Chapter 202

2K 220 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (14) Chapter (202) အကြီးစား အံ့ဩဖွယ်တစ်ခု

*အရိုအသေပေးပါတယ်၊ ကျွန်တော်က မိစ္ဆာဝိညာဉ်ရိုင်းပါ*

ဝိညာဉ်ရိုင်း၏ အသံက အလွန် ရိုသေလေးစားဟန်များဖြင့် ပြည့်နှက်လို့နေသည်။

သူ့စကားကို ကြားသည်နှင့် ယဲ့ဖန်က သူ့အား ပြီတီတီအပြုံးနှင့် မေးလိုက်သည်။

"ကုန်းကျန့်ထျန်း ဘယ်မှာလဲ။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်မှာရှိလဲ"

"သခင်ကြီး ကုန်းကျန့်ထျန်းက အရှေ့အာရှမှာ တည်ရှိတဲ့ မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲရဲ့ ခေါင်းဆောင်ပါ၊ သူ့အဖွဲ့ရုံးချုပ်က တိုကျိုမြို့က ဆန်လင်း ဗိမာန်ပါ၊ သူက ဒဏ္ဍာရီအဆင့် ရောက်နေပါပြီ"

*ဒဏ္ဍာရီအဆင့်*

ယဲ့ဖန်က မျက်လုံးကို မှေးစင်း၍ ရက်စက်သော အပြုံးဖြင့် ဆက်ပြုံးလိုက်သည်။

"ရှန့်ကျန်းမြို့မှာ မဟူရာ ကြက်ခြေခတ် အဖွဲ့သားတွေ ထပ်ရှိသေးလား"

"တိုကျိုက ရုံးချုပ်အပြင် မဟူရာ ကြက်ခြေခတ်အဖွဲ့က အရှေ့အာရှမှာတင် ဂိုဏ်းခွဲလေးခု ရှိပါတယ်၊ တစ်ခုက ရှန့်ကျန့်းမြို့မှာပါ။ သခင်ကြီးက ရှန့်ကျန်းမြို့က ရုပ်သေး ဆရာသခင် ဆယ့်သုံးယောက်လုံးကို သတ်ပစ်ခဲ့ပြီးပါပြီ။ ကုန်းတွင်း ဒေသမှာ ရုပ်သေး ဆရာသခင် စုစုပေါင်း နှစ်ဆယ့်လေးယောက် ရှိပြီးတော့ မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ အတွင်းစည်း အဖွဲ့သား ခြောက်ယောက် ရှိပါသေးတယ်"

ဝိညာဉ်ရိုင်းက အလွန် လေးစားဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ရှန့်ကျန်းမြို့က ဂိုဏ်းခွဲမှာ စုစုပေါင်း ဆရာသခင်အဆင့် အယောက်သုံးဆယ် ရှိပါတယ်"

*အယောက် သုံးဆယ်*

ရရှိလာသော သတင်းကြောင့် ယဲ့ဖန် ထိတ်လန့်သွားရသည်။ ရှန့်ကျန်းမြို့တွင် ဆရာသခင်အဆင့် သည်လောက်များများ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

သို့သော် ရရှိလာသော သတင်းများအရ ရှန့်ကျန်းမြို့တွင် ဒေသခံ ဆရာသခင်အဆင့် ဆယ့်သုံးယောက် ရှိသည်ဆိုတော့ ဤသတင်းများက ဖြစ်နိုင်ချေရှိသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now