Chapter 285

1.3K 137 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (285) အိပ်မက်ဆိုး၏ ဘုရင်သစ်
အနောက်တိုင်းတွင် ဝိညာဉ်ငရဲဟု လူသိများသော တားမြစ်နယ်မြေ တစ်ခုရှိသည်။ ထိုမြေသည် မည့်သည့် မြက်ပင်၊ ငှက်များ သို့မဟုတ် သားရဲများ မရှိသော လွင်တီးခေါင်မြေ တစ်ခု ဖြစ်၏။
အနက်ရောင် ချီဓာတ်များက အသူတရာ ချောက်နက်တစ်ဝန်းလုံး၌ မျောလွင့်နေသည်။ လူများ အောက်သို့ ငုံ့ကြည့်လိုက်လျင် အသူတရာ ချောက်နက်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်နေသည့် တစ္ဆေမျက်လုံးနှင့် ဆင်တူနေသည်ကို တွေ့ရှိရပေလိမ့်မည်။
သို့သော် ထိုအသူတရာ ချောက်နက်၏ အောက်ခြေအဆုံး၌ အရိုးဖြူဖြူများနှင့် ပြည့်နှက်နေသည့် သင်္ချိုင်းကုန်းတစ်ခု ဖြစ်သည်ကို မည်သူမျှ မသိကြချေ။
ထို့ပြင် အရိုးများ၌ ကျန်ရှိနေသေးသော အဝတ်အစားများ၌ အမှတ်အသား သင်္ကေတများ ပါရှိနေသည်။ အကယ်၍ အနောက်တိုင်း သိုင်းပညာရှင်တစ်ယောက်သာ ထိုသင်္ကေတများကို မြင်ပါက ထိုအရိုးဖြူများသည် အနောက်တိုင်းရှိ အင်အား ကြီးမားသော အင်အားစုများ၏ ရှေးထိပ်သီးပုဂ္ဂိုလ်များ ဖြစ်သည်ကို သတိပြုမိပေလိမ့်မည်။
အလွန်များပြားသော အရိုးဖြူဖြူများနှင့် ဦးခေါင်းခွံများက တောင်တစ်လုံးကဲ့သို့ ဖြစ်တည်နေပြီး ထိုအရာကို မြင်သည့်သူတိုင်း ကြောက်လန့်ကာ တုန်လှုပ်သွားလောက်သည်။
အရိုးများနှင့် ဦးခေါင်းခွံများဖြင့် ဖြစ်တည်နေသော တောင်တစ်လုံး၏ ထိပ်၌ အနက်ရောင် ပုံရိပ်တစ်ခု ရပ်နေ၏။
တစ္ဆေနတ်ဘုရား၏ ကိုယ်ပွားက ဝိညာဉ်စား ဦးခွံ၏ ဝါးမျိုခြင်းကို ခံလိုက်ရချိန်တွင် ထိုအနက်ရောင် ပုံရိပ်က သူ့မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ့မျက်လုံးများက နေကဲ့သို့ တောက်ပနေ၏။
"ငါ့ကိုယ်ပွားကို တစ်ယောက်ယောက်က သတ်သွားပြီ … မဖြစ်နိုင်လိုက်တာ"
ထိုအနက်ရောင် ပုံရိပ်သည် အနောက်တိုင်း၌ နာမည်ဆိုးဖြင့် ကျော်ကြားသော အနောက်တိုင်း တစ္ဆေ နတ်ဘုရားဖြစ်သည်။
ထိုအချိန်တွင် သူ့မျက်လုံးထဲ၌ အလွန် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
"ထူးဆန်းတဲ့ လူအိုကြီးတစ်ချို့ ပြန်ပေါ်လာတာများလား … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ငါ့ကိုယ်ပွားက အသတ်ခံလိုက်ရရင်တောင်မှ ငါ့ကို မသေခင် အမြဲ သတင်းပို့နေကြ … ဒါပေမယ့် အခုက …"
အနောက်တိုင်း တစ္ဆေ နတ်ဘုရားသည် အလွန် ထိတ်လန့်၍ သံသယဝင်ကာ ရေရွတ်နေမိသည်။ သူ့ကိုယ်ပွား ဖျက်ဆီးခံလိုက်ရသည်။ သို့သော် သူ့ကိုယ်ပွား ဝိညာဉ်ထံမှ သူ မည်သည့် သတင်းမှ မရရှိခဲ့။
ဤသည်က သူ့ကိုယ်ပွား၏ ဝိညာဉ်က ခန္ဓာကိုယ်နှင့်အတူပျက်ဆီးသွားသည်ကို ဖော်ပြလို့နေ၏။
*မယုံနိုင်စရာပါလား*
"တစ္ဆေကလေးငယ်"
အနောက်တိုင်း တစ္ဆေနတ်ဘုရားက ဟစ်အော်ခေါ်လိုက်သည်။ စက္ကန့်ပိုင်းမျှကြာသော် တစ္ဆေအရိပ်တစ်ခု ထွက်ပေါ်လာပြီး သုညဒဿမငါးမီတာ အရပ်ရှိသော ကလေးမျက်နှာနှင့် ခပ်သေးသေး ပုံရိပ်တစ်ခုဖြစ်ပေါ်လာသည်။
"အရှင်"
တစ္ဆေ ကလေးငယ်သည် မြေကြီးပေါ် ဒူးထောင်၍ တလေးတစားနှင့် ခေါ်ဆိုလိုက်သည်။
"ငါ့ကိုယ်ပွားကို ဘယ်သူဆင့်ခေါ်ပြီး ဘယ်သူက ငါ့ကိုယ်ပွားကို ဖျက်ဆီးလိုက်တယ်ဆိုတာကို သွားစစ်ဆေးလာခဲ့"
အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ စကားဆုံးသော် တစ္ဆေ ကလေးငယ်က ချက်ချင်း ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်"
အမိန့်ကို ရပြီးသည်နှင့် တစ္ဆေကလေးငယ်သည် ရုတ်တရက် အနက်ရောင် ချီမျှင်စုများအဖြစ် ပြောင်းလဲသွားကာ ဝိညာဉ် ငရဲထဲမှ တဖြည်းဖြည်းထွက်ခွာသွားသည်။
တစ္ဆေကလေးငယ် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ မျက်လုံးက သွေးဆာသည့်အသွင်သို့ ပြောင်းလာကာ တစ်ကိုယ်တည်း ရေရွတ်နေသည်။
"အဲ့ကိုယ်ပွား ရလာဖို့ ငါ နှစ်တစ်ရာ အချိန်ယူခဲ့ရတယ် … မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး … မင်းက ငါ့ကိုယ်ပွားကို သတ်လိုက်ပြီဆိုမှတော့ ငါ မင်းကို မင်းရဲ့ စိတ်ဝိညာဉ်နဲ့အတူ သတ်ပစ်မယ် … မင်း ဘယ်တော့မှ ပြန်လည်ဝင်စားလို့ မရနိုင်စေရဘူး"
သူ၏ ခက်ထန်သော ကြုံးဝါးသံက ဝိညာဉ်ငရဲတစ်ခုလုံးကို ပြင်းစွာ တုန်ခါသွားစေသည်။

သေမင်း မြစ်ဝကျွန်းပေါ်ဒေသသည် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ကြားရှိ ရွှေတြိဂံနယ်မြေထဲမှ ဖြစ်သည်။
ထိုနေရာသည် အရှေ့တောင်အာရှရှိ အရက်စက်ဆုံးသော လူများ၏ နိဗ္ဗာန်ဘုံပင်။ ထိုနေရာအား များစွာသော အင်အားစုများက မျှဝေ၍ စံစားကြသည်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက အိပ်မက်ဆိုးဘုရင်ဟု ကျော်ကြားသော သိုင်းပညာရှင်တစ်ယောက် ပေါ်ထွက်လာခဲ့ဖူးသည်။ သူ့၌ ဩချရလောက်သည့် ခွန်အားရှိသည်။ သံမဏိလက်သီးနှင့် ထူးကဲသော သိုင်းကွက်များနှင့်အတူ သူသည် သေမင်းမြစ်ဝကျွန်းပေါ်ဒေသမှ သိုင်းပညာရှင်အားလုံးကို အနိုင်ယူ၍ သူတို့အားလုံးအား သူ၏ ကျေးကျွန်အဖြစ် ထားရှိခဲ့သည်။
နောက်ပိုင်းတွင် သူသည် သူ၏ ကြမ်းကြုတ်ရက်စက်သော လူများနှင့်အတူ အရှေ့တောင်အာရှ နိုင်ငံအားလုံးအား သုတ်သင်ရှင်းလင်းခဲ့သည်။
သူ့အား အရှင်သခင်များအားလုံးက ကိုးကွယ်ကြသည်။ သူသည် အိပ်မက်ဆိုး ဘုရင်ဖြစ်လေသည်။ သို့သော် အိပ်မက်ဆိုးဘုရင် ကျဆုံးသွားပြီးနောက် သေမင်း မြစ်ဝကျွန်းပေါ်ဒေသသည် သူ၏ မူလ ပိုင်ဆိုင်မှုများကို ဘယ်သောအခါမှ ပြန်လည်မရယူနိုင်တော့ချေ။
အိပ်မက်ဆိုး အရှင်သခင်များအားလုံးက အိပ်မက်ဆိုးဘုရင်အသစ်အား စောင့်မျှော်နေခဲ့ကြသည်။
နေ့လည်ခင်းအချိန်၌ သေမင်း မြစ်ဝကျွန်းပေါ်ဒေသရှိ တောအုပ်ထဲတွင် လူတစ်စုသည် လျင်မြန်စွာ ထွက်ပြေးနေကြသည်။
"မြန်မြန် … မြန်မြန် … မြန်မြန်လေး"
အဖွဲ့ကို ဦးဆောင်နေသော အကြီးအကဲများက လူငယ်တစ်ယောက်အား သစ်ပင်များနှင့် ချုံနွယ်များကို ဖြတ်၍ စိုးရိမ်တကြီး လိုက်ပါစောင့်ရှောက်နေသည်။
အကြီးအကဲတစ်ယောက်ချင်းစီသည် သွေးစွန်းကွက်များဖြင့် ဖြစ်နေပြီး အလွန် ကြောက်လန့်ဖွယ်ကောင်းသော တည်ရှိမှု၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသကဲ့သို့ အလွန်အမင်း ထိတ်လန့်နေကြသည်။
အကယ်၍ ယဲ့ဖန်သာ ဒီမှာ ရှိမည်ဆိုပါက ထိုသူတို့ ဦးဆောင်ကာ လိုက်ပို့နေသော လူငယ်လေးသည် လောဘအိုး ဝံပုလွေ ဖေးချမ် ဖြစ်မည်ကို သေချာပေါက် သတိပြုမိပေလိမ့်မည်။
ဖေးချမ်သည် ယခင်ကထက် ပို၍ ပိန်ပါးနေပြီး အလျှော့မပေးတတ်သော သွင်ပြင်ရှိသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဒဏ္ဍာရီအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ နဖူးအလယ်တည့်တည့်၌ အနက်ရောင် မှော်စာလုံးတစ်လုံး ရှိနေသည်။
"ဦးလေးချာခါ … ဦးလေးထူနဲ့ အခြားသူတွေကို ဘယ်လိုလုပ်မလဲ"
ဖေးချမ်က သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ သူ့စကားကြောင့် အဖွဲ့ကို ဦးဆောင်နေသည့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်ဖြစ်သူက အနည်းငယ် ဝမ်းနည်းနေသော အကြည့်ဖြင့် ပြောလိုက်သည်။
"အရှင် … ထူပေါ်နဲ့ အခြားသူတွေ အဖမ်းခံလိုက်ရပင်မယ့်လည်း သူတို့ အချိန်အတိုင်းအတာ တစ်ခုထိတော့ ဘေးကင်းပါတယ် … အဲ့ကောင်ရဲ့ ပစ်မှတ်က အရှင်ပါ … သူက အရှင့်ရဲ့ အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကွက်ကို လိုချင်နေတာပါ"
အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကွက်။ မှန်၏။ ဖေးချမ်သည် အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကွက်အား ရရှိခဲ့ပြီး သေမင်း မြစ်ဝကျွန်းပေါ်ဒေသ၏ အိပ်မက်ဆိုးဘုရင်သစ် ဖြစ်လာခဲ့သည်.
သို့သော် သူ့အား အိန္ဒိယမင်းသား ကာရိုးလ်က အငိုက်ဖမ်း တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။
"အရှင် … အိပ်မက်ဆိုး သခင်တွေဖြစ်တဲ့ ကျွန်တော်တို့က အရှင့်ကို နှစ်ရာနဲ့ချီပြီး စောင့်နေခဲ့ရတာပါ"
"အခု ကျွန်တော်တို့ အရှင့်ကို ရှာတွေ့ခဲ့ပြီ … ကျွန်တော်တို့ သေမယ်ဆိုရင်တောင်မှ အနည်းဆုံးတော့ စိတ်အေးလက်အေးနဲ့ အနားယူနိုင်ပါပြီ"
ထိုသို့ပြောပြီ ထိုဒဏ္ဍာရီလာတစ်ပိုင်းအဆင့် အဘိုးအိုသည် မျက်ရည်အနည်းငယ် စီးကျလာသည်။ သူ့စကားကို ကြားပြီး ဖေးချမ်၏ မျက်လုံးများ စိုစွတ်လာရသည်။ တောအုပ်သို့ သွားနေရာ လမ်းတစ်လျှောက်တွင် များစွာသော အိပ်မက်ဆိုး သိုင်းပညာရှင်များ သူ့အတွက်နှင့် သေဆုံးခဲ့ရသည်။
သွေးအိုင်ထဲသို့ ကျဆင်းခဲ့ရသည့် အခြားသူများကြောင့် သူ အလွန်ဒေါသထွက်စေခဲ့သည်။
ဂျုံး!
ထိုစဉ် မြေကြီးပေါ်သို့ လျှပ်စီးတစ်စင်း ပစ်ချလာသည်။
"အရှင် သတိထားပါ"
လူအိုကြီး ချာခါ ချက်ချင်း ကြောက်ရွံ့လာကာ ဖေးချမ်အား အဝေးသို့ တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လေထဲသို့ အားနှင့် ထိုးနှက်လိုက်သည်။
ဒုန်း!
ပေါက်ကွဲသံနှင့်အတူ ဦးလေး ချာခါ၏ လက်မောင်းတစ်ဘက် တစ်စစီဖြစ်သွားကာ စက္ကူကဲ့သို့ လေထဲ၌ ဆယ်မီတာခန့် လွင့်ထွက်သွားသည်။
ထို့နောက် သူသည် မြေကြီးပေါ်သို့ ပစ်လဲကျသွား၏။
"ဦးလေးချာခါ"
ဖေးချမ် အကြီးအကျယ် ထိတ်လန့်သွားကာ အလျင်အမြန် ပြေးလွှား၍ ဦးလေးချာခါအား မတ်တပ်ရပ်နိုင်ရန် ကူညီပေးလိုက်သည်။
အဘိုးအို၏ လက်မောင်းတစ်ဘက်လုံး ကြေမွသွားလေပြီ။ အလွန် ပုံပျက်ပန်းပျက်ဖြစ်နေသဖြင့် သူ့ပုံစံသည် အလွန် စိတ်ဓာတ်ကျနေပုံရသည်။
ထို့နောက် သူသည် အိန္ဒိယလူငယ်လေးတစ်ယောက်ကို သတိပြုမိသွားသည်။ ထိုသူသည် အိန္ဒိယ၏ ဆက်ခံသူ အိန္ဒိယမင်းသား ကာရိုးလ်ပင် ဖြစ်သည်။
ဖေးချမ်အား လောဘမျက်လုံးများဖြင့် ကြည့်လိုက်ပြီး မင်းသား ကာရိုးလ်က အလွန်တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ပုရွက်ဆိတ်လိုကောင် … ငါ့ကို အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကွက် ပေးစမ်း … မဟုတ်ရင် မင်း သေရမယ်"
သူ့စကားကြောင့် ဖေးချမ်နှင့် အခြားသူများအားလုံး အလွန် ဝမ်းနည်းလာကြသည်။
"မင်းသား ကာရိုးလ် … အဲ့အကြောင်းကို မေ့လိုက်ပါတော့ … ကျုပ်တို့ အိပ်မက်ဆိုးသခင်တွေက ကျုပ်တို့ အရှင်ကို အသိအမှတ်ပြုပြီးသွားပါပြီ … သူက ကျုပ်တို့ရဲ့ အိပ်မက်ဆိုးဘုရင်ပဲ"
"မင်း အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကွက်ကို ရသွားမယ်ဆိုရင်တောင်မှ သေမင်းမြစ်ဝကျွန်းပေါ်ဒေသက ဘယ်သူမဆို မင်းကို သူတို့ရဲ့ အရှင်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး"
အကြီးအကဲ ချာခါက နီမြန်းနေသော မျက်နှာနှင့် လူသိရှင်ကြား စွပ်စွဲ ရှုတ်ချလိုက်သည်။ သူ့စကားကို ကြားပြီးနောက် မင်းသားကာရိုးလ်က ရက်စက်သော အကြည့်များဖြင့် ပြောလိုက်သည်။
"အဟက် … တကယ်လား"
"မင်းက ငါ့ကို မလေးစားဘူးဆိုရင် ငါ ဒီနေရာက တစ်စုံတစ်ယောက်ကို သတ်ရလိမ့်မယ် … အကယ်၍ မင်းတို့လူ ဆယ်ယောက်က ငါ့ကို မလေးစားဘူးဆိုရင် ငါ လူဆယ်ယောက်ကို သတ်ပစ်မယ် … အကယ်၍ မင်းတို့ဘယ်သူမှ ငါ့ကို မလေးစားဘူးဆိုရင် ငါ မင်းတို့အားလုံးကို သတ်ပစ်မှာ"
မင်းသား ကာရိုးလ်သည် ကာရိုးလ်ဘုရားကျောင်းအား သိမ်းပိုက်စိုးမိုးထားပြီးသား ဖြစ်သည်။ ယခု သူသည် သေမင်းမြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် စီစဉ်ထားခဲ့ပြီ ဖြစ်သည်။
ထို့နောက် မင်းသား ကာရိုးလ်သည် ဖေးချမ်ထံသို့ လျှောက်လာသည်။ ဤမြင်ကွင်းကြောင့် အိပ်မက်ဆိုး သိုင်းပညာရှင်များက မခံမရပ်နိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
"အရှင် မြန်မြန်ပြေးပါတော့"
ထိုသို့အော်ဟစ်ပြီးနောက် သူတို့အားလုံးသည် မင်းသား ကာရိုးလ်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။ ဖေးချမ်၏ ဘေးကင်းမှုအတွက် သူတို့၏ အသက်နှင့် အလဲအလှယ် လုပ်ချင်နေကြခြင်း ဖြစ်သည်။
"သေပေတော့"
သူတို့အားလုံး အသေခံကြရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။ သို့သော် သူတို့သည် အလွန် ထင်ရှားပြတ်သားသော ခွန်အားကွာခြားမှုကို မကျော်ဖြတ်နိုင်ပါ။
မင်းသားကာရိုးလ် လက်တစ်ချက် လှုပ်လိုက်သည့်အခါတိုင်း သူသည် သိုင်းပညာရှင်တစ်ယောက်၏ အသက်ကို နုတ်ယူနိုင်ခဲ့သည်။ သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
ဖေးချမ်၏ မျက်လုံးထဲတွင် ဒေါသတရားများဖြင့် အလွန်အမင်း ပြည့်နှက်လာ၏။ ထို့နောက်တွင် သူနှင့် သူတို့အဖွဲ့သည် အိပ်မက်ဆိုး ချောက်ကမ်းပါးအစွန်းသို့ မရောက်ရောက်အောင် ဖိအားပေးခံနေရသည်ကို သတိထားမိလိုက်ကြသည်။
အလွန်သန်မားသော ရန်သူတစ်ယောက်က ရှေ့တွင်ရှိနေပြီး အနောက်တွင်လည်း ချောက်ကမ်းပါး ရှိနေသည်၊ သူတို့ တကယ့်ကို ချောင်ပိတ်မိနေပြီ ဖြစ်သည်။
စာစဉ် (19) ဤတွင် ပြီးပါပြီ။
#ZAWGYI
CHAPTER (285) အိပ္မက္ဆိုး၏ ဘုရင္သစ္
အေနာက္တိုင္းတြင္ ဝိညာဥ္ငရဲဟု လူသိမ်ားေသာ တားျမစ္နယ္ေျမ တစ္ခုရွိသည္။ ထိုေျမသည္ မည့္သည့္ ျမက္ပင္၊ ငွက္မ်ား သို႔မဟုတ္ သားရဲမ်ား မရွိေသာ လြင္တီးေခါင္ေျမ တစ္ခု ျဖစ္၏။
အနက္ေရာင္ ခ်ီဓာတ္မ်ားက အသူတရာ ေခ်ာက္နက္တစ္ဝန္းလုံး၌ ေမ်ာလြင့္ေနသည္။ လူမ်ား ေအာက္သို႔ ငုံ႔ၾကည့္လိုက္လ်င္ အသူတရာ ေခ်ာက္နက္တစ္ခုလုံးသည္ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္ကို ထုတ္လႊတ္ေနသည့္ တေစၦမ်က္လုံးႏွင့္ ဆင္တူေနသည္ကို ေတြ႕ရွိရေပလိမ့္မည္။
သို႔ေသာ္ ထိုအသူတရာ ေခ်ာက္နက္၏ ေအာက္ေျခအဆုံး၌ အ႐ိုးျဖဴျဖဴမ်ားႏွင့္ ျပည့္ႏွက္ေနသည့္ သခ်ႋဳင္းကုန္းတစ္ခု ျဖစ္သည္ကို မည္သူမွ် မသိၾကေခ်။
ထို႔ျပင္ အ႐ိုးမ်ား၌ က်န္ရွိေနေသးေသာ အဝတ္အစားမ်ား၌ အမွတ္အသား သေကၤတမ်ား ပါရွိေနသည္။ အကယ္၍ အေနာက္တိုင္း သိုင္းပညာရွင္တစ္ေယာက္သာ ထိုသေကၤတမ်ားကို ျမင္ပါက ထိုအ႐ိုးျဖဴမ်ားသည္ အေနာက္တိုင္းရွိ အင္အား ႀကီးမားေသာ အင္အားစုမ်ား၏ ေရွးထိပ္သီးပုဂၢိဳလ္မ်ား ျဖစ္သည္ကို သတိျပဳမိေပလိမ့္မည္။
အလြန္မ်ားျပားေသာ အ႐ိုးျဖဴျဖဴမ်ားႏွင့္ ဦးေခါင္းခြံမ်ားက ေတာင္တစ္လုံးကဲ့သို႔ ျဖစ္တည္ေနၿပီး ထိုအရာကို ျမင္သည့္သူတိုင္း ေၾကာက္လန႔္ကာ တုန္လႈပ္သြားေလာက္သည္။
အ႐ိုးမ်ားႏွင့္ ဦးေခါင္းခြံမ်ားျဖင့္ ျဖစ္တည္ေနေသာ ေတာင္တစ္လုံး၏ ထိပ္၌ အနက္ေရာင္ ပုံရိပ္တစ္ခု ရပ္ေန၏။
တေစၦနတ္ဘုရား၏ ကိုယ္ပြားက ဝိညာဥ္စား ဦးခြံ၏ ဝါးမ်ိဳျခင္းကို ခံလိုက္ရခ်ိန္တြင္ ထိုအနက္ေရာင္ ပုံရိပ္က သူ႔မ်က္လုံးမ်ားကို ႐ုတ္တရက္ ဖြင့္လိုက္သည္။ သူ႔မ်က္လုံးမ်ားက ေနကဲ့သို႔ ေတာက္ပေန၏။
"ငါ့ကိုယ္ပြားကို တစ္ေယာက္ေယာက္က သတ္သြားၿပီ … မျဖစ္ႏိုင္လိုက္တာ"
ထိုအနက္ေရာင္ ပုံရိပ္သည္ အေနာက္တိုင္း၌ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားေသာ အေနာက္တိုင္း တေစၦ နတ္ဘုရားျဖစ္သည္။
ထိုအခ်ိန္တြင္ သူ႔မ်က္လုံးထဲ၌ အလြန္ ထိတ္လန႔္မႈႏွင့္ မယုံၾကည္ႏိုင္မႈမ်ား ျပည့္ႏွက္ေန၏။
"ထူးဆန္းတဲ့ လူအိုႀကီးတစ္ခ်ိဳ႕ ျပန္ေပၚလာတာမ်ားလား … ဒါက ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ … ငါ့ကိုယ္ပြားက အသတ္ခံလိုက္ရရင္ေတာင္မွ ငါ့ကို မေသခင္ အၿမဲ သတင္းပို႔ေနၾက … ဒါေပမယ့္ အခုက …"
အေနာက္တိုင္း တေစၦ နတ္ဘုရားသည္ အလြန္ ထိတ္လန႔္၍ သံသယဝင္ကာ ေရ႐ြတ္ေနမိသည္။ သူ႔ကိုယ္ပြား ဖ်က္ဆီးခံလိုက္ရသည္။ သို႔ေသာ္ သူ႔ကိုယ္ပြား ဝိညာဥ္ထံမွ သူ မည္သည့္ သတင္းမွ မရရွိခဲ့။
ဤသည္က သူ႔ကိုယ္ပြား၏ ဝိညာဥ္က ခႏၶာကိုယ္ႏွင့္အတူ ပ်က္ဆီးသြားသည္ကို ေဖာ္ျပလို႔ေန၏။
*မယုံႏိုင္စရာပါလား*
"တေစၦကေလးငယ္"
အေနာက္တိုင္း တေစၦနတ္ဘုရားက ဟစ္ေအာ္ေခၚလိုက္သည္။ စကၠန႔္ပိုင္းမွ်ၾကာေသာ္ တေစၦအရိပ္တစ္ခု ထြက္ေပၚလာၿပီး သုညဒႆမငါးမီတာ အရပ္ရွိေသာ ကေလးမ်က္ႏွာႏွင့္ ခပ္ေသးေသး ပုံရိပ္တစ္ခုျဖစ္ေပၚလာသည္။
"အရွင္"
တေစၦ ကေလးငယ္သည္ ေျမႀကီးေပၚ ဒူးေထာင္၍ တေလးတစားႏွင့္ ေခၚဆိုလိုက္သည္။
"ငါ့ကိုယ္ပြားကို ဘယ္သူဆင့္ေခၚၿပီး ဘယ္သူက ငါ့ကိုယ္ပြားကို ဖ်က္ဆီးလိုက္တယ္ဆိုတာကို သြားစစ္ေဆးလာခဲ့"
အေနာက္တိုင္း တေစၦနတ္ဘုရား၏ စကားဆုံးေသာ္ တေစၦ ကေလးငယ္က ခ်က္ခ်င္း ေခါင္းညိတ္၍ ျပန္ေျပာလိုက္သည္။
"ဟုတ္ကဲ့ပါ အရွင္"
အမိန႔္ကို ရၿပီးသည္ႏွင့္ တေစၦကေလးငယ္သည္ ႐ုတ္တရက္ အနက္ေရာင္ ခ်ီမွ်င္စုမ်ားအျဖစ္ ေျပာင္းလဲသြားကာ ဝိညာဥ္ ငရဲထဲမွ တျဖည္းျဖည္းထြက္ခြာသြားသည္။
တေစၦကေလးငယ္ ထြက္ခြာသြားသည္ကို ၾကည့္ၿပီးေနာက္ အေနာက္တိုင္း တေစၦနတ္ဘုရား၏ မ်က္လုံးက ေသြးဆာသည့္အသြင္သို႔ ေျပာင္းလာကာ တစ္ကိုယ္တည္း ေရ႐ြတ္ေနသည္။
"အဲ့ကိုယ္ပြား ရလာဖို႔ ငါ ႏွစ္တစ္ရာ အခ်ိန္ယူခဲ့ရတယ္ … မင္း ဘယ္သူလဲဆိုတာ ငါ ဂ႐ုမစိုက္ဘူး … မင္းက ငါ့ကိုယ္ပြားကို သတ္လိုက္ၿပီဆိုမွေတာ့ ငါ မင္းကို မင္းရဲ႕ စိတ္ဝိညာဥ္နဲ႔အတူ သတ္ပစ္မယ္ … မင္း ဘယ္ေတာ့မွ ျပန္လည္ဝင္စားလို႔ မရႏိုင္ေစရဘူး"
သူ၏ ခက္ထန္ေသာ ႀကဳံးဝါးသံက ဝိညာဥ္ငရဲတစ္ခုလုံးကို ျပင္းစြာ တုန္ခါသြားေစသည္။

ေသမင္း ျမစ္ဝကြၽန္းေပၚေဒသသည္ ထိုင္းႏိုင္ငံ၊ ျမန္မာႏိုင္ငံႏွင့္ လာအိုႏိုင္ငံတို႔ၾကားရွိ ေ႐ႊႀတိဂံနယ္ေျမထဲမွ ျဖစ္သည္။
ထိုေနရာသည္ အေရွ႕ေတာင္အာရွရွိ အရက္စက္ဆုံးေသာ လူမ်ား၏ နိဗၺာန္ဘုံပင္။ ထိုေနရာအား မ်ားစြာေသာ အင္အားစုမ်ားက မွ်ေဝ၍ စံစားၾကသည္။
လြန္ခဲ့သည့္ ႏွစ္ရာေပါင္းမ်ားစြာက အိပ္မက္ဆိုးဘုရင္ဟု ေက်ာ္ၾကားေသာ သိုင္းပညာရွင္တစ္ေယာက္ ေပၚထြက္လာခဲ့ဖူးသည္။ သူ႔၌ ဩခ်ရေလာက္သည့္ ခြန္အားရွိသည္။ သံမဏိလက္သီးႏွင့္ ထူးကဲေသာ သိုင္းကြက္မ်ားႏွင့္အတူ သူသည္ ေသမင္းျမစ္ဝကြၽန္းေပၚေဒသမွ သိုင္းပညာရွင္အားလုံးကို အႏိုင္ယူ၍ သူတို႔အားလုံးအား သူ၏ ေက်းကြၽန္အျဖစ္ ထားရွိခဲ့သည္။
ေနာက္ပိုင္းတြင္ သူသည္ သူ၏ ၾကမ္းၾကဳတ္ရက္စက္ေသာ လူမ်ားႏွင့္အတူ အေရွ႕ေတာင္အာရွ ႏိုင္ငံအားလုံးအား သုတ္သင္ရွင္းလင္းခဲ့သည္။
သူ႔အား အရွင္သခင္မ်ားအားလုံးက ကိုးကြယ္ၾကသည္။ သူသည္ အိပ္မက္ဆိုး ဘုရင္ျဖစ္ေလသည္။ သို႔ေသာ္ အိပ္မက္ဆိုးဘုရင္ က်ဆုံးသြားၿပီးေနာက္ ေသမင္း ျမစ္ဝကြၽန္းေပၚေဒသသည္ သူ၏ မူလ ပိုင္ဆိုင္မႈမ်ားကို ဘယ္ေသာအခါမွ ျပန္လည္မရယူႏိုင္ေတာ့ေခ်။
အိပ္မက္ဆိုး အရွင္သခင္မ်ားအားလုံးက အိပ္မက္ဆိုးဘုရင္အသစ္အား ေစာင့္ေမွ်ာ္ေနခဲ့ၾကသည္။
ေန႔လည္ခင္းအခ်ိန္၌ ေသမင္း ျမစ္ဝကြၽန္းေပၚေဒသရွိ ေတာအုပ္ထဲတြင္ လူတစ္စုသည္ လ်င္ျမန္စြာ ထြက္ေျပးေနၾကသည္။
"ျမန္ျမန္ … ျမန္ျမန္ … ျမန္ျမန္ေလး"
အဖြဲ႕ကို ဦးေဆာင္ေနေသာ အႀကီးအကဲမ်ားက လူငယ္တစ္ေယာက္အား သစ္ပင္မ်ားႏွင့္ ခ်ဳံႏြယ္မ်ားကို ျဖတ္၍ စိုးရိမ္တႀကီး လိုက္ပါေစာင့္ေရွာက္ေနသည္။
အႀကီးအကဲတစ္ေယာက္ခ်င္းစီသည္ ေသြးစြန္းကြက္မ်ားျဖင့္ ျဖစ္ေနၿပီး အလြန္ ေၾကာက္လန႔္ဖြယ္ေကာင္းေသာ တည္ရွိမႈ၏ လိုက္လံဖမ္းဆီးျခင္းကို ခံေနရသကဲ့သို႔ အလြန္အမင္း ထိတ္လန႔္ေနၾကသည္။
အကယ္၍ ယဲ့ဖန္သာ ဒီမွာ ရွိမည္ဆိုပါက ထိုသူတို႔ ဦးေဆာင္ကာ လိုက္ပို႔ေနေသာ လူငယ္ေလးသည္ ေလာဘအိုး ဝံပုေလြ ေဖးခ်မ္ ျဖစ္မည္ကို ေသခ်ာေပါက္ သတိျပဳမိေပလိမ့္မည္။
ေဖးခ်မ္သည္ ယခင္ကထက္ ပို၍ ပိန္ပါးေနၿပီး အေလွ်ာ့မေပးတတ္ေသာ သြင္ျပင္ရွိသည္။ သူ၏ က်င့္ႀကံျခင္းအဆင့္သည္ ဒ႑ာရီအထြတ္အထိပ္အဆင့္သို႔ ေရာက္ရွိသြားခဲ့ၿပီ ျဖစ္သည္။
သူ၏ နဖူးအလယ္တည့္တည့္၌ အနက္ေရာင္ ေမွာ္စာလုံးတစ္လုံး ရွိေနသည္။
"ဦးေလးခ်ာခါ … ဦးေလးထူနဲ႔ အျခားသူေတြကို ဘယ္လိုလုပ္မလဲ"
ေဖးခ်မ္က သုန္မႈန္ေနေသာ မ်က္ႏွာထားျဖင့္ ေမးလိုက္သည္။ သူ႔စကားေၾကာင့္ အဖြဲ႕ကို ဦးေဆာင္ေနသည့္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ျဖစ္သူက အနည္းငယ္ ဝမ္းနည္းေနေသာ အၾကည့္ျဖင့္ ေျပာလိုက္သည္။
"အရွင္ … ထူေပၚနဲ႔ အျခားသူေတြ အဖမ္းခံလိုက္ရပင္မယ့္လည္း သူတို႔ အခ်ိန္အတိုင္းအတာ တစ္ခုထိေတာ့ ေဘးကင္းပါတယ္ … အဲ့ေကာင္ရဲ႕ ပစ္မွတ္က အရွင္ပါ … သူက အရွင့္ရဲ႕ အိပ္မက္ဆိုး လွ်ိဳ႕ဝွက္သိုင္းကြက္ကို လိုခ်င္ေနတာပါ"
အိပ္မက္ဆိုး လွ်ိဳ႕ဝွက္သိုင္းကြက္။ မွန္၏။ ေဖးခ်မ္သည္ အိပ္မက္ဆိုး လွ်ိဳ႕ဝွက္သိုင္းကြက္အား ရရွိခဲ့ၿပီး ေသမင္း ျမစ္ဝကြၽန္းေပၚေဒသ၏ အိပ္မက္ဆိုးဘုရင္သစ္ ျဖစ္လာခဲ့သည္.
သို႔ေသာ္ သူ႔အား အိႏၵိယမင္းသား ကာ႐ိုးလ္က အငိုက္ဖမ္း တိုက္ခိုက္လိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့မိပါ။
"အရွင္ … အိပ္မက္ဆိုး သခင္ေတြျဖစ္တဲ့ ကြၽန္ေတာ္တို႔က အရွင့္ကို ႏွစ္ရာနဲ႔ခ်ီၿပီး ေစာင့္ေနခဲ့ရတာပါ"
"အခု ကြၽန္ေတာ္တို႔ အရွင့္ကို ရွာေတြ႕ခဲ့ၿပီ … ကြၽန္ေတာ္တို႔ ေသမယ္ဆိုရင္ေတာင္မွ အနည္းဆုံးေတာ့ စိတ္ေအးလက္ေအးနဲ႔ အနားယူႏိုင္ပါၿပီ"
ထိုသို႔ေျပာၿပီ ထိုဒ႑ာရီလာတစ္ပိုင္းအဆင့္ အဘိုးအိုသည္ မ်က္ရည္အနည္းငယ္ စီးက်လာသည္။ သူ႔စကားကို ၾကားၿပီး ေဖးခ်မ္၏ မ်က္လုံးမ်ား စိုစြတ္လာရသည္။ ေတာအုပ္သို႔ သြားေနရာ လမ္းတစ္ေလွ်ာက္တြင္ မ်ားစြာေသာ အိပ္မက္ဆိုး သိုင္းပညာရွင္မ်ား သူ႔အတြက္ႏွင့္ ေသဆုံးခဲ့ရသည္။
ေသြးအိုင္ထဲသို႔ က်ဆင္းခဲ့ရသည့္ အျခားသူမ်ားေၾကာင့္ သူ အလြန္ေဒါသထြက္ေစခဲ့သည္။
ဂ်ဳံး!
ထိုစဥ္ ေျမႀကီးေပၚသို႔ လွ်ပ္စီးတစ္စင္း ပစ္ခ်လာသည္။
"အရွင္ သတိထားပါ"
လူအိုႀကီး ခ်ာခါ ခ်က္ခ်င္း ေၾကာက္႐ြံ႕လာကာ ေဖးခ်မ္အား အေဝးသို႔ တြန္းထုတ္လိုက္သည္။ တစ္ခ်ိန္တည္းမွာပင္ သူသည္ ေလထဲသို႔ အားႏွင့္ ထိုးႏွက္လိုက္သည္။
ဒုန္း!
ေပါက္ကြဲသံႏွင့္အတူ ဦးေလး ခ်ာခါ၏ လက္ေမာင္းတစ္ဘက္ တစ္စစီျဖစ္သြားကာ စကၠဴကဲ့သို႔ ေလထဲ၌ ဆယ္မီတာခန႔္ လြင့္ထြက္သြားသည္။
ထို႔ေနာက္ သူသည္ ေျမႀကီးေပၚသို႔ ပစ္လဲက်သြား၏။
"ဦးေလးခ်ာခါ"
ေဖးခ်မ္ အႀကီးအက်ယ္ ထိတ္လန႔္သြားကာ အလ်င္အျမန္ ေျပးလႊား၍ ဦးေလးခ်ာခါအား မတ္တပ္ရပ္ႏိုင္ရန္ ကူညီေပးလိုက္သည္။
အဘိုးအို၏ လက္ေမာင္းတစ္ဘက္လုံး ေၾကမြသြားေလၿပီ။ အလြန္ ပုံပ်က္ပန္းပ်က္ျဖစ္ေနသျဖင့္ သူ႔ပုံစံသည္ အလြန္ စိတ္ဓာတ္က်ေနပုံရသည္။
ထို႔ေနာက္ သူသည္ အိႏၵိယလူငယ္ေလးတစ္ေယာက္ကို သတိျပဳမိသြားသည္။ ထိုသူသည္ အိႏၵိယ၏ ဆက္ခံသူ အိႏၵိယမင္းသား ကာ႐ိုးလ္ပင္ ျဖစ္သည္။
ေဖးခ်မ္အား ေလာဘမ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္ၿပီး မင္းသား ကာ႐ိုးလ္က အလြန္တင္းမာေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
"ပု႐ြက္ဆိတ္လိုေကာင္ … ငါ့ကို အိပ္မက္ဆိုး လွ်ိဳ႕ဝွက္သိုင္းကြက္ ေပးစမ္း … မဟုတ္ရင္ မင္း ေသရမယ္"
သူ႔စကားေၾကာင့္ ေဖးခ်မ္ႏွင့္ အျခားသူမ်ားအားလုံး အလြန္ ဝမ္းနည္းလာၾကသည္။
"မင္းသား ကာ႐ိုးလ္ … အဲ့အေၾကာင္းကို ေမ့လိုက္ပါေတာ့ … က်ဳပ္တို႔ အိပ္မက္ဆိုးသခင္ေတြက က်ဳပ္တို႔ အရွင္ကို အသိအမွတ္ျပဳၿပီးသြားပါၿပီ … သူက က်ဳပ္တို႔ရဲ႕ အိပ္မက္ဆိုးဘုရင္ပဲ"
"မင္း အိပ္မက္ဆိုး လွ်ိဳ႕ဝွက္သိုင္းကြက္ကို ရသြားမယ္ဆိုရင္ေတာင္မွ ေသမင္းျမစ္ဝကြၽန္းေပၚေဒသက ဘယ္သူမဆို မင္းကို သူတို႔ရဲ႕ အရွင္အျဖစ္ အသိအမွတ္ျပဳမွာ မဟုတ္ဘူး"
အႀကီးအကဲ ခ်ာခါက နီျမန္းေနေသာ မ်က္ႏွာႏွင့္ လူသိရွင္ၾကား စြပ္စြဲ ရႈတ္ခ်လိုက္သည္။ သူ႔စကားကို ၾကားၿပီးေနာက္ မင္းသားကာ႐ိုးလ္က ရက္စက္ေသာ အၾကည့္မ်ားျဖင့္ ေျပာလိုက္သည္။
"အဟက္ … တကယ္လား"
"မင္းက ငါ့ကို မေလးစားဘူးဆိုရင္ ငါ ဒီေနရာက တစ္စုံတစ္ေယာက္ကို သတ္ရလိမ့္မယ္ … အကယ္၍ မင္းတို႔လူ ဆယ္ေယာက္က ငါ့ကို မေလးစားဘူးဆိုရင္ ငါ လူဆယ္ေယာက္ကို သတ္ပစ္မယ္ … အကယ္၍ မင္းတို႔ဘယ္သူမွ ငါ့ကို မေလးစားဘူးဆိုရင္ ငါ မင္းတို႔အားလုံးကို သတ္ပစ္မွာ"
မင္းသား ကာ႐ိုးလ္သည္ ကာ႐ိုးလ္ဘုရားေက်ာင္းအား သိမ္းပိုက္စိုးမိုးထားၿပီးသား ျဖစ္သည္။ ယခု သူသည္ ေသမင္းျမစ္ဝကြၽန္းေပၚေဒသတစ္ခုလုံးကို သိမ္းပိုက္ႏိုင္ရန္ စီစဥ္ထားခဲ့ၿပီ ျဖစ္သည္။
ထို႔ေနာက္ မင္းသား ကာ႐ိုးလ္သည္ ေဖးခ်မ္ထံသို႔ ေလွ်ာက္လာသည္။ ဤျမင္ကြင္းေၾကာင့္ အိပ္မက္ဆိုး သိုင္းပညာရွင္မ်ားက မခံမရပ္ႏိုင္ဟန္ျဖင့္ ေအာ္ဟစ္လိုက္သည္။
"အရွင္ ျမန္ျမန္ေျပးပါေတာ့"
ထိုသို႔ေအာ္ဟစ္ၿပီးေနာက္ သူတို႔အားလုံးသည္ မင္းသား ကာ႐ိုးလ္ထံသို႔ တစ္ဟုန္ထိုး ေျပးဝင္သြားၾကသည္။ ေဖးခ်မ္၏ ေဘးကင္းမႈအတြက္ သူတို႔၏ အသက္ႏွင့္ အလဲအလွယ္ လုပ္ခ်င္ေနၾကျခင္း ျဖစ္သည္။
"ေသေပေတာ့"
သူတို႔အားလုံး အေသခံၾကရန္ ဆုံးျဖတ္ထားၿပီးၿပီ ျဖစ္သည္။ သို႔ေသာ္ သူတို႔သည္ အလြန္ ထင္ရွားျပတ္သားေသာ ခြန္အားကြာျခားမႈကို မေက်ာ္ျဖတ္ႏိုင္ပါ။
မင္းသားကာ႐ိုးလ္ လက္တစ္ခ်က္ လႈပ္လိုက္သည့္အခါတိုင္း သူသည္ သိုင္းပညာရွင္တစ္ေယာက္၏ အသက္ကို ႏုတ္ယူႏိုင္ခဲ့သည္။ သိုင္းပညာရွင္မ်ား တစ္ေယာက္ၿပီးတစ္ေယာက္ လဲက်သြားၾကသည္။
ေဖးခ်မ္၏ မ်က္လုံးထဲတြင္ ေဒါသတရားမ်ားျဖင့္ အလြန္အမင္း ျပည့္ႏွက္လာ၏။ ထို႔ေနာက္တြင္ သူႏွင့္ သူတို႔အဖြဲ႕သည္ အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးအစြန္းသို႔ မေရာက္ေရာက္ေအာင္ ဖိအားေပးခံေနရသည္ကို သတိထားမိလိုက္ၾကသည္။
အလြန္သန္မားေသာ ရန္သူတစ္ေယာက္က ေရွ႕တြင္ရွိေနၿပီး အေနာက္တြင္လည္း ေခ်ာက္ကမ္းပါး ရွိေနသည္၊ သူတို႔ တကယ့္ကို ေခ်ာင္ပိတ္မိေနၿပီ ျဖစ္သည္။
စာစဥ္ (19) ဤတြင္ၿပီးပါၿပီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now