မင်းက သေချင်နေတာပဲ”
အရပ်ရှည်ရှည်နှင့် လူငယ်လေးက သူ၏ သံလက်သီးကို မြှောက်၍ ယဲ့ဖန်အား ကြမ်းကြုတ်စွာ ထိုးနှက်လိုက်သည်။
သူက ပုရွက်ဆိတ်လိုကောင် မဟုတ်ဘူးဆိုသည်ကို သူ သက်သေပြချင်နေသည်။
….
သူ့ခွန်အားအကုန် ထုတ်ဖော်၍ အသုံးပြုမှ ဖြစ်မည်။
ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက ဝုန်းခနဲ ပေါက်ကွဲသံကိုတောင်မှ ဖြစ်ပေါ်လာစေသည်။
ဘေးပတ်လည်မှ ကျောင်းသားတိုင်းသည် သူတို့ စံပြပုဂ္ဂိုလ်၏ ခွန်အားကို အကုန်အစင် မြင်တွေ့ရတော့မည် ဖြစ်သဖြင့် တက်ကြွလာကြသည်။
*သူက မယုံနိုင်လောက်အောင်ကို သန်မာတာပဲ*
သို့သော် ယဲ့ဖန်၏ တုံ့ပြန်မှုက ကြည့်နေသူများအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
“မင်းက ဒီလောက် သေချင်နေမှတော့ ငါကလည်း မင်းကို ငါ့လက်ချောင်းနဲ့ သတ်ပြရတာပေါ့”
ထိုသို့ပြောပြီး ယဲ့ဖန်သည် မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။ ထို့နောက် သူက ထို အရပ်ရှည်ရှည်နှင့် လူငယ်လေးထံသို့ လက်တစ်ချောင်း ဆန့်ထုတ်လိုက်သည်။

ဘေးပတ်လည်မှ လူအုပ်ကြီး တအံ့တဩဖြစ်သွားသည်။
*သူ … သူက ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကို လက်ချောင်းတစ်ချောင်းတည်းနဲ့ သတ်ချင်နေတာလား*
*သူ ရူးနေပြီ*
*သူ လုံးဝ ရူးနေပြီ*
ဘေးပတ်လည်မှ ကျောင်းသားတိုင်းက ယဲ့ဖန်၏ သနားစဖွယ် အဖြစ်ကို မြင်တွေ့ပြီးဟန်ဖြင့် ခေါင်းတခါခါနှင့် ဖြစ်နေကြသည်။
ဘုန်း!
ထိုစဉ် ယဲ့ဖန်၏ လက်ချောင်းက လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်က လူတိုင်းအား အလွန် ထိတ်လန့်သွားစေခဲ့သည်။
ရွှစ်!
အရပ်ရှည်ရှည်နှင့် လူငယ်လေး၏လက်သီးသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားနှင့် တိုက်ခိုက်ခံလိုက်ရသကဲ့သို့ တစ်လက်မချင်းစီ အက်ကွဲလာသည်။
တစ်ခဏလေးအတွင်းမှာပင် သူ၏ လက်မောင်းမှ သွေးများ ပန်းထွက်လာသည်။ သို့သော် တိုက်ပွဲကား မပြီးသေးပေ။
ထိုစဉ် ယဲ့ဖန်၏ လက်ချောင်းက လူငယ်လေး၏ ခန္ဓာကိုယ်အား ကြမ်းကြုတ်စွာ ထိုးနှက်သွားသည်။
ဝုန်း!
အရပ်ရှည်ရှည်နှင့် လူငယ်လေး တစ်ချက်ကလေးမှပင် မအော်လိုက်ရဘဲ ပေါက်ကွဲထွက်သွားကာ ကောင်းကင်၌ သွေးများ ဖြန်းပက်သလို ဖြစ်သွားရသည်။
#zawgyi
CHAPTER (301) ငါ မင္းကို ငါ့ လက္ေခ်ာင္းေလးနဲ႔ပဲ သတ္ျပမယ္
*မင္းတို႔ ဘာျဖစ္ေနၾကတာလဲ*
အျခား ေက်ာင္းသားေက်ာင္းသူမ်ား၏ မ်က္ႏွာ၌ အလြန္ အံ့အားသင့္ေနဟန္မ်ားျဖင့္ ဖုံးလႊမ္းေနသည္ကို သတိထားမိၿပီး အရပ္ရွည္ရွည္ႏွင့္ ခပ္ေခ်ာေခ်ာ ပါရမီရွင္သည္ တဒဂၤမွ် မွင္တက္သြားသည္။
ထို႔ေနာက္ သူသည္ ေခ်ာက္ကမ္းပါးစြန္းသို႔ လွမ္းၾကည့္လိုက္သည္။ သူ သတိမထားလိုက္ခင္မွာပင္ သူ႔မ်က္လုံးမ်ားသည္ ဦးေခါင္းခြံထဲမွ ထြက္ၾကေတာ့မလိုေတာင္ ျဖစ္လာရသည္။
….
ေၾကးနီေရာင္ လက္တစ္ဘက္က တေစၦတစ္ေကာင္ ကမာၻေျမေပၚသို႔ ျပန္တက္လာသကဲ့သို႔ ေခ်ာက္ကမ္းပါး အစြန္းကို ဆုပ္ကိုင္လာသည္။
ထိုလက္တစ္ဘက္ ေပၚလာၿပီးေနာက္ အနက္ေရာင္ဝတ္စုံႏွင့္ လူတစ္ေယာက္ ေခ်ာက္ကမ္းပါး အစြန္း၌ ႐ုတ္တရက္ ေပၚလာသည္။
ထိုလူက လူငယ္တစ္ေယာက္ ျဖစ္ေနတာပါလား။ ေၾကးနီေရာင္ အသားအေရႏွင့္ သူသည္ ပထမႏွစ္ ေက်ာင္းသားတစ္ေယာက္ ျဖစ္ပုံရသည္။
ထူးဆန္းသည္က သူသည္ သာမန္လူတစ္ေယာက္ကဲ့သို႔ မည္သည့္ ခ်ီဓာတ္ကိုမွ် ထုတ္လႊတ္ေနျခင္း မရွိေပ။ သို႔ေသာ္ ထိုထူးဆန္းေသာ ေကာင္ေလးကို ျမင္သည္ႏွင့္ လူအုပ္ႀကီးသည္ ေၾကာက္လန႔္ကာ တုန္ယင္သြားၾကသည္။
*ဟမ္*
“ေဟ့ေကာင္ မင္း ဘယ္သူလဲ”
အရပ္ရွည္ရွည္ႏွင့္ လူငယ္က မ်က္ေမွာင္ၾကဳတ္၍ ေမးလိုက္သည္။ ယုေဖးက ထိုလူငယ္ေလးကို ၾကည့္ေနသည့္ အၾကည့္ကို သူ သေဘာမက်ပါ။
သူမ ပုံစံက သူမ၏ စံျပပုဂၢိဳလ္၊ သူမ၏ နတ္ဘုရား သို႔မဟုတ္ သူမ အိပ္မက္ထဲက ခ်စ္သူကို ၾကည့္သလိုမ်ိဳး ျဖစ္ေနသည္။
*ေဟ့ေကာင္ တဲ့လား*
သူ၏ မိတ္ဆက္စကားေၾကာင့္ ယဲ့ဖန္သည္ မ်က္လုံးကို ေမွးစင္း၍ ျပန္ေျပာလိုက္သည္။
“တစ္ေယာက္ေယာက္က ငါ့ကို အဲ့ဒီလို ေခၚတာမ်ိဳး မၾကားရတာေတာင္ ၾကာေနၿပီပဲ”
ထို႔ေနာက္ သူသည္ တစ္ဘက္လွည့္ကာ ယုေဖးကို ၿပဳံးၾကည့္၍ ႏႈတ္ဆက္လိုက္သည္။
“မေတြ႕ရတာ‌ေတာင္ ၾကာေနၿပီပဲ ယုေဖး”

ယဲ့ဖန္၏ ႏႈတ္ဆက္စကားေၾကာင့္ ယုေဖး ခ်က္ခ်င္းပင္ မိုးႀကိဳးပစ္ခံလိုက္ရသလို ေတြေဝ ေငးငိုင္သြားရသည္။
*သူပါလား*
ထိုသူသည္ သူမ အလြန္ မုန္းတီးၿပီး နာက်ည္းစိတ္ေၾကာင့္ အံကို တင္းတင္းက်ိတ္ရသည္အထိ ျဖစ္ခဲ့ၿပီး ေနာက္ပိုင္းတြင္ သူမ အလြန္ ေလးစားလာခဲ့ရၿပီး သူ႔ကို ဆုံးရႈံးသြားခဲ့ရသည့္အတြက္ အလြန္ ေနာင္တရသလို ခံစားမိသည္။
ထိုသူသည္ အိပ္မရသည့္ ညေပါင္းမ်ားစြာအတြင္း သူမ ငိုေႂကြးတမ္းတခဲ့ရသည့္လူပင္ ျဖစ္သည္။ သူမ သူ႔ကို ခ်စ္မိသြားခဲ့သည့္အခါတြင္ေတာ့ သူမ ဘယ္ေတာ့မွ သူ႔ကို မေမ့ႏိုင္ေတာ့ေခ်။
“ရွင္ … ရွင္ အသက္ရွင္ေနေသးတယ္ …”
ခ်က္ခ်င္းဆိုသလိုပင္ ယုေဖး၏ မ်က္လုံးမ်ားက နီရဲ စိုစြတ္လာၿပီး သူမ၏ လွပေသာ မ်က္လုံးေလးမ်ားမွေန၍ မ်က္ရည္မ်ား စီးက်လာသည္။
“ငါ … ငါ အိပ္မက္မက္ေနတာမ်ားလား။ ရွင္ အသက္ရွင္ေနေသးတာပဲ … ေကာင္းတယ္၊ သိပ္ေကာင္းတာပဲ”
ယုေဖးသည္ ရႈိက္ငိုေနရင္း သူမ မ်က္လုံးေလးမ်ားက စိတ္လႈပ္ရွားဟန္ကို ေဖာ္ျပေနသည္။ ဤသည္ကို ၾကည့္ၿပီး သူမေဘးမွ အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလးက ခ်က္ခ်င္း ေဒါသမီးတို႔ ေတာက္ေလာင္ လာရသည္။
သူက သူမကို စာသင္ႏွစ္အစ ကတည္းက လိုက္လံပိုးပန္းေနခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္ သူသည္ ေက်ာင္းသားသစ္မ်ားအၾကား သာလြန္‌ေသာ တိုက္ပြဲဝင္ ခြန္အားႏွင့္ ပင္ကိုယ္အစြမ္းအစတို႔ ရွိေသာ္လည္း သူသည္ ယုေဖး၏ ႏွစ္သက္ျခင္းကို မရရွိခဲ့ပါ။
အံ့ဩစရာေကာင္းေလာက္ေအာင္ပင္ သူ၏ နတ္ဘုရားမေလးက ထိုလူငယ္ေလးကို ျမင္သည္ႏွင့္ စိတ္လႈပ္ရွားကာ ငိုေနေလသည္။
ထို႔ေၾကာင့္ လူငယ္ေလးသည္ ေဒါသတို႔ ေပါက္ကြဲထြက္မတတ္ ျဖစ္လာသည္။
“ေဟ့ေကာင္ မင္း နားေလးေနလား”
အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလးက ခ်က္ခ်င္း ယဲ့ဖန္ဆီသို႔ ေျပးသြားကာ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္တို႔ျဖင့္ ထပ္ေမးလိုက္သည္။
“မင္းက ဘာေကာင္လဲ”
ဤထူးဆန္းေသာ လူငယ္က မည္သည့္ခ်ီဓာတ္မွ ထုတ္လႊင့္ျခင္း မရွိသည္ကို သတိထားမိသျဖင့္ ဤလူငယ္သည္ သာမန္လူသာ ျဖစ္ရမည္ဟု ခ်က္ခ်င္း ေကာက္ခ်က္ခ်လိုက္သည္။
သို႔ေသာ္ သူ႔စကားအဆုံးတြင္ ယဲ့ဖန္က သူ႔ကို ခ်က္ခ်င္း စိုက္ၾကည့္လာသည္။
ဤလူငယ္က သူ႔အား အၾကည့္ႏွင့္ပင္ သတ္ႏိုင္သကဲ့သို႔ ခံစားမိကာ ႐ုတ္တရက္ တစ္ကိုယ္လုံး ၾကက္သီးတျဖန္းျဖန္း ထလာရသည္။
*ဒါ လုံးဝ မျဖစ္ႏိုင္ဘူး*
အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလး မွင္တက္သြားသည္။ ယဲ့ဖန္ ထပ္ေျပာလိုက္သည့္စကားက သူ႔ကို ပို၍ ေၾကာက္႐ြံ႕သြားေစသည္။
“ငါလား”
ယဲ့ဖန္က ႏႈတ္ခမ္းကို တြန႔္ကာ နတ္ဆိုးဆန္ေသာ အၿပဳံးျဖင့္ ျပန္ေျဖလိုက္သည္။
“ငါက မင္း လက္သီးတစ္ခ်က္တည္းနဲ႔ ေပါက္ကြဲေအာင္ လုပ္ႏိုင္တယ္ဆိုတဲ့သူေလ”
*ဘာ*
ယဲ့ဖန္၏ စကားေၾကာင့္ အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလး ခ်က္ခ်င္း တုန္ယင္သြားရသည္။ ေဘးမွ ေက်ာင္းသားေက်ာင္းသူမ်ားသည္လည္း နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
ယခင္တုန္းက ထိုအရပ္ရွည္ရွည္ႏွင့္ လူငယ္ေလးသည္ ယဲ့ဖန္အား သူ လက္သီးတစ္ခ်က္တည္းျဖင့္ ေပါက္ကြဲထြက္သြားေအာင္ လုပ္ႏိုင္သည္ဟု ယုံၾကည္ခဲ့သည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ ….
*သူက … ယဲ့ဖန္လား*
ထိုေနရာရွိ မည္သူမွ် ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္သလို ျဖစ္ေနၾကသည္။
*ယဲ့ဖန္က ေသသြားၿပီေလ၊ ဘယ္လိုလုပ္ သူက အသက္ရွင္ေနေသးရမွာလဲ*
“မျဖစ္ႏိုင္ဘူး”
အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလးက ယဲ့ဖန္၏ စကားေၾကာင့္ ခ်က္ခ်င္း သူ႔မ်က္ႏွာက သုန္မႈန္သြားရသည္။ သူ အလြန္တရာကိုမွ မယုံၾကည္သလို ျဖစ္ေနသည္။ သူက ယဲ့ဖန္ လိမ္ေနသည္ဟု ထင္ေန၏။
“ေဟ့ေကာင္ မင္း သိုင္းအဆင့္က ဘယ္ေလာက္လဲ။ မင္းရဲ႕ တကယ့္ တိုက္ပြဲဝင္ ခြန္အားကို ဖုံးမထားနဲ႔။ မင္းရဲ႕ ခ်ီဓာတ္ကို အခုခ်က္ခ်င္း ထုတ္ေဖာ္လိုက္စမ္း”
ထိုအရပ္ရွည္ရွည္ႏွင့္ လူငယ္ေလး၏ စကားေၾကာင့္ ေဘးပတ္လည္မွာ ေက်ာင္းသား၊ေက်ာင္းသူမ်ား၏ မ်က္လုံးမ်ား ေတာက္ပလာၾကသည္။
*ဟုတ္သားပဲ*
ယဲ့ဖန္သည္ ယခင္ ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္ ျဖစ္ၿပီး ဒ႑ာရီလာအဆင့္က လူကို‌ေတာင္ လက္သီးတစ္ခ်က္တည္းျဖင့္ ေပါက္ကြဲေအာင္ ထိုးႏွက္ႏိုင္သည္ဟု သူတို႔ ၾကားဖူးခဲ့ၾကသည္။
သို႔ေသာ္ ယခုအခါတြင္ သူတို႔အားလုံးက ယဲ့ဖန္အား သံသယမ်က္လုံးမ်ားျဖင့္ ဝိုင္းၾကည့္ေနၾကသည္။
*သိုင္းအဆင့္လား*
ယဲ့ဖန္က ႏႈတ္ခမ္းတြန႔္႐ုံ ၿပဳံး၍ ႏွာေခါင္းကို လက္ျဖင့္ ပြတ္ရင္း ျပန္ေျဖလိုက္သည္။
“ဒ႑ာရီတစ္ပိုင္းအဆင့္”
ၿပီးခဲ့သည့္ တစ္ႏွစ္ခြဲလုံးလုံး ယဲ့ဖန္သည္ အ႐ိုးစုပုံစံျဖင့္သာ ရွိေနခဲ့သည္။ သူ၏ သိုင္းအဆင့္အား လုံးဝ တိုးျမႇင့္ေအာင္ မလုပ္ႏိုင္ခဲ့လုနီးပါး ျဖစ္ခဲ့သည္။
သို႔ေသာ္ သူ၏ တိုက္ပြဲဝင္ခြန္အားသည္ ယခင္ကထက္ အစေပါင္းမ်ားစြာ ပို၍ သန္မာလာခဲ့သည္။ ယခင္က သူသည္ အဆင့္ကြာျခားခ်က္ ရွစ္ဆင့္ကို ေက်ာ္၍ ဒ႑ာရီလာအဆင့္ ရွိသူကို သတ္ႏိုင္ခဲ့သည္။
ယခုအခါတြင္ သူ႔ခႏၶာကိုယ္အား အ႐ြယ္ေရာက္ၿပီးသား ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား၏ အေသြးအသားမ်ားႏွင့္ ျပန္တည္ေဆာက္ၿပီးေနာက္ သူ႔ခြန္အားအဆင့္ကို သူကိုယ္တိုင္လည္း နားမလည္ႏိုင္ေသးပါ။
*ဒ႑ာရီတစ္ပိုင္းအဆင့္လား*
ယဲ့ဖန္၏ စကားေၾကာင့္ အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလး တစ္ခဏမွ် မွင္တက္သြားသည္။ ထို႔ေနာက္ အားပါးတရ ေအာ္ရယ္ေလသည္။
“ဟားဟား … လူလိမ္၊ ဒါနဲ႔မ်ား မင္းကိုယ္မင္း ယဲ့ဖန္ပါလို႔ ေျပာရဲေသးတယ္လား။ မင္းက ဒီအတိုင္း ဒ႑ာရီတစ္ပိုင္းအဆင့္ပဲကို”
ထို႔ေနာက္ အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလးက ရယ္ေမာရင္း ထပ္ေျပာလိုက္သည္။
“ငါလည္း ဒ႑ာရီတစ္ပိုင္းအဆင့္ပဲကြ ၊ ငါတို႔က အဆင့္တူေတြပဲ။ ဒါေပမယ့္ ငါ မင္းကို သေဘာမက်ဘူး။ ငါ မင္းကို လက္သီးတစ္ခ်က္တည္းနဲ႔ ေဖာက္ခြဲပစ္မယ္”
အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလးက အၿမဲ ယုေဖးေရွ႕၌ ဟိတ္ဟန္ထုတ္ခ်င္ေနခဲ့သည္။ သူ႔ၿပိဳင္ဘက္က သူ႔ထက္ အားနည္းသည္ဆိုတာကို ယုေဖးအား သူ သက္ေသျပခ်င္သည္။ ယုေဖးအတြက္ သူသည္သာ တစ္ဦးတည္းေသာ သင့္ေတာ္သူ ျဖစ္သည္။
*လက္သီးတစ္ခ်က္တည္းနဲ႔ မင္းကို ေဖာက္ခြဲပစ္မယ္*
*ဘယ္ေလာက္ေတာင္ ထင္ရာစိုင္းလိုက္တဲ့ ကတိပါလိမ့္*
ေက်ာင္းသားတိုင္း အလြန္ ေသြးဆူလာၾကသည္။ ထိုအရပ္ရွည္ရွည္ႏွင့္ လူငယ္ေလးသည္ လုံးဝကို သူတို႔၏ စံျပပုဂၢိဳလ္ ျဖစ္သည္။
သို႔ေသာ္ ယုေဖးက ထိုအရပ္ရွည္ရွည္ႏွင့္ လူငယ္ေလးအား အ႐ူးတစ္ေယာက္ကို ၾကည့္သလို ၾကည့္ေနသည္။
“အမွန္အတိုင္းေျပာရရင္ ငါ ပု႐ြက္ဆိတ္ေတြကို ေသေအာင္ တက္မနင္းခ်င္ဘူးကြ”
ယဲ့ဖန္က သက္ျပင္းခ်၍ ကူကယ္ရာမဲ့ေသာ မ်က္ႏွာထားျဖင့္ ထပ္ေျပာလိုက္သည္။
“ဒါေပမယ့္လည္း တစ္ခ်ိဳ႕ ပု႐ြက္ဆိတ္ေတြက အၿမဲ ကိုယ့္ေသတြင္းကိုယ္ တူးၾကတယ္”
*ဘာ*
ယဲ့ဖန္ စကားေၾကာင့္ အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလး တစ္ခဏမွ် မွင္တက္သြားသည္။ ယဲ့ဖန္က သူ႔ကို ေစာ္ကားေျပာဆိုေနမွန္း သတိထားလိုက္မိသည္ႏွင့္ သူ ခ်က္ခ်င္း ေဒါကန္သြားသည္။
*ဒီငနာေကာင္က ငါ့ကို ပု႐ြက္ဆိတ္နဲ႔ ႏႈိင္းေျပာေနတာပဲ*
*ီးပဲ”
“ေဟ့ေကာင္ မင္းက ေသခ်င္ေနတာပဲ”
အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလးက သူ၏ သံလက္သီးကို ေျမႇာက္၍ ယဲ့ဖန္အား ၾကမ္းၾကဳတ္စြာ ထိုးႏွက္လိုက္သည္။
သူက ပု႐ြက္ဆိတ္လိုေကာင္ မဟုတ္ဘူးဆိုသည္ကို သူ သက္ေသျပခ်င္ေနသည္။
….
သူ႔ခြန္အားအကုန္ ထုတ္ေဖာ္၍ အသုံးျပဳမွ ျဖစ္မည္။
ေၾကာက္မက္ဖြယ္ေကာင္းေသာ ခြန္အားက ဝုန္းခနဲ ေပါက္ကြဲသံကိုေတာင္မွ ျဖစ္ေပၚလာေစသည္။
ေဘးပတ္လည္မွ ေက်ာင္းသားတိုင္းသည္ သူတို႔ စံျပပုဂၢိဳလ္၏ ခြန္အားကို အကုန္အစင္ ျမင္ေတြ႕ရေတာ့မည္ ျဖစ္သျဖင့္ တက္ႂကြလာၾကသည္။
*သူက မယုံႏိုင္ေလာက္ေအာင္ကို သန္မာတာပဲ*
သို႔ေသာ္ ယဲ့ဖန္၏ တုံ႔ျပန္မႈက ၾကည့္ေနသူမ်ားအား ပါးစပ္အေဟာင္းသား ျဖစ္သြားေစသည္။
“မင္းက ဒီေလာက္ ေသခ်င္ေနမွေတာ့ ငါကလည္း မင္းကို ငါ့လက္ေခ်ာင္းနဲ႔ သတ္ျပရတာေပါ့”
ထိုသို႔ေျပာၿပီး ယဲ့ဖန္သည္ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ အၿပဳံးမ်ိဳး ၿပဳံးလိုက္သည္။ ထို႔ေနာက္ သူက ထို အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလးထံသို႔ လက္တစ္ေခ်ာင္း ဆန႔္ထုတ္လိုက္သည္။

ေဘးပတ္လည္မွ လူအုပ္ႀကီး တအံ့တဩျဖစ္သြားသည္။
*သူ … သူက ဒ႑ာရီတစ္ပိုင္းအဆင့္ကို လက္ေခ်ာင္းတစ္ေခ်ာင္းတည္းနဲ႔ သတ္ခ်င္ေနတာလား*
*သူ ႐ူးေနၿပီ*
*သူ လုံးဝ ႐ူးေနၿပီ*
ေဘးပတ္လည္မွ ေက်ာင္းသားတိုင္းက ယဲ့ဖန္၏ သနားစဖြယ္ အျဖစ္ကို ျမင္ေတြ႕ၿပီးဟန္ျဖင့္ ေခါင္းတခါခါႏွင့္ ျဖစ္ေနၾကသည္။
ဘုန္း!
ထိုစဥ္ ယဲ့ဖန္၏ လက္ေခ်ာင္းက လက္သီးႏွင့္ ထိပ္တိုက္ေတြ႕ဆုံသြားသည္။ သို႔ေသာ္ ေနာက္ထပ္ ျဖစ္ေပၚလာသည့္ အျဖစ္အပ်က္က လူတိုင္းအား အလြန္ ထိတ္လန႔္သြားေစခဲ့သည္။
႐ႊစ္!
အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလး၏လက္သီးသည္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အင္အားႏွင့္ တိုက္ခိုက္ခံလိုက္ရသကဲ့သို႔ တစ္လက္မခ်င္းစီ အက္ကြဲလာသည္။
တစ္ခဏေလးအတြင္းမွာပင္ သူ၏ လက္ေမာင္းမွ ေသြးမ်ား ပန္းထြက္လာသည္။ သို႔ေသာ္ တိုက္ပြဲကား မၿပီးေသးေပ။
ထိုစဥ္ ယဲ့ဖန္၏ လက္ေခ်ာင္းက လူငယ္ေလး၏ ခႏၶာကိုယ္အား ၾကမ္းၾကဳတ္စြာ ထိုးႏွက္သြားသည္။
ဝုန္း!
အရပ္ရွည္ရွည္ႏွင့္ လူငယ္ေလး တစ္ခ်က္ကေလးမွပင္ မေအာ္လိုက္ရဘဲ ေပါက္ကြဲထြက္သြားကာ ေကာင္းကင္၌ ေသြးမ်ား ျဖန္းပက္သလို ျဖစ္သြားရသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Onde as histórias ganham vida. Descobre agora